မိမိ။
။ ဒေါ်လေးကြည် ... ဒေါ်လေးကြည် မိ
ဒေါ်လေးကြည့်ကိုပြောစရာရှိတယ်၊ နားထောင်ပြီး စိတ်သိပ်မဆိုးနဲ့နော်။
ဒေါ်လေးကြည်။
။ ဘာကိစ္စလည်း မိမိရဲ့ ပြောကြည့်လေ။
မိမိ။
။ မိလေ ခုဏကဟိုဖက်လမ်းမှာ ဒေါ်လေးကြည်ယောက်ျား ဦးမှတ်ကို ကောင်မလေးတစ်ယောက်နောက်
လိုက်နေတာ တွေ့ခဲ့တယ်။
ဒေါ်လေးကြည်။
။ အော် ဒါလား အရေးကြီးတဲ့ကိစ္စမှမဟုတ်တာပဲ မိမိရယ် သူက
အသက်၆၀ကျော်နေပြီလေ............... ဘယ်သူလိုချင်မှာလည်း မိမိ စဉ်းစားကြည့်လေ
ခွေးလည်း ကားမြင်ရင်လိုက်တတ်သေးတာပဲ လိုက်လို့မှီသွားတော့ကော အဲ့ကားကို
သူမောင်းနိုင်လိမ့်မယ်လို့ မိမိ ထင်လို့လား။
![]() |
လူနာ ။ ။
ဒေါက်တာ ဒေါက်တာလွန်ခဲတဲ့တစ်နှစ်လောက်က ပြောခဲ့တယ်လေ ကျွန်တော့်ရောဂါက
စိုစွတ်တဲ့အရာတွေကိုရှောင်ရမယ် ဆိုတာလေ မှတ်မိသေးလား။
ဒေါက်တာ။
။ မှတ်မိတယ်လေ ဘာများထပ်သိချင်တာရှိသေးလို့လည်း။
လူနာ
။ ။ အဲ့တာ ကျွန်တော်
တစ်ခုလောက်မေးပါရစေ ကျွန်တော်
ဒီနေ့ကစပြီး ရေစချိုးလို့ရပြီလား ဒေါက်တာ။
ပါပုလေး
။ ။ မေမေတို့ မိန်းမတွေက
ဘာလို့ဗိုက်ကြီးတာ ခုချက်ခြင်းကြီးခုချင်ခြင်းမမွေးပဲ အကြာကြီးပြီးမှ ကလေးလေးတွေ
မွေးရလည်း မသိဘူးနော်။
မီးမီးလေး
။ ။ နင်ကလည်း ဒါလေးတောင်မသိဘူးလား၊
မွေးပေးတဲ့ဆရာဝန်တွေ အဲ့တာမှအနားရတာလေ မဟုတ်ရင် ကလေးမွေးပေးတာနဲ့တင်
ပင်ပန်းလို့သေမှာ။

မောင်ငယ်တစ်ယောက် ဘဲဥ၀ယ်တာမှာပြီး ဆားဘဲဥတွေဝယ်မိသွားတယ် အိမ်ရောက်တော့ပြုတ်စားကြည့်ရာမှာ ငန်တူးနေတာကို စားမိတယ် ဒီတော့ သူ့အစ်ကိုမောင်ကြီးကိုမေးတယ်
မောင်ငယ်။
။ ဖွီးးးးးး ဘာလို့ဒီဘဲဥတွေ ငန်တူးနေတာလည်း။
မောင်ကြီး။
။ ရှူး တိုးတိုးပြောစမ်းပါ မင်းကလည်း ဒါလေးတောင်မသိဘူးလို့ လူကြားလို့တောင်
မကောင်းဘူး၊ ဒီဘဲဥက ပင်လယ်နဲ့နီးတဲ့ ဒေသကဘဲ ဥတဲ့ဥဖြစ်နေလို့ပေါ့ကွ။
No comments:
Post a Comment