ယုံကြည်သူ၏ အသက်တာအသီးသီးမှာ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို
့မည်ကဲ့သို့ သိရှိနိုင်ကြပါမည်နည်။
ပထမအနေဖြင့်၎င်းအလိုတော်၌ မည်သည့်အချက်များ ပါဝင်ကြောင်းသိဖို့ လိုသည်။ ယုံကြည်သူ၏ အသက်တာ အသီးသီးအတွက်၊ ဘုရားသခင် ၏ အလိုတော်ကိုလေ့လာရာ၌၊ မည်သည့်အရာ၊
မည်သည့်နေရာ၊ မည်သည့်အကြောင်းကြောင့် ဟူသောမေးခွန်းသုံးမျိုးပါလေ့ရှိကြောင်းတွေ
့ရသည်။
၁။
လုပ်ဆောင်ချက်နှင့်ပတ်သက်သော အလိုတော်သည် “ မည်သည့်အရာ” ဖြစ်ကြောင်း သိရန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ ၏
အသက်တာအားဖြင့် ဘုရားသခင်သည် တစ်ခုခုကို လုပ်လိုသော ဆန္ဒရှိတော်မူ၏။ ယုံကြည်သူ အသီးသီးအတွက် အလုပ်လုပ်စရာသီးသန့် စီမံထားတော်မူ၏။
(မာ ၁၇း ၃၃-၃၇) ၎င်းလုပ်ဆောင်ရမည့် အမှုတော်သည် ကျွန်ုပ်တို
့ရရှိထားသော ဝိညာဉ်တော် ဆုကျေးဇူးအတိုင်းဖြစ်ရမည်။
(၁ကော ၁၂း ၄-၇) ကျွနု်ပ်တို့ အား မည်သည့်အရာကို လုပ်စေလိုသောဆန္ဒ ရှိတော်မူကြောင်းပြောပြရာ၌ အသုံးပြုတော်မူသော နည်းလမ်းများစွာအနက်တစ်ခုသည် ကျွန်ုပ်တို
့၏နေ့ ရက်များ၊ အချိန်နာရီများ အားဖြင့်ဖြစ်ပေသည်။
ကာနမြို့ မင်္ဂလာဆောင်ပွဲ၌ မာရိက အစေခံတို့ အား သူစေခိုင်းသမျှကို ပြုကြလော ဟုပြောခဲ့သည်။ (ယော ၂း ၅)
ကိုယ်တော်ခိုင်းသမျှ မလုပ်ခဲ့သည်ရှိသော် နိမိတ်လက္ခဏာတွေ
့ကြုံရမည်မဟုတ်။တပည့်တော်တို့ အားဖြင့် ဘုရားသခင်၏
ကုန်ထုတ်လုပ်မှုတစ်ခုစပျစ်ဝိုင် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ မလွှဲမသွေလုပ်ဆောင်ရမည့်အလုပ်သည် ယနေ
့ကိုယ်တော်ခိုင်းသော အလုပ်ကို
ခိုင်းသည့်အတိုင်းလုပ်ဆောင်ရန်ဖြစ်ပေသည်။
(၂) ပထဝီဆိုင်ရာနှင့် ပတ်သက်သောအလိုတော်သည်
မည်သည့်နေရာ၌ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရန်ပင်ဖြစ်ပေသည်။
၎င်းနေရာသည်ကျွန်ုပ်တို့ ၏လိုအပ်ချက်များကို
ပံ့ပိုးတော်မူမည့်နေရာဖြစ်သည်။ ထားရှိတော်မူသည့်နေရာမှန်သို့ အရောက်မသွားခဲ့လျင် ပံ့ပိုးတော်မူသည့်အရာများ ဆုံးရှုံးပေလိမ့်မည်။ ဘုရားသခင်သည် ဧလိယကို ခေရိတ်ချောင်းသို့ သွားခိုင်းတော်မူ၏။ ကျီးအတို့ သည် သင့်ကို ကျွေးမွေးမည်
အကြောင်း ငါမှာထားပြီ။ (၃ရာ ၁၇း ၄) နံနက်တိုင်း
ညနေတိုင်းကျီးအတို့ က ခေရိတ်ချောင်း၌
အစာလာချကြသည်။ အကယ်၍ဧလိယသည် ဘုရားသခင်သတ်မှတ်ထားသော နေရာ၌ မနေခဲ့လျှင် ဘုရားပံ့ပိုးချတော်မူသောအစားအစာများ လက်ခံရရှိနိုင်မည်မဟုတ်ချေ။
