ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Thursday, June 30, 2016

ကြိုဆိုခြင်း။

သုံးစားမရတဲ့ ဝါဒဂိုဏ်းဂနအစွဲတွေကိုစွန့် ပြီး
တို့ အားလုံး
နူတ်ကပါတ်တော်ရေနှင့်ဆေးကြောမျှောလိုက်ကြပါစို့ 
ပါတ်ဝန်းကျင်မှတ်တမ်းမှာ ဒေါ်လာနှင့်မသမာ
တပည့် (ပြည့်) တော်နှင့် တပည့် (ပဲ့) တော်
ပဲ့ပဲ့ရွဲ့ ရွဲ့ ဂုဏ်ဒြပ်အတုတွေနှင့် စာတန်လှည့်ကွက်ထဲ
အသာတကြည်လိုက်ပါကြသူများ
 ရောရောင်ကာပါသွားကြသူများ
အသံတွေအသံတွေဆူညံနေသော်လည်း
ဒီအကြောင်းစဉ်းစားကာတွေးပူ
ကြာကြာနေနားတွေထူပြီး
အရှင့်ခေါ်သံပင် အချိုမကြားနိုင်တော့ပေဘူး
ဒါ့ကြောင့်ဒါတွေကိုဘေးဖယ်
ဒါငါတို့ ယုံကြည်သူလမ်းစဉ်မဟုတ်ပါဘူး၊
ငတ်မွတ်ခေါင်းပါးခြင်းတွေ
သဘာဝဘေးဒါဏ်တွေအကြား
ကမ္ဘာကကျွတ်ကျွတ်ညံ
ဆူသံပူသံတွေဖြစ်နေသလား
ခင်များနှင့်ကျွန်တော်အကြားမှာ
ယုံကြည်ခြင်းအသစ်တွေမွေးဖွား
အဂ္ဂါပေမေတ္တာသံစဉ်လေးတွေဖြင့်
ထာဝရဖန်ဆင်းရှင်ခရစ်ကို
လှစ်ဟရင်ဖွင့်ကြိုဆိုကြပါစို့ ။ ။ 

                                                           Samuel Soe Lwin

No comments:

Post a Comment