၁။ ဘဝခရီးအပြေးပြိုင်ပွဲသည် လေ့ကျင့်ခန်း သင်တန်းဆင်းလျက် ခွန်းအားဗလ တည်ဆောက်နေ သောသူအတွက် ဝမ်းမြောက်ခြင်း ဇစ်မြစ်ဖြစ်သည်။ ခွန်အားကြီးသော သူသည် အပြေးပြိုင်ပွဲ အတွက် စိန်ခေါ်ခြင်းကို သဘောကျလျက်ရှိ၏။ (ဆာလံ ၁၉း ၅) သင်တန်အစီအစဉ် များကို စနစ်တကျ လိုက်နာသော ခရစ်ယာန်အသက်တာသည် ပျော်ရွင်စရာကောင်းပါ၏။
၂။ နှုတ်ကပတ်တော်ကို စွဲမြဲစွာ လေ့လာခြင်း အားဖြင့်
အပြေးပြိုင်ပွဲ၌ ခံနိုင်ရည်ရှိရှိ ပြေးနိုင်သည်။ သစ္စာရှိရှိ ဖတ်ရှုလေ့လာခြင်းသည်
ဥာဏ်ပညာ ပွင့်လင်းစေသည်။( ဆာလံ ၁၁၉း ၃၂) နှုတ်ကပတ်တော်ကို လက်တွေ့ အသုံးချရာ၌ အထောက်အကူပြုသည်။
၃။ ချော်လဲမသွားရလေအောင် မိမိပြေးရာလမ်းကြောင်းပေါ်၌
ရှိရမည်။ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းကိုလည်းလိုက်နာရမည်။ ( သုတ္တံ ၄း ၁၂)
၎။ ခံနိုင်ရည် ရှိဖို့ တစ်ခုတည်းသောလမ်းသည် ယုံကြည်ခြင်း
တည်ဆောက်ရန်ပင် ဖြစ်ပေသည်။ (ဟေရှာ ၄၀း ၃၁ )
“စောင့်“ ဟု အဓိပ္ပါယ်ရသော ဟေရှာ
၄၀း ၃၁ လာ wait ဟူသော အင်္ဂလိပ်
စကားလုံးသည် ဟေဗြဲစကားလုံးအားဖြင့် ꓪqawah သော စကားလုံးဖြစ်သည်။ ကျွုန်ုပ်တို့ ၏ ခွန်အားနှင့် ကိုယ်တော်၏ခွန်အား အလဲအလှယ် ပြုနိုင်ရေး အတွက် amen ခေါ် မှီခိုအားထားသော ယုံကြည်ခြင်း ꓐꓮ ꓗbatach ခေါ် လုံးပန်းနေသော ယုံကြည်ခြင်း chasah ခေါ် ခိုလှုံနေသော ယုံကြည်ခြင်း နှင့် yachal ခေါ် အနာရောဂါ ငြိမ်းစေနိုင်သော ယုံကြည်ခြင်း ရှိရန်လိုအပ်ပေသည်။
စကားလုံးသည် ဟေဗြဲစကားလုံးအားဖြင့် ꓪqawah သော စကားလုံးဖြစ်သည်။ ကျွုန်ုပ်တို့ ၏ ခွန်အားနှင့် ကိုယ်တော်၏ခွန်အား အလဲအလှယ် ပြုနိုင်ရေး အတွက် amen ခေါ် မှီခိုအားထားသော ယုံကြည်ခြင်း ꓐꓮ ꓗbatach ခေါ် လုံးပန်းနေသော ယုံကြည်ခြင်း chasah ခေါ် ခိုလှုံနေသော ယုံကြည်ခြင်း နှင့် yachal ခေါ် အနာရောဂါ ငြိမ်းစေနိုင်သော ယုံကြည်ခြင်း ရှိရန်လိုအပ်ပေသည်။
၅။သေးငယ်သော အရာ၌ လက်မြှောက်ကာ
အရှုံးခံခြင်းသည် ခွန်အားအမြန် တည်ဆောက်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ ကို
ပြောပြလျက်ရှိ၏။ ထိုသို့ မပြုပါက ကြီးမားသော အရာ၌လည်း ဆက်လက်အရှုံးပေါ်ပါလိမ့်မည်။(
ယေ ၁၂း ၅)
၆။ မနာခံမှုသည် ကျွန်ုပ်တို့ ၏
အပြေးပြိုင်ပွဲလမ်းကြောင်း ပေါ်၌ အဟန့် အတားဖြစ်သည်။ ( ဂ ၅း ၇ )
၇။ အပြေးပြိုင်ပွဲ၏
ရည်မှန်းချက်သည် အနိုင်ရရှိရေးပင်ဖြစ်သည်။ ( ကော ၉း ၂၄ ) ကျွန်ုပ်တို့ မည်သူ့ ကို
မှ ယှဉ်ပြိုင်ခြင်းမဟုတ်ပါ။ မိမိကိုယ်မိမိ ယှဉ်ပြိုင်နေကြသည်။
မိမိအပြေးပြိုင်ပွဲကို မိမိတာဝန်ယူရလိမ့်မည်။ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော
ဘုရားသခင်က ကျွန်ုပ်တို့ အား ဘဝခရီးအပြေးပြိုင်ပွဲကို ကိုယ်စီသင့်တော်အောင်
စီမံပေးတော်မူ၏။ အနိုင်ရရှိရေးအတွက်လည်း လိုအပ်သော အရာဟူသမျှကို
ထောက်ပံ့ပေးတော်မူ၏။
မှုတော်မြတ်၌........ အတား(မိုးကုတ်လီဆူလေး)
No comments:
Post a Comment