
ဂုဏ်သိက္ခာဟုဆိုလိုက်တာနဲ့ ငွေရှိတဲ့သူ၊ အာဏာရှိသူ ပညာရှိသူ များကိုသာတွဲမြင်လေ့ရှိပါတယ်။
ပိုက်ဆံမရှိတဲ့ ပညာမဲ့တဲ့ သာမန်လူတန်းစားတွေကိုတော့ ဂုဏ်သိက္ခာမဲ့တဲ့ လူတွေလို့ သတ်မှတ်ကြပါတယ်
ဒီသဘောတရားဟာ၊
ဒီလောကကြီးအတွင်းကို သဘာဝကျကျ စီးဆင်းနေတယ်။
ဒါပေမယ့် ....
ဒီသဘောတရားကို အသေအချာစဉ်းစားကြည့်ပါက လွဲမှားနေတယ်ဆိုတာကို မြင်ရပါလိမ့်မည်။
ဥပမာအားဖြင့်.....
ဂျူးလူပေါင်းများစွာကို သတ်ခဲ့တဲ့ အာဏာရှင် ဟစ်တလာကို အသက်ရှင်စဉ်က (အာဏာရှိစဉ်က) ဂုဏ်သိက္ခာကြီးမားသူ
ဟု သတ်မှတ်ကြပေမယ့် သမိုင်းထဲမှာ သူ့ကိုဂုဏ်သိက္ခာ ကြီးသူဟု ဘယ်သူက သတ်မှတ်ပါသလဲ။
တောင်အာဖရိကနိုင်ငံက နက်ဆင်မင်ဒဲလားဟာ လူမည်းထောင်ကျတစ်ယောက်ဖြစ်ပေမယ့် ယနေ့ကမ္ဘာမှာ ငြိမ်းချမ်းရေးနှင့်
အမှန်တရားအတွက် ဂုဏ်သိက္ခာရှိသော လူသားအနေဖြင့် ရပ်တည်နေတယ်။
ဒီတော့.....
တကယ့်စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ အမှန်တရားကို ချစ်မြတ်နိုးခြင်းနှင့် အများအကျိုးကို ဆောင်ရွက်ခြင်းပါပဲ။
အောင်မြင်ချင်တဲ့သူဟာ၊ ဂုဏ်သိက္ခာရှိအောင်နေရတယ်
No comments:
Post a Comment