
ဒိန်ချဉ်ဟာ လူနဲ့တည့်တယ်လို့ ပြောလေ့ပြောထရှိပါတယ်။
ငယ်ငယ်တုန်းက အတွေးနဲ့ တွေးကြည့်ရင်ချဉ်နေတဲ့နို့ဟာ လူကိုဥပဒ် ပေးမှာပဲ။
ဝမ်းလျှောစေမှာပဲလို့ ထင်မိပါတယ်။ တကယ်လည်း ဒိန်ချဉ်လုပ်မယ့် နို့ဟာ
ရောဂါမရှိတဲ့ နွားရဲ့နို့ ဖြစ်သင့်ပါတယ်။ နွားရဲ့ နို့အုံမှာ အနာရှိနေ ရင်
နို့ထဲရောဂါပိုးတွေ ပါလာရင် ဒိန်ချဉ်ပျက်စီး နိုင်ပါတယ်။ လတ်ဆတ်တဲ့ နို့နဲ့လုပ်တဲ့ ဒိန်ချဉ်မှသာ အရသာကောင်းပြီး အန္တရာယ်ကင်းမှာဖြစ်ပါတယ်။
ရက်ကြာနို့ဆိုရင် မကောင်းပါဘူး။ နွားနို့ ဟာအခြား ဘက်တီးရီးယားပိုးတွေ
နည်းနိုင်သလောက် နည်းရပါမယ်။ ပဋိဇီဝဆေး တွေလည်း ကင်းစင်ရ မှာ ဖြစ်ပါတယ်။ ဓာတုပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်း (Preservative) ကင်းမှသာ ဒိန်ချဉ်လုပ်လို့ ရပါတယ်။
ဒီဘက်တီးရီးယားတွေဟာ ပါးစပ်၊ အူလမ်းကြောင်း တစ်လျှောက်နဲ့
မိန်းမကိုယ်တွင်းပိုင်း နေရာမျိုးကို စောင့်ရှောက်ပေး ပါတယ်။ ခန္ဓာကိုယ်ရဲ့
သွေးကြောထဲကို ဖောက်ဝင်လေ့ မရှိဘဲ အပြင်ကနေ စောင့်ရှောက်ပေးတာ ကို ပရိုဘိုင်အိုတစ် (Probiotic)
လို့ခေါ်ပါ တယ်။ ပြင်ပကနေ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ
ဝင်လာရင် လက်တိုထရိုင်ဆဲလပ် (Lactotricillus) နဲ့ တဆေး (yeast)
အုပ်စုတို့က ခုခံကာကွယ် တွန်းလှန်ပေး ပါတယ်။ ဒါကြောင့် သူတို့ကို အကျိုးပြု ဘက်တီးရီးယားလို့ ခေါ်ပါတယ်။
ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့ ရောဂါဖြစ်စေတဲ့ ဗက်တီး ရီးယား တွေကို
တိုက်ဖျက်ဖို့ ပေးတဲ့အခါ ဒီပဋိဇီဝဆေး ကိုပေး လိုက်တဲ့အခါ အကျိုးပြုတဲ့
ဗက်တီး ရီးယား တွေပါ ဆုံးရှုံးသွား တတ်ပါတယ်။ ဒိန်ချဉ်ကို သောက်လိုက်ရင် ပရိုဘိုင်အို တစ် တွေအမြဲဖြည့်ပေးလို့ ပြင်ပရောဂါတွေ မ၀င်အောင် ကာကွယ်ပေးတယ်။ (ဥပမာ ။ ၀မ်းလျှော ၀မ်းပျက်ရောဂါ)
ဒိန်ချဉ်ရဲ့ ချဉ်ရခြင်းအကြောင်းအရာင်းက နို့ထဲမှာပါတဲ့
Lactose လို့ခေါ်တဲ့ သကြားဓါတ်ကို လက်တိုဘက်စီလပ် (Lactose bacillus)
လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ လက်တိုအင်ဇိုင်း (Lactose
enzyme) တွေကနေ လက်တစ်အက်စစ် (Lactic Acid) အဖြစ်ပြောင်းလိုက်လို့ ချဉ်သွား
တာ ဖြစ်ပါတယ်။ အက်စီတစ်အက်စစ်၊ အက်စီတိုင်ဒီဟိုက်ဒြိုတ် နဲ့
ဒိုင်အက်စီတိုင် တွေလည်း ထုတ်ပေးတဲ့ အတွက် ချဉ်သွားရတာဖြစ်ပါတယ်။
ချဉ်ဖန်နှုန်း (pH) အားဖြင့် (၄)လောက်ပဲ ရှိပါတယ်။ ဒါတွေ အားလုံးဟာ
ကျန်းမာရေးကို အထောက်အကူပြု တဲ့ပစ္စည်းတွေဖြစ်လို့ စားသုံးလို့ရတာ
ဖြစ်ပါတယ်။ လက်တို ဘက်စီးလပ်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။

ဒီလက်တိုဘက်စီးလပ်
