ခေါင်းဆောင်မှု
စွမ်းရည်အကြောင်း ပြောတဲ့အခါမှာ ပညာရှင်တွေ အသီးသီး ကခေါင်းဆောင် ဆိုသူတွေရဲ့
ထူးခြားတဲ့ အကျင့်စရိုက်လက္ခဏာတွေကို အမျိုးမျိုးထုတ်ဖော်ခဲ့ကြပါတယ်။
သူတို့တွေရဲ့အရပ်အမောင်း၊ ဥပဓိရုပ်က အစ အိုင်ကျူ (IQ) တွေ၊ အီးကျူ (EQ) တွေ၊
အက်စ်ကျူ (SQ) တွေအထိ စဉ်းစားခဲ့ကြပါတယ်။
ဦးဆောင်နိုင်ခြင်း၊
အနစ်နာခံခြင်း၊ ပါးနပ်လိမ္မာခြင်း၊ စည်းရုံးရေးကောင်းခြင်း၊ သည်းခံနိုင်ခြင်း၊
ဇွဲလုံ့လရှိခြင်း ၊ နိုးကြားထက် သန်ခြင်း၊ ဥာဏ်ပညာကြီးခြင်း၊
စီမံခန့်ခွဲနိုင်ခြင်း၊ စိတ်ကူးစိတ် သန်းကောင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊
ပြဿနာဖြေရှင်းနိုင်ခြင်း စသဖြင့် အများကြီးပါပဲ။
ခေါင်းဆောင်တိုင်းမှာ
ဒီအရည်အသွေးတွေ ရှိဖို့ လိုအပ်ပေမယ့် ဒီအရည် အသွေးတွေရှိတာ နဲ့ခေါင်းဆောင်
ဖြစ်ရောလားဆိုရင်တော့အင်း.. စဉ်းစား စရာပါပဲ။ ခေါင်းဆောင်မှုစွမ်းရည် လက္ခဏာတွေကို
အမျိုးမျိုးဖွင့် ဆိုကြပေမယ့် ဒါတွေအားလုံးပြည့်စုံနေတဲ့ခေါင်းဆောင်ရယ်လို့
မရှိနိုင်ပါဘူး။
တချို့အရည်အသွေးတွေ
မရှိပေမယ့်လည်းခေါင်းဆောင်အဖြစ် ကြာရှည်စွာ ရပ်တည်နေကြသူတွေ ရှိပါ တယ်။ နောက်ပြီး
ခေါင်းဆောင်မှု အရည်အသွေးခေါ်တဲ့ အရာတွေကို တစ်ခုချင်းဆီ လိုက်ကြည့်မယ်ဆိုရင်
လည်း
ခေါင်းဆောင် မဟုတ်တဲ့ လူအတော်များများမှာရှိနေတာကို သွားတွေ့နိုင်ပါတယ်။
ဥပမာ..
ဥာဏ်ရည်ထက်မြက်မှုဆိုပါစို့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဥာဏ်ရည်ထက်မြက်
သူတွေနေရာ တိုင်းမှာတွေ့နိုင်ပါတယ်။ ပညာအရည် အချင်းမြင့်မားတယ်၊ အဆင့်ကောင်းတယ်၊
အမှတ်များတယ်။ ဒါပေမယ့် သူတို့တွေအားလုံးထဲမှ ခေါင်းဆောင်နေရာကိုရောက်လာကြသူဟာ လက်
ချိုးရေလို့ရပါတယ်။ ခေါင်းဆောင်တိုင်းဟာလူမှုဆက်ဆံရေးနယ်ပယ်မှာကျွမ်းကျင်လိမ္မာရမယ်၊
ပါးနပ်ရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့်
လူမှုဆက်ဆံရေးရော၊ ပါးနပ်လိမ္မာ မှုရောရှိတဲ့ အရောင်းကိုယ်စားလှယ်တွေကို
တွေ့ဖူးပါတယ်။ သူတို့တွေ ကခေါင်းဆောင်မှုကိုတော့ မလုပ်နိုင်ကြတာကို
