ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Thursday, June 30, 2016

ကုလားအုပ်နှင့် ၀ံပုလွေ။ (ဘာသာပြန်)

အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုပ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။

ကုလားအုပ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကုလားအုပ်မှာ ပရိယာယ်တစ်မျိုးရှိပါတယ်။ ကုလားအုပ်ရဲ့ ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာပါ။

ကုလားအုပ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်စလို လုပ်တယ်။ ကုလားအုပ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတော့တာပဲ။ ကုလားအုပ်က တော့ ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက် အော်ပြီး သုတ်ခြေတင်ပြေးတော့တယ်။ ပါးစပ်နားရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ! ကုလားအုပ်ကပြေးရင် သူနောက်က အတင်း လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုပ်ရဲ့ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိဘူး။

ပြေးစမှာ ကုလားအုပ်က ဝံပုလွေလောက် အပြေးမသန်သလိုပဲ။။ ပြေးရင်းရှောင်ရင်းနဲ့ ဝံပုလွေရဲ့အပြေး က တဖြေးဖြေးနှေးလိုက်လာတယ်။ ဝံပုလွေနှေးရင် ကုလားအုပ်ကလည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေကို မျှော်လင့်ချက်လေးပေးလိုက်တာပါပဲ။
ကုလားအုပ် နှေးလာတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုပ်က ဆက်ပြေးတယ်။ အားကုန်လာသလို ဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် တကယ် အားကုန်လာ တာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုပ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ!

ဒါဟာ ကုလားအုပ်က ဝံပုလွေကို သဲကန္တာရအတီင်း နက်နက်ထဲရောက်အောင် မျှားခေါ်သွားတာဖြစ်တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရလွင်တီးခေါင်ခေါင်မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုပ်ရဲ့ ပရိယာယ်ဖြစ်တယ်။

တကယ်တော့ ကုလားအုပ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။

No comments:

Post a Comment