၁သက် ၅း ၁၆- ၁၈ ၊ မ ၇း ၇ - ၁၁ ၊ မ ၂၆း ၃၆ -၄၅
ဆုတောင်းခြင်းသည် ယုံကြည်သူများ ၏ (လိုအပ်ချက်) ထောက်ပို့ လမ်းကြောင်းဖြစ်သည်။ သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ ကို စကားပြောတော်မူ၏။ ဆုတောင်းခြင်း အားဖြင့် ကျွနု်ပ်တို့ ကတုံ့ ပြန်လေ့ရှိ၏။ နှုတ်တော်ထွက်စကား ( သမ္မာကျမ်း) အားဖြင့် လမ်းညွန်မှုနှင့် အားပေးနှစ်သိမ့်ခြင်းခံစားရသည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ ၏ ကျေးဇူးတင်စကားနှင့် တောင်းဆိုချက်များ ကို ကိုယ်တော်က လက်ခံနားညောင်းတော်မူ၏။
ဤအတိုင်းနည်းလမ်းနှစ်မျိုးဖြင့် ဘုရားသခင် နှင့် အဆက်အသွယ်မလုပ်မချင်း ကျွန်ုပ်တို့ ၏ ဘုရားသခင် နှင့် ဆက်ဆံရေးသည် အောင်မြင်သင့်သလောက်
အောင်မြင်လိမ့်မည်မဟုတ်ပါ။
အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။
မခြားမလပ် ဆုတောင်းပထနာပြုကြလော။ အရာရာ၌
ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမှာ
သင်တို့ သည် ထိုသို
့ကျင့်စေခြင်းငှါ ယေရှုခရစ်၌
ဘုရားသခင် အလိုတော်ရှိ၏။ ( ၁သက် ၅း ၁၆- ၁၈)
မခြားမလပ် ဆုတောင်းပထနာ ပြုလော့ ဟုဆိုရာ၌ မရပ်မနား ၂၄ နာရီ ဆုတောင်းခိုင်းခြင်းမဟုတ်ပါ။ ချောင်းခြောက်ဆိုးသကဲ့သို့  ( မကြာခဏ) တောင်းရန်ဖြစ်သည်။ ဆောင်းတွင်းမှာ ချောင်းဆိုးရောဂါ ခံစားဖူးသူတိုင်း အချိန်မရွေး ချောင်းဆိုးလေ့ ဆိုးထရှိကြောင်းသိကြပါလိမ့်မည်။
ရင်းနှီးသော သူငယ်ချင်းနှင့် စကားပြောသလို တစ်နေကုန် ဘုရားသခင်ထံဆုတောင်းသင့်သည်။ အတူတကွ
အလုပ်လုပ်နေကြပြီး၊ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ကြသော ရင်းနှီးသည့်သူငယ်ချင်း နှစ်ယောက်တို့ သည် မနက်ပိုင်းမှ စ၍ တနေကုန် စကားစမြည်း ပြောလျက် နေနိုင်ကြသည်။ ဆက်တိုက်ပြောနေကြသည် ဟု မဆိုလိုပါ။စကားမပြောဘဲ မျက်စိဖြင့်သာ အချင်းချင်းကြည့်နေကြသော အချိန်လည်းရှိသည်။ ပြောဆိုဆွေးနွေးသော အကြောင်းအရာများသည် နိုင်ငံရေး ။ အသက်တာနှင့် စားဝတ်နေရေးအကြောင်း၊ အလှအပအကြောင်းစသည့် ရာပေါင်းများစွာသော အကြောင်းအမျိုးမျိုး
ပါဝင်ပါလိမ့်မည်။