တွေ့ရပါတယ်။ဒီလိုပါပဲ။ သည်းခံတတ် တဲ့ သူတွေအများကြီးရှိတယ်၊ အနစ်နာခံလုပ်နေ
တဲ့ပရဟိတသမားတွေရှိတယ်၊
ရိုးသားဖြောင့်မတ်တဲ့သူတွေလည်း
တစ်ပုံကြီးပါပဲ။ စီမံခန့်ခွဲမှုကောင်းတဲ့မန်နေဂျာကြီးတွေလည်း အများ အပြား ပါပဲ။
လူတော်တော်များများမှာ ခေါင်းဆောင်မှု အရည်အသွေးလို့ ပြောတဲ့ အရာတွေရှိနေကြတာ ကို
တွေ့ရပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ခေါင်းဆောင်တွေပေါ်ပေါက်လာဖို့ခဲယဉ်းနေတာလဲ။ ဘာများ
ကွာခြားနေလို့ပါလဲ။
ခေါင်းဆောင်တွေရဲ့
လက္ခဏာနဲ့ ဦးဆောင်မှု ဟန်ပန် (Leadership Style) တွေကိုအကဲခတ်တဲ့ နည်းတွေ ဟာ”ဘာလို့
ခေါင်းဆောင်ဖြစ် လာကြသလဲ”ဆိုတဲ့မေးခွန်းကိုမဖြေနိုင်ဘဲရှိပါတယ် ။ ခေါင်းဆောင်ဆို
တာ မွေးရာပါမဟုတ်ဘူး၊ လေ့ကျင့်ယူလို့ရတယ်လို့ဆိုကြပါတယ်။
“ကျွန်တော်
ခေါင်းဆောင်တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်း ကတော့ သိပ်ကိုလေး
နက်တဲ့အဖြေတွေကိုအလိုရှိနေပါတယ်။ မေးကြည့်ပါမယ်။ “ကျွန်တော်တို့
ခေါင်းဆောင်ဖြစ်အောင် ဘယ် လိုလေ့ကျင့် ယူကြမလဲ”။ လူတစ်ယောက်ကို
စကားပြောကောင်းသူတစ်ယောက်ဖြစ်အောင်၊ စီမံခန့်ခွဲ မှုကောင်းအောင် လေ့ကျင့်ပေးဖို့
ဘာမှမခဲယဉ်းနိုင်ပါ။
ဒါပေမယ့်ခေါင်းဆောင်ဖြစ်အောင်
လေ့ကျင့်ပေးပါဆိုရင်တော့ ခဲယဉ်းသွား ပြီဖြစ်ပါတယ်။ ဘာတွေလုပ်မလဲ။ ဘာတွေသင်ယူမလဲ။
ဘာတွေကိုလေ့ကျင့်ယူမလဲ။ ဘယ်ခေါင်းဆောင်ရဲ့ဘယ်အစိတ်အပိုင်း ကိုပုံတူကူး ယူမလဲ။ တိတိ
ကျကျ ပြောရန်ခက်ပါတယ်။
ခေါင်းဆောင်တွေရဲ့
အသွင်အပြင်၊ အမူအယာနဲ့ လက္ခဏာတွေ ကို အတုယူ အကဲခတ်နိုင်ပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့ဟာအပေါ်ယံအပြုအမူ၊ အပြောအဆိုနဲ့ဦးဆောင်မှု ပုံစံတွေကိုလေ့လာနေရုံ
နဲ့မပြီးနိုင်သေးပါ။ ဥပမာ -ရေခဲတောင်တစ်ခုကို
ရေပေါ်မှာပေါ်နေတဲ့အစိတ်အပိုင်းကိုကြည့် ပြီးရေအောင်မြုပ်နေ တဲ့ အစိတ်
အပိုင်းပမာဏကို ဆက်စပ်မှန်းဆနိုင် ပါ့မလား။
ဒီလိုပါပဲ
ခေါင်းဆောင်ဖြစ်လာ သူတွေရဲ့ လက္ခဏာတွေ၊ ပြုမှု လှုပ်ရှားမှု ပုံစံတွေထက်
မမြင်နိုင်တဲ့အတွင်း ပိုင်းက ခေါင်းဆောင်တွေရဲ့ အနှစ်သာရတွေကို