(၃) စိတ်လှုံ့ ဆော်မှုနှင့်
ပတ်သက်သောအလိုတော်သည် မည်သည့်အကြောင်း ကြောင့် ဟူသောအချက်နှင့် ပတ်သက်နေပါသည်။ ဘုရားသခင်သည်
ကျွန်ုပ်တို့ မည်သည့်အရာကို မည်သည့်နေရာမှာ
လုပ်ဆောင်နေပါကြောင်းသာ စိတ်ဝင်စားသည်မဟုတ်။ မည်သည့်အကြောင်းကြောင့် မည်သူ့ တန်ခိုးအာဏာဖြင့်
လုပ်ဆောင်နေပါကြောင့်လည်း စိတ်ဝင်စားတော်မူ၏။ အစာရှောင်ဆုတောင်းခြင်း၊ ပေးကမ်းစွန့် ကြဲခြင်းနှင့်ပတ်သက်၍ မဿဲအခန်းကြီး (၆) ၌ ခရစ်တော်သည်
ခက်ထန်သော စကားလုံးများ အသုံးပြုကြောင်းတွေ့ ရသည်။
လက်တွေ့ လုပ်ဆောင်ချက်အပေါ် ဆန့် ကျင်ခြင်း မရှိပါသော်လည်း ၎င်းတို့ ၏ စိတ်သဘောထားကိုမူ ကိုယ်တော်ဆန့် ကျင်ခဲ့ကြောင်းတွေ့ ရသည်။ ယုံကြည်ခြင်းမရှိ
လျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့ နိုင် ဟု (ဟေဗြဲ ၁၁း ၆)
ကဆို၏။ ပြုလေသမျှ ဘုရားသခင်၏ အလိုတော်ပင်လျှင်
ကိုယ်တော်အားယုံကြည်ခြင်း မပါဘဲ ပြုလုပ်ခဲ့လျှင် ဘုရားသခင် လက်ခံတော်မမူ။ ဘုရားသခင်၏ အလိုတော်အတိုင်း လှုပ်ရှားလုပ်ဆောင်နိုင်ဖို့ ကျွန်ုပ်တို
့ကျိုးကြောင်းမှန်ကန်စွာ နှင့် နေရာမှန်ရောက်ရှိဖို့ လိုအပ်ပေသည်။ ယုံကြည်သူတိုင်း အသက်တာအသီးသီး၌ ဘုရားသခင်၏မကျေညာသော သို့ မဟုတ် မရေးထားသော အလိုတော်သိရှိနိုင်ဖို
့ရန် အလို့ ငှါ ကျေညာရေးသားထားသော
ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ လက်ခံဖို့ လို
အပ်ပေသည်။ ကျေညာရေးသားထားသော အလိုတော်မလက်ခံမချင်း
မကျေညာမရေးသားထားသော အလိုတော်ကို ကျွန်ုပ်တို့ သိရှိနိုင်လိမ့်မည်မဟုတ်။ ကျေညာထားသော အလိုတော်ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်က ကျွန်ုပ်တို့ အား
ပြုစေလိုသောအချက်အရ (၇) ချက်ရှိရာ ၎င်းတို့ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ကယ်တင်ခြင်းရယူလက်ခံပါ။ (၂ပေ ၃း ၉)
၂။ သန့် ရှင်းစွာ အသက်ရှင်ပါ။ (၁သက် ၄း ၃)
၃။ ဝိညာဉ်တော်နှင့်ပြည့်ဝပါ။ (ဧ ၅း ၁၈)
၎။ အရာရာ၌
ကျေးဇူးတော်ချီးမွမ်းပါ။(၁သက်၅း ၁၈)
၅။ ရောင့်ရဲကျေနပ်သောစိတ်ရှိပါ။ (ဖိ ၄း ၁၁-၁၃)
၆။ (ဘုရားသခင်အတွက်)ဆင်းရဲဒုက္ခခံပါ။ (၁ပေ ၃း ၁၇)
၇။ အမှုတော်ဆောင်ရွက်ပါ။ (ရော ၁၂း ၁ ၊ ၂၊ ၂ ကော ၅း ၁၅)
မှုတော်မြတ်၌................... အတား (မိုးကုတ်လီဆူလေး)
No comments:
Post a Comment