ပိုးတွေဟာစားလိုက်တဲ့အစာကိုချေဖျက်ပေးတဲ့အတွက် အစာကြေ လွယ်ပြီး အူနံရံတွေက
လွယ်ကူစွာစုပ်ယူ နိုင်လို့ အဟာရဓာတ် ပြည့်ပြည့်၀၀ရရှိနိုင်ပါတယ်။ အချို့
နို့သောက်ရင် ၀မ်းပျက်တတ်တဲ့ ရောဂါ တစ်မျိုးရျိပါတယ်။ အဲဒါကို Lactose
intolerence လို့ ခေါ်ပါတယ်။ နို့မှာပါတဲ့ လက်တို သကြားဓာတ်ကို အူကအချေ
ဖျက်နိုင်လို့ နို့်သောက်တိုင်း ၀မ်းလျှော ၀မ်းပျက်ရပါတယ်။
ဒိန်ချဉ်မှာပါတဲ့ လက်တိုစီးလပ် တွေဟာ Lactase လို့ခေါ်တဲ့ အင်ဇိုင်းကို
လုံလောက်စွာ ထုတ်ပေးတဲ့အတွက် ဒိန်ချဉ်သောက်ပြီး နွားနို့ကိုသောက်ရင်
ဝမ်းမပျက်တော့ဘူး။
၎င်းအပြင် ဒိန်ချဉ်ဟာ ပြင်ပက
ရောဂါဖြစ်စေနိုင်တဲ့ တိုက်ဖွိုက်ပိုးတွေ၊ ၀မ်းကိုက်ရောဂါပိုးတွေ၊
ဝမ်းလျှောစေတဲ့ အီကိုလိုင်း ပိုးတွေကို ဟန့်တားနိုင်စွမ်းရှိတယ်။
အသည်းနဲ့ သရက်ရွက်ကို ရောက်ရင် ခုခံ အားစနစ်ဖြစ်သော သွေးဖြူ ဥတွေ၊
အထူးသဖြင့် ရောဂါပိုးကို တိုက်ခိုက်သတ်ဖြတ်ပေးမယ့် ဆဲလ်တွေ၊ ဗိုင်းရပ်စ်
မ၀င်လာအောင် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Interferon လို့ ဓာတ်ပစ္စည်းတွေကို
ထွက်စေ နိုင်ပါတယ်။ ဒိန်ချဉ်ဟာ ကိုလက်စထရော ကိုလည်း ကျစေပါတယ်။ အထူးသဖြင့် LDL နဲ့ Triglyceride ကို ကျစေပါ တယ်။ သွေးပေါင်းချိန် ကိုလည်းကျစေနိုင်လို့ သွေးတိုးရောဂါရှိ သူများလည်း အကျိုးရှိ ပါတယ်။
၎င်းအပြင်အစားအစာနဲ့ ဓာတ်မတည့်သူများ ကိုလည်း သက်သာစေပါတယ်။ ပန်းနာရင်ကြပ်၊ နမိုးနီးယား အဆုပ်ရောင်ရောဂါ၊ ထိပ်ခတ်နာများကိုလည်း သက်သာစေ ပါတယ် ။ နှင်းခူ ရောဂါကိုလည်း သက်သာစေပါတယ်။ အူမကြီးကင်ဆာ ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးများ၊ သွားများ ကြံ့ခိုင်အောင် အရိုးပွရောဂါ၊ သွားပိုးစားခြင်းများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခံတွင်းအနံ့ဆိုးများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ၀က်ခြံပျောက်ကင်း စေပါတယ်။ အသက် ရှည် စေပါတယ်။
အထက်ပါ အကြောင်းအရာများကို ထောက်ရှုခြင်းဖြင့် ဒိန်ချဉ်ဟာ အလွန်ဆေးဖက်ဝင်သော အစာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
နေ့စဉ် စားသုံးသင့်သော အစာဖြစ်ပါတယ်။ အရွယ်အားဖြင့် အသက် (၂)နှစ်မှ
အသက်ကြီးသည့်တိုင် စားသုံးနိုင်ပါတယ်။ ဒိန်ချဉ်ထဲမှာ ပရိုဘိုအိုတစ်
တွေများများပါတဲ့အတွက် လူကို အကျိုးပြုစေတဲ့ အစာဖြစ်လို့ “သက်စောင့်ဆေး” လို့
ပြောလို့ရပါတယ်။ ဘုရားသခင် ဖန်ဆင်းထားသမျှ သည် စားဖွယ်ကောင်းပြီး
ရောဂါနှင့် ကင်းစင်တဲ့အတွက် ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးကြပါစို့။
ဒေါက်တာ သန်းသန်းမှန်
No comments:
Post a Comment