ဘုရားသခင်သည် ရှိသမျှ အပေါင်းအသင်းထဲမှာ အကောင်းဆုံး သော သူငယ်ချင်းဖြစ်ကြောင်း သဘောပေါက်သောအခါ၊ အထက်ပါ အရသာအတိုင်း ဆုတောင်းတတ်သော အသက်တာရှိလာ၏။ အသက်တာတွင် ဆုတောင်းရာ၌ အပြောအပ်သော အရာတစ်ခုမျှမရှိကြောင်း သဘောပေါက် လာပါတော့သည်။
နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုခြင်းအားဖြင့်၊ ဘုရားသခင်ကို ကြာကြာ နားထောင်အာရုံပြုလေလေ၊ ကိုယ်တော်၏ အကျင့်စရိုက်တော်ကို၊ ပိုမိုသိရှိလာ လေလေဖြစ်ပြီး၊ စရိုက်တော်ပိုမို သိရှိလာလေလေ ကျေးဇူးမတင်နိုင်၍ ဝမ်းမမြောက်ရမည့် အချက်တစ်ခုမှ မရှိကြောင်း ပိုမိုသဘောပေါက်လေလေ ဖြစ်သည်။
လူ့ လောကတွင် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံမှု အဆင်ပြေရေးအတွက်၊ စကားအားဖြင့် ဆက်သွယ်ခြင်းသည် အဓိကသော့ချက်ဖြစ်သည်။ အခြားသူများနှင့် စကားစမြည်းတုံ့ ပြန်ပြောဆိုရာတွင် မည်သူမျှ စိတ်ထဲရှိသမျှနှင့် ခံစားချက်များ အမှန်အတိုင်း ဖေါ်ပြပြောဆိုတတ်သူရှိမည်မဟုတ်။ အလားတူစွာ အ
ခြားသူများ၏ အတွေးနှင့် ခံစားချက်ကိုလည်းစုံလင်စွာ နားလည်နိုင်သောသူ ကျေးဇူးတင်သင့်သလောက် တင်တတ်သောသူရှိမည်မဟုတ်။
ထို့ ကြောင့်လူ့ လောကတွင် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရာ၌ မပြည့်စုံမှုနှင့် စိတ်ပျက်စရာများ ကြုံတွေ့ တတ်ကြပေ သည်။
ဝိညာဉ်လောကတွင်မူ ပြောဆိုသူနှင့် နားညောင်းသူ အကြား၌ ရှင်းလင်းပြည့်စုံသော ဆက်ဆံမှုရှိရန် အလားအလာကောင်းသည်။ အကြောင်းမှာ ဘုရားသခင်က ကျွန်ုပ်တို့ ထံပြောဆိုသော စကားသည် ပြည့်စုံ၏။ ဝိညာဉ်တော်၏ မှုတ်သွင်းခြင်း အားဖြင့် (နှုတ်ကပတ်တော်သည်) ကျွန်ုပ်တို့ ၏ လိုအပ်ချက်ပုံစံအ တိုင်း
ရေးသားထားလျက်ရှိသည်။ဖတ်ရှုလေ့လာသောအခါ၌လည်း ဝိညာဉ်တော်သည် ကျွန်ုပ်တို့ ၏ စိတ်မျက်စိကို အလင်းပေးလျက်၊ ထိုနေ့ ရက်က ထိုကျမ်းချက်အားဖြင့် ဘုရားပြောသော စကားကို နားလည်သဘော ပေါက်တတ်ကြသည်။
ဆုတောင်းသော အခါ ဝိညာဉ်တော်သည် ကျွုန်ုပ်တို့ ကိုယ်စား ခမည်းတော်ကို တောင်းလျှောက်တော်မူလျက် မပြောတတ် မဆိုတတ်သော အရာများတိုင်အောင် ဖေါ်ပြလေ့ရှိ၏။ (ရောမ ၈း ၂၆) ကျမ်းပိုဒ်များကို နှလုံးသားမှာ သိုထားနိုင်သည်ရှိသော် ဝိညာဉ်တော်သည် လိုအပ်သော အချိန်၌ လိုအပ်သော ကျမ်း
ချက်ကို သတိရစေတော် မူလေ့ရှိသည်။