မြင်အောင်ရှာဖွေပြီး ပျိုးထောင်ယူမှသာခေါင်းဆောင်ဖြစ် ပါလိမ့်မယ်။
ခေါင်းဆောင်ဖြစ်လာစေတဲ့
မမြင်နိုင်တဲ့ အနှစ်သာရတွေထဲက ပထမဆုံး အရာတစ်ခုကတော့ စိတ်ကူး အိပ်မက် ပဲဖြစ်ပါတယ်။
တကယ်တော့ခေါင်းဆောင်မှုရဲ့ အနှစ်သာရကတော့ စိတ်ကူးအိပ်မက်များ ကို
ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ အနာဂတ်ကိုကြိုတင်
ပုံဖော်ပြီးမျှော်မှန်းခြင်းဖြစ်ပါတယ်။
ဒီကိစ္စကသာမာန်သူတွေနဲ့
ခေါင်းဆောင်တွေကွာခြားသွားတဲ့ အနှစ်သာရတစ်ခုပါပဲ။ ခေါင်းဆောင်မှု အရည်
အသွေးတွေရှိပါလျက်နဲ့ ခေါင်းဆောင်တစ်ဦး ထွက်ပေါ် လာဖို့ ခဲယဉ်းခြင်းဟာစိတ်ကူး
အိပ်မက်ပုံဖော်နိုင်ခြင်း နဲ့လည်းဆိုင်ပါတယ်။ အရည်အသွေးတွေ
အစုံရှိပြီးခေါင်းဆောင်ဖြစ်မလာတာ ဒီအရည်အသွေးတွေကိုတခြား မှာအသုံးချလို့ဖြစ်ပါတယ်။
ခေါင်းဆောင်ဆို ပြီးဖြစ်လာတဲ့သူတွေ ကတော့ဒီအရည်အသွေးတွေအားလုံးကို စိတ်ကူးအိပ်
မက်ဖော်ဆောင်ရေး မှာအသုံးချလို့ပါပဲ။
ခေါင်းဆောင်
ဆိုတဲ့သူရဲ့ခေါင်းထဲမှာပီပြင်တဲ့ အနာဂတ်မြင်ကွင်းကြီး တစ်ခု ရှိပါတယ်။ ဒါကို
သူတို့ ပြတ်ပြတ် ထင်ထင်မြင်တွေ့နေကြတယ်။ ဒါဟာသူတို့ အကောင်အထည်ဖော်မယ့်
အိပ်မက်ကြီး တစ်ခုပါပဲ ။ ခေါင်းဆောင် ဆိုတဲ့ သူတွေဟာ သူတို့ မြင်တဲ့ ဒီအိပ်မက်ကို
အခြားသူတွေဆီကို ကူးစက်ပေးနိုင် စွမ်းရှိပါ တယ်။ သူကူးစက်ပေးလိုက်တဲ့သူတွေကို
အိပ်မက် အမှန်တကယ်ဖြစ် လာအောင် အကောင် အထည်ဖော်ပေးကြ မယ့် နောက်လိုက်ကောင်းတွေ
အဖြစ်လွမ်းမိုးနိုင်ပါတယ်။
ဒါဟာ
ခေါင်းဆောင်ဖြစ်လာစေတဲ့ အချက်ပါပဲ။ အနှစ်သာရတစ်ခုပါပဲ။ ခေါင်းဆောင်လုပ်
မယ့်သူတွေမှာ အိပ်မက်တွေရှိရပါလိမ့်မယ်။
ထိထိရောက်ရောက်ခေါင်းဆောင်မှုပေးနိုင်တဲ့ခေါင်းဆောင်တွေဟာ သူတို့ ဘာကိုရယူချင်တယ်၊
သူတို့ ဘယ်ကိုသွားချင်တယ်ဆိုတာ တိတိ ကျကျမြင်နိုင်တဲ့သူတွေပါပဲ။
အနာဂတ်အိပ်မက် (Dream)
ကို လှမ်းမြင်နိုင်ခြင်း (Vision) ဟာ ခေါင်းဆောင်တိုင်းအတွက်မရှိမဖြစ်တဲ့ အနှစ်
သာရတစ်ခုပါပဲ။ အိပ်မက်မရှိရင်ပန်းတိုင် (Goal) ဆိုတာလည်းဖြစ် မလာနိုင်ပါ။
သွားရောက်မယ့် ပန်းတိုင်မရှိရင်ဘယ်သူ့ကိုမှ ဦးဆောင်သွားနိုင် မှာမဟုတ်ပါဘူး။
