အောင်မြင်ခြင်းတွေ ရပိုင်စေဖို့ 
ခရစ်တော်လမ်းမှာ လျှောက်လှမ်းပါ ၊
ပြဿနာအဖြေ မြဲမသွေပိုင်ဖို့ 
ခရစ်တော်၌သာ အဖြေရှာ၊
ဘဝအမောတွေ ပြေပျောက်စေဖို့ 
ခရစ်တော်ရိပ်မှာ ချွေးသိပ်ပါ၊
လုပ်ဆောင်မူတွေ ပြီးမြောက်လေတိုင်း
ခရစ်တော်ဖြင့်သာ ကြည်နူးပါ၊
အမှူကြီးလည်းခရစ်တော် အမူသေးလည်းခရစ်တော်
သင့်နာခံခြင်းရနံ့ မှာ လူတကာမွှေးကြူကြရလေရင်ဖြင့်
ဘဝအမောတွေပြေ ထာဝရအလင်းတွေထိန်ထိန်ဝေပြီး
အလင်းရှေ့ ဆောင် သခင့်ဂုဏ်ဆောင်၍
လောကီသားတွေ ခရစ်တော်ဘုရားကိုမြင်တွေ့ စေ ။ ။
No comments:
Post a Comment