ခရစ်ယာန်အသက်တာသည် သေချာသော စည်းစနစ် ဖြင့်ဖွဲ့ စည်းထားသော အသက်တာဖြစ်သည်။ ဝိညာဉ်တော်ကို
အားကိုးအားထား ပြုနေသမျှ ထိုနည်းစနစ်သည် ကျွန်ုပ်တို့ ကို ဆုံးရှုံးမှုမပေးနိုင်ချေ။
ဆုတောင်းပထနာပြုခြင်းသည် စိတ်ဝိညာဉ်အတွက် အားကစားရုံဖြစ်သည် ဟု ပြောရိုးစမတ်ပြုကြသည်။ လေးရာစုခေတ်က အသင်းတော်ကြီး Augustine ပြောဖူးသည်မှာ အရာခပ်သိမ်းဘုရားသခင်၌ တည်မှီသကဲ့သို့  ဆုတောင်းပါ။ အရာခပ်သိမ်းသင့်အပေါ် တည်မှီသကဲ့သို့ အလုပ်လုပ်ပါ။ ဟူ၍ဖြစ်သည်။ ဆိုလို
ဆိုလိုသည်မှာ ( မဿဲ ၇း ) ၌ ကိုယ်တော်၏ သွန်သင်ချက်ကို အချုပ်အားဖြင့် ပြောခြင်းဖြစ်သည်။
ကိုယ်တော်က အမိန့် သုံးမျိုးနှင့် ကတိသုံးချက်ပေးတော်မူ၏။၎င်းတို့ မှာ ကျွန်ုပ်တို့ တောင်းလျှောက်လျှင် ဘုရားကအဖြေပေးမည်။ရှာလျှင် တွေ့ မည်၊ ခေါက်လျှင်ဖွင့်မည် ဟူသော အချက်များဖြစ်သည်။ ဘုရားသခင်သည် ဆုတောင်းချက်ကို အဖြေပေးလိုသော ဘုရားဖြစ်သည်။၎င်းကို ယေရှုက သာဓက တစ်ခုယူလျက် သွန်သင်တော်မူခဲ့သည်။ ဆာလောင်မွတ်သိမ့်နေသော ကလေးသည် ဖခင်ကို အစာတောင်း၏။ ဖခင်သည် လူဆိုးဖြစ်သောလည်း ဆိုးသောဖခင်ထံမှ ကောင်းသော လက်ဆောင်ထွက်လာ၏။ အဘယ့်ကြောင့်နည်း။ ဖခင်သည် ရင်သွေးကို ချစ်သည်။ ချစ်ခြင်းမေတ္တာ သည် လူဆိုးထံက ပင်လျှင် ကောင်းသောအရာထွက်လာစေနိုင်သည်။
ယခုစဉ်းစားကြည့်ပါ။ ဘုရားသခင်သည် ကောင်းခြင်းဖြင့် ပြည့်တော်မူသော ဘုရားဖြစ်သည်။ ဖြောင့်မတ်သော မှန်ကန်သော အရာရာ၌ အလွန်ကောင်းမွန်သော ဘုရားသခင်သည် အကောင်းဆုံးသော အရာကို ပေးမည်ဟု အဘယ့်ကြောင့် မထင်ကြပါသနည်း။ကျွန်ုပ်တို့ ရင်သွေးများအပေါ်မှာ ကောင်းသလောက် ဘုရားသခင်သည် ကျွန်ုပ်တို့ ကို ဂရုစိုက်မည်။ ကျေးဇူးပြုမည်ဟု အဘယ့်ကြောင့် မထင်ရဲကြပါသနည်း။
ဆုတောင်းခြင်းနှင့် ပတ်သက်၍ ယေရှုပြုတော်မူသော ကတိတော်သုံးပါးသည် ဖြစ်လျှင်” ဟူသော အခြေအနေပေါ်မှာ မူတည်သည့် ကတိတော်များဖြစ်ကြသည်။ ကိုယ်တော်ကိုယ်တိုင် ပေးတော်မူသော အမိန့် တော်ကို နာခံမှုရှိမရှိ အပေါ်မှာ မူတည်သည့် ကတိတော်များဖြစ်ကြသည်။
(၁)