ကျွန်တော်လေ့လာဖူးတဲ့
ခေါင်းဆောင် အတော်တော်များများ ဟာ အိပ်မက်တွေကို အကြီးအကျယ်မက်ပြီး လူအများကို
ကူးစက်စေကာ ဒီအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင်ဖော်ဆောင်ကြတဲ့သူတွေ ပဲဖြစ်ပါတယ်။
ခေါင်းဆောင်မှု စွမ်းရည်ဆိုတဲ့အရည်အသွေးတွေကို သူတို့ ဟာ အဲ့ဒီလိုနေရာတွေမှာ
မှန်ကန် စွာအသုံးချကြတာဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ ခေါင်းထဲမှာရှိနေတဲ့
(ဒါမှမဟုတ်) အာရုံထဲ မှာ ပုံပေါ်နေတဲ့အနာဂတ်မြင်ကွင်း အိပ်မက်ကို တခြားလူအများဆီ
ကူးစက်စေ တာဟာ တကယ်မလွယ်တဲ့ကိစ္စတစ်ခုပါပဲ။ စိတ်ထဲမှာ ဖြစ်ပေါ်နေ တဲ့အိပ် မက် ဆန္ဒကို
တခြားလူအများဆီကို ဆက်သွယ်ကူးလူးစေတာ မလွယ်ကူတဲ့ အရာတစ်ခုပါပဲ။
ဒီမလွယ်ကူတဲ့အရာကို
ရအောင်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းပေါ်မှာမူတည်ပြီး ခေါင်းဆောင်ဖြစ်ခြင်း၊
မဖြစ်ခြင်းတွေ ကွာခြား သွားတာလို့ ကျွန်တော်ဆိုချင်ပါတယ်။ အိပ်မက်ဆိုတဲ့
အနာဂတ်ပုံရိပ် ဟာကြိုးစား အားထုတ်မှုတိုင်းရဲ့ တွန်း အားတွေဖြစ်လာစေပါတယ်။
ပြဿနာတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ အားတွေလည်းဖြစ်လာစေပါတယ်။ အဖွဲ့အစည်း
ရဲ့ ပန်းတိုင်ကိုလှမ်းမြင်နေ ရပြီဆိုရင် စိတ်အားထက်သန် မှုတွေ
အများကြီးရလာနိုင်ပါတယ်။
တိကျတဲ့ အနာဂတ်
အိပ်မက်ရှိခြင်းဟာ ခေါင်းဆောင်လုပ် သူကိုတက်ကြွစေပါ တယ်။ ခေါင်းဆောင် ရဲ့တက်ကြွ
တဲ့ ဦးဆောင်ချက်တွေဟာလည်းနောက် လိုက်တွေကိုကူးစက်လာစေပါတယ်။ ခေါင်းဆောင်
လုပ်သူရဲ့စိတ်ကူး အိပ်မက်ဟာလည်းနောက်လိုက်တွေကို ကူးစက်လာ စေပါတယ်။
ဒီလိုနောက်လိုက်နဲ့
ခေါင်းဆောင်ဆက်သွယ်မှု ရပြီဆိုရင်အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်
လာမှာပါပဲ။ အိပ်မက်မရှိ တဲ့ခေါင်းဆောင်းဟာပန်းတိုင်မရှိတဲ့ အဖွဲ့အစည်း ကို ဖြစ်စေ
ပါတယ်။
အဖွဲ့အစည်းဘယ်ကိုဦးတည်နေမှန်းမသိတဲ့ သူနောက် ကိုတော့ဘယ်သူကမှ
ထက်ထက်သန်သန်လိုက် ပါလာကြမှာ မဟုတ်ပါဘူး။ မရှိတဲ့အိပ်မက်ကို
ဘယ်လိုမှအကောင်ထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်မက် မရှိဘဲ နောက်လိုက်များကို