၁။တောင်းလော့။ တောင်းလျှောက်ခြင်းသည် စိတ်ဝိညာဉ်၏ အလိုဆန္ဒကို ဖော်ပြခြင်းဖြစ်သည်။ ( ဖိ ၄း ၆- ၇) ကိုဖတ်ပါ။ တစ်ခါတစ်ရံ ဘုရားသခင်ကို တောင်းလျှောက်သောအရာများ၏ အမည်နာမ များ ဖွင့်ပြောခြင်းသည် လွယ်ကူသလောက် ခက်ခဲသော အခါလည်းရှိသည်။( ခက်ခဲသော အချိန်များ) ပြောစရာ မသိသော အချိန်များတွင် ဝိညာဉ်တော်ဘုရားသည် ရှေ့ သို့ ထွက်လာပြီး ကိုယ်စား အဆက်အသွယ် ပြုတတ်သည်။ ( ရော ၈း ၂၆) သူသည်ကျွန်ုပ်တို့ ၏လိုအပ်ချက်များကို သိတော်မူ၏။ ပြုသင့်ပြုထိုက်သော တောင်းဆိုချက်ကို လည်း သိတော်မူ၏။
Ask ခေါ် “ တောင်း” ဟူသော စကားသည် သဒ္ဒါအရ ပစ္စုပ္ပန်ကာလဖြစ်လျက် ဆက်လက်ပြုလုပ်နေသော အရာကို ရည်ညွန်းသည်။ ၎င်းက ဆိုလိုသည်မှာကျွန်ုပ်တို့ သည် ဇွဲနပဲရှိရှိဆက်တိုက် တောင်းလျှာက်ရန် ဖြစ်ကြောင်းထင်ရှားသည်။ သို့ သော် ဘုရားသခင်က အဖြေပေးသောအခါ ကျွန်ုပ်တို့ နားထောင်ပါမည်လော့။ တောင်းလျှောက်သည်ဆိုသည်မှာ အဖြေလိုချင်သောကြောင့်ဖြစ်သည်။ အဖြေကို တကယ်လိုချင်လျှင် ကျမ်စာဖတ်ရမည်။ တောင်းလျှောက်သောအရာနှင့် နှုတ်ကပတ်တော်မှ တစ်ဆင့် ဘုရားသခင် စကားပြောလာမည့် အချက်နှစ်ခုဆက်စပ်မှုကို ကျွန်ုပ်တို့  အစဉ်နားထောင်အပ်သည်။
၂။ ရှာလော့။ ရှာခြင်းသည် တောင်းလျှောက်ခြင်းနောက် က လိုက်လာသော အရာဖြစ်သည်။ တစ်ကြိမ်တောင်းလျှောက်ပြီးသော အခါ အဖြေလိုက်ရှာတတ် ကြသည်။ ဘုရားသခင် သည် ဆုတောင်းအဖြေပေး ဝါသနာ ပါကြောင်း ရှာလျှင် တွေ့ မည်ဖြစ်ကြောင်း ယေရှုခရစ်တော်ကိုယ်တိုင် ကတိပေးတော်မူသည်ဖြစ် ၍ယုံကြည်စိတ်ချမှုရှိရမည်။ ဘုရားသခင်ကို တစ်ခုခု တောင်းလျှောက်သောအခါ အဖြေရဖို့ ၍ယုံကြည်စိတ်ချမှုရှိရမည်။ ဘုရားသခင်ကို တစ်ခုခု တောင်းလျှောက် သောအခါ အဖြေရဖို့  ဝိညာဉ်ရေးရာ ဆန္ဒပြင်းပြရပေမည်။ တစ်ခါတစ်လေ ဆုတောင်းပြီးမှ အခြေအနေပိုဆိုးလာတတ်သည်။
ဖြစ်နိုင်မည့်အလားအလာ မရှိဖြစ်လာသည်။ ထိုသို့ ဖြစ်လာသည်မှာ များသော အားဖြင့် ဘုရားသခင်က တောင်းသည့်အတိုင်း ယုံကြည်မှုရှိမရှိကျွန်ုပ်တို့ ကို စမ်းကြည့်လိုပါသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်သောသူ အတွက် ကျွန်ုပ်တို့ ဆုတောင်းလျှင် ထိုသူသည် ကျွန်ုပ်တို့ တောင်းပေးသော အရာကို တကယ်ရစေချင် ပါသလား၊ ရစေချင်သည်ရှိသော် ၎င်းဆုတောင်းချက်၏ အဖြေကို ရှာဖို့ ကျွန်ုပ်တို့ မှာ ဆန္ဒပြင်းပြပါသလား။ ဘုရားသခင်သည် ဆုတောင်းပထနာကို အဖြေပေးလေ့ရှိ၏။ သို့ သော်များသော အားဖြင့် ဤကမ္ဘာပေါ်မှာ ယေရှုခရစ်၏ လက်နှင့် ခြေများဖြစ်ကြသော အသွေးအသားမှ တစ်ဆင့် ယုံကြည်သူများ မှ တစ်ဆင့် အဖြေပေးတော်မူလေ့ရှိသည်။
ခွန်အားရဖို့ တစ်စုံတစ်ယောက်သောသူအတွက် ဆုတောင်းလျက်ဖြင့် ကိုယ်တိုင် သွားရောက်ခွန်အားပေးခြင်း၊သို့ မဟုတ် စာအားဖြင့် ခွန်အားပေးခြင်း သို့ မဟုတ် တယ်လီဖုန်းအားဖြင့် ခွန်အားပေးခြင်းမပြုပါက တကယ်ရှာဖွေခြင်းမဟုတ်ဘဲ ပျင်းရိသော ဆုတောင်းခြင်းသာ ဖြစ်ပေလိမ့်မည်။ မရှိဆင်းရဲသားများအတွက် ဆုတောင်းသည့်တိုင်အောင် ၎င်းတို့ ထံသို့ သွားရောက်လျက် စားစရာ သို့မဟုတ်
ငွေကြေး ထောက်ပံ့ခြင်းမပြုပါက တကယ်ရှာဖွေခြင်းမဟုတ်ဘဲ ပျင်းရိသော ဆုတောင်းခြင်းဖြစ်သည်။
ကျွန်ုပ်တို့ ၏ ဆုတောင်းကို ဘုရားသခင်သည် အဖြေပေးကောင်းပေးလိမ့်ပါမည်။ သို့သော်တစ်ဦး တစ်ယောက်မှတဆင့် အဖြေပေးသော အခါ ထပ်တူထပ် မျှဝမ်းမြောက်ခြင်းမရှိဘဲ ဖြစ်တတ်ကြသည်။ ဆုတောင်းခြင်းနှင့် နပန်းလုံးသောသူသည် အသက်တာ၌ ပျင်းရိသောသူ မဖြစ်နိုင်။ အကောင်းဆုံး အတတ်နိုင်ဆုံးကြိုးစား
လှုပ်ရှားသူဖြစ်သည်။ အကြောင်းမှာ ဆုတောင်းခြင်းတန်ခိုးနှင့် ဘုရားသခင်၏ တန်ခိုးကို ယုံကြည်ကိုးစားသော ကြောင့်ဖြစ်သည်။ တစ်ခုခုကို တောင်းလျှောက်သော အခါ မိမိဆုတောင်းပြည့်စုံစေဖို့ မိမိကိုပင်လျှင် တန်ဆာပလာအဖြစ် ဘုရားသခင်က ရွေးကောင်းရွေးနိုင်သည် ဟူသော အချက်ကို ထိုသူသည်ယုံကြည်၏။
၃။ ခေါက်လော့။ ။ ကျွန်ုပ်တို့ ၏ ဆုတောင်းအဖြေရဖို့  ရုန်းကန်လှုပ်ရှားရသည်ကို တီးခေါက်ခြင်းဟုခေါ်သည်။ နည်းအမျိုးမျိုးဖြင့် တီးခေါက်နိုင်သည်။ ဥပမာပြင်ဆင်မှု အားဖြင့် တီးခေါက်နိုင်သည်။ အသက်တာမှာ ဘုရားအကြံတော်ရှိသည့် အတိုင်း အထမြောက်အောင်မြင်နိုင်ရေးအတွက် ဆက်လက် ပြင်ဆင်ခြင်း
အားဖြင့် တီးခေါက်လိုသော စိတ်ရှိကြပါသလား။
လိုက်စားခြင်းအားဖြင့်လည်း တီးခေါက်နိုင်သည်။ ကျွန်ုပ်တို့ တောင်းလျှောက်ထားသော အရာနှင့် ရှာဖွေထားသော အရာများ ရရှိသည့်တိုင်အောင် လိုက်စားကြပါသလား။ လက်တွေ့ ကျင့်သုံးခြင်း အားဖြင့်လည်း တီးခေါက်ကြသည်။ ဆက်တိုက်တီးခေါက်သည်သာမက အားထုတ်၍ တီးခေါက်ကြသည်။ အဘယ့်