ဘယ်အရာနဲ့ ကူးစက်စေမှာလဲ။
ဒီလိုမှာ
မကူးစက်နိုင်ရင် နောက်လိုက်တွေကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။ နောက်
လိုက်တွေကို မလွှမ်း မိုးနိုင်ရင် ဘယ်သူမှ လိုက်မှာ မဟုတ်ပါဘူး။ ဘယ်သူ မှ
နောက်ကမလိုက်ရင်တော့ဘယ်တော့ မှ ခေါင်းဆောင် လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ခေါင်းဆောင်
လုပ်သူဟာ စိတ်ကူးအိပ်မက်တွေရှိရမယ်။ ကိုယ့်စိတ် ကူးအိပ်မက်တွေကိုအများရဲ့
စိတ်ကူးအိပ်မက်တွေဖြစ်လာစေအောင် ကူးလူးဆက်သွယ်ပေးရမယ်။ စိတ်ကူးအိပ်မက်ကို အကောင်
အထည်ဖော်မယ့် နည်းလမ်းတွေကိုလည်း သိရမယ်။ အဲဒီ အိပ်မက်တွေကို တိကျတဲ့
ပန်းတိုင်ဖြစ် လာအောင် အသွင်ပြောင်းပြီး အများနဲ့ညီညွတ်စွာလုပ်ဆောင်နိုင်ဖို့
တိုက်တွန်းလှုံ့ဆော်နိုင်ရပါမယ်။ အိပ်မက်ပန်းတိုင်ကို ချမှတ်ပြီးအများနဲ့အတူ
အဲဒီအိပ်မက် ဆီကိုရောက်အောင် ဦးစီးပြီးဖ်ာဆောင်ရ မှာခေါင်းဆောင်တိုင်းရဲ့
အဓိကအလုပ်ပါပဲ။
အိပ်မက်ရှိခြင်းက
ခေါင်းဆောင်ဖြစ်လာစေတာလား၊ ခေါင်းဆောင် ဖြစ်သူကအိပ်မက်ကိုဖော်ဆောင်တာလား။ ဘယ်လိုပဲဖြစ်နေပါစေ
ခေါင်းဆောင်မှန် ရင်တော့ အိပ်မက်ရှိကို ရှိနေရပါလိမ့်မယ်။ ဒါဟာ သိပ်ကို အရေးကြီး
ပါတယ်။ ဘာကြောင့်အရေးကြီးသလဲဆိုရင် အိပ်မက်ပန်းတိုင်ပျောက်သွားတာ နဲ့ခေါင်းဆောင်မှု
အစွမ်း သတ်္တိတွေ ပျောက်သွားမှာ ဖြစ်လို့ပါပဲ။ အိပ်မက်ပျောက်လို့အဖွဲ့ပြိုကွဲပြီး ခေါင်းဆောင်နေရာကကျသွား
သူတွေကို ကျွန်တော် လက်တွေ့မြင်ခဲ့ဖူးလို့ပါပဲ။
သူတို့မှာခေါင်းဆောင်မှု
စွမ်းရည်ဆိုတာတွေ အထိုက်အလျောက် တော့ ရှိနေ ပြီးသားပါ။ ဒီစွမ်းရည်တွေဟာ အိပ်မက်ကို
ဖော်ဆောင်နေမှ အဓိပ္ပါယ်ရှိမှာပါ။ ဒီစွမ်းရည်တွေနဲ့ အိပ်မက်ကိုမှန်ကန်အောင်
လုပ်ဆောင်နေမှ အဓိပ္ပါယ် ရှိမှာပါ။ ဒီအချက်ဟာခေါင်းဆောင်တိုင်းကို အကြီးကျယ်
ဆုံးလှုံ့ဆော် တိုက် တွန်းနေတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ
ခေါင်းဆောင်ကောင်းတွေဖြစ် လာစေဖို့အတွက်အကြီးကျယ်ဆုံး အနှစ်သာရ ကြီး
တစ်ခုပဲဖြစ်ပါတယ်။
Let’s Fly Together!
No comments:
Post a Comment