ကြောင့်နည်း။ တောင်းလျှောက်ထားသော အရာကို တကယ်ရချင်ပါသော ကြောင့်ဖြစ်သည်။ အသက်တာမှာ ခက်ခဲစွာ မရဘဲ လွယ်ကူစွာ ရရှိထားသော အရာ များသည် တန်ဖိုးမရှိလှချေ။(မဿဲ ၂၆း ၃၆-၄၅)
ကိုဖတ်ပါ။
ကျွန်ုပ်တို့ အားလုံး၏ အသက်တာမှာ ခံစားရသောဝေဒနာသည် အလွန်ပြင်းထန်ပါသောကြောင့် သေကောင်းသေနိုင်ပါသည် ဟု ပြောသည့်အခါ ရှိကောင်းရှိကြပေလိမ့်မည်။ ဂေသရှေမန်ဥယျာဉ်က ခရစ်တော်သည် ၎င်းအတိုင်း ပင် ခံစားတော်မူခဲ့သည်။ ပြောမပြနိုင်သော ဝမ်းနည်းကြေကွဲမှု ဒဏ်ခံစားနေခဲ့ရသည်။ ၎င်းခံစားချက်ကို ကိုယ်တော် မည်ကဲ့သို့ တုံ့ ပြန်ခဲ့ပါသနည်။
ပထမ မိမိအတွက်ဆုတောင်းသည်။ ဒုတိယ၊ မိမိကိုယ်စားသူတစ်ပါးကို ဆုတောင်းဖို့ မိန့် မှာတော်မူခဲ့သည်။ ခရစ်တော်ကိုယ်တိုင် ဆုတောင်းပေးဖို့  တောင်းဆိုတော်မူသည်ကို စဉ်းစားပါ။ မိတ်ဆွေတို့ ထံသို့ နှလုံးတံခါး တော်ကို ဖွင့်ပြပြီး ခဏတာသတိရှိရှိနေလျက် ဆုတောင်းကြပါရန် မှာကြားတော်မူခဲ့သည် ။ ထို
အချိန်၌ ကိုယ်တော်သည် တစ်ကိုယ်တည်းသွားပြီး ခမည်းတော်ထံသို့ ဆုတောင်းတော်မူ၏။ တပည့်တော်များထံသို့ ပြန်ရောက်လာကာ ပြင်းထန်စွာ ဆုတောင်းနေကြသည်ကို ယေရှုတွေ့ တော်မူခဲ့သည်။ ထိုကဲ့သို့  မဿဲက ပြောပါသလား။ ဝေးလေစွ။ ယေရှုသည် တစ်ကိုယ်တည်း သုံးကြိမ်တိုင်တိုင်သွားရောက်
ဆုတောင်းခဲ့သည်။
ပြန်လာသောအခါတိုင်း တပည့်တော်များ အိပ်ပျော်နေကြသည်ကို ကိုယ်တော်တွေ့ တော်မူ၏။ ပထမအကြိမ်အနေဖြင့် အိပ်နေကြကြောင်းတွေ့ တော်မူသော၊ အခါ မိမိတို့ အတွက် ကိုယ်စီဆုတောင်းကြပါရန် သတိပေးတော်မူ၏။စုံစမ်းခြင်းသို့ မရောက်ကြရလေအောင် ထို သို့ ဆုတောင်းခိုင်းခြင်း ဖြစ်သည်။ သို့သော်နားမထောင်ခဲ့ကြပေ။ ပေတရု၊ယာကုပ်နှင့် ယောဟန်တို့ သည် ဆုတောင်းခြင်းနှင့် နပန်းမလုံးကြပါသောကြောင့် ၎င်းတို့ ၏ အနားယူခြင်းသည် နှောင့်ယှက်မှုနိဂုံးချုပ်ရသည်။နပန်းမလုံးမှီ အနားယူသော သူသည် ဝအောင်အနားယူရလိမ့်မည်မဟုတ်။ကျွန်ုပ်တို့ မတောင်းနိုင်ဘဲ နေတတ်သည့်အခါမျိုးတွင် မအမြဲမှန်က
န်သော အမြဲပြောသင့်သော ချီးမြှောက်သောဆုတောင်းနည်းနှစ်နည်းရှိသည်။၎င်းတို့ မှာ ကျေးဇူးတင်ပါ၏ဘုရား(ဆာ၅၀း ၂၃ ၊ ၁သက် ၅း ၁၈ ဧ၅း ၂၀) နှင့် အလိုတော်အတိုင်း ဖြစ်ပါစေဟူသော နည်းနှစ်နည်းတို့ ပင်ဖြစ်ပေသည်။ ( မဿဲ ၆း ၁၀ ၊ ၂၆း ၃၉)
No comments:
Post a Comment