ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Thursday, June 30, 2016

ကုလားအုပ်နှင့် ၀ံပုလွေ။ (ဘာသာပြန်)

အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုပ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။

ကုလားအုပ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကုလားအုပ်မှာ ပရိယာယ်တစ်မျိုးရှိပါတယ်။ ကုလားအုပ်ရဲ့ ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာပါ။

ကုလားအုပ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်စလို လုပ်တယ်။ ကုလားအုပ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတော့တာပဲ။ ကုလားအုပ်က တော့ ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက် အော်ပြီး သုတ်ခြေတင်ပြေးတော့တယ်။ ပါးစပ်နားရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ! ကုလားအုပ်ကပြေးရင် သူနောက်က အတင်း လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုပ်ရဲ့ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိဘူး။

ပြေးစမှာ ကုလားအုပ်က ဝံပုလွေလောက် အပြေးမသန်သလိုပဲ။။ ပြေးရင်းရှောင်ရင်းနဲ့ ဝံပုလွေရဲ့အပြေး က တဖြေးဖြေးနှေးလိုက်လာတယ်။ ဝံပုလွေနှေးရင် ကုလားအုပ်ကလည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေကို မျှော်လင့်ချက်လေးပေးလိုက်တာပါပဲ။
ကုလားအုပ် နှေးလာတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုပ်က ဆက်ပြေးတယ်။ အားကုန်လာသလို ဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် တကယ် အားကုန်လာ တာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုပ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ!

ဒါဟာ ကုလားအုပ်က ဝံပုလွေကို သဲကန္တာရအတီင်း နက်နက်ထဲရောက်အောင် မျှားခေါ်သွားတာဖြစ်တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရလွင်တီးခေါင်ခေါင်မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုပ်ရဲ့ ပရိယာယ်ဖြစ်တယ်။

တကယ်တော့ ကုလားအုပ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။

ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း




ထိုင်းနိုင်ငံကဖုန်း sim Card တွေအကုန်လုံးကို ထိုင်းနိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ပေးရမယ်လို့ တရားဝင်ကြေငြာထားပါတယ်..မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကဒ်တွေကို ၁.၇.၂၀၁၅ မှစ၍ှဖုန်းခေါ်ဆိုမှု့နဲ့ အင်တာနက်အသုံးပြုမှု့တွေကို ပိတ်ပြစ်မှာဖြစ်ပါတယ်...ဒါကြောင့်အခုလိုဖုန်းဆင်းကဒ်ကိုမှတ်ပုံတင်တဲ့နည်းလေးကို မသိရသေးတဲ့သူတွေနဲ့ သိပြီးတော့သေသေချာချာမလုပ်တက်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီပို့စ်ကိုတင်လိုက်တာပါ..ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမှာက မိမိရဲ့ဖုန်းနံပါတ်ကိုအရင်စာရွက်အလွတ်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းလေးမြင်သာအောင်ချရေးထားလိုက်ပါ..ပြီးရင် ဖုန်းခေါ်တဲ့နေရာမှာ.*151# ကိုနှိပ်ပြီးခေါ်လိုက်ပါ...အဲလိုခေါ်လိုက်တာနဲ့ဖုန်းရုံးက စာအိပ်တစ်အိပ်ပြန်လည်ပို့ပေးလာပါလိမ့်မယ်....ထိုင်းစာတွေနဲ့ပါ အဲ့ဒီစာအိပ်ထဲမှာ english အက္ခရာ ဂဏန်း ခြောက်လုံး ရှိပါတယ်...ဥပမာ..auepcw. ပါ..အဲ့ဒီ ဂဏန်း ခြောက်လုံးကိုသေချာလေးမှတ်ထားပေးဖို့လိုပါတယ်...ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့အောက်မှာ သက်ဆိုင်ရာဆင်းကဒ် နံပါတ်တွေကို ရေးပေးထားပါတယ် ..ကိုယ်အသုံပြုတဲ့ ဆင်းကဒ် ရဲ့ကုဒ်နဲ့ပါတ်ကို အသုံးပြုနိုင်ပါတယ်....
Dtac.......User name......71278995Password.......71278995(or)User name......75702005Password.......75702005Truemove...User name.....17405423Password......true1234(or)User name.....17405425Password......true123412 Call..User name.....AIS83618Password......AIS83618
အပေါ်မှာရေးပြပေးထားတဲ့ user name နဲ့ password တွေကို ဆင်းကဒ် မှတ်ပုံတင်ရာမှာအသုံးပြုရမယ့် ဆော့ဝဲလ်မှာထည့်ပေးရမှာဖြစ်ပါတယ်..မိမိတို့ရဲ့ဆင်းကဒ်အမျိုးအစားအလိုက် ရွေးပြီးတော့ ထည့်ပေးလိုက်ပါ...အောက်မှာဆော့ဝဲလ်လင့်ချပေးထားပါတယ်...အရင်ဒေါင်းထားလိုက်ပါ....

ခေါင်းဆောင်နှင့် အိပ်မက်။

ခေါင်းဆောင်မှု စွမ်းရည်အကြောင်း ပြောတဲ့အခါမှာ ပညာရှင်တွေ အသီးသီး ကခေါင်းဆောင် ဆိုသူတွေရဲ့ ထူးခြားတဲ့ အကျင့်စရိုက်လက္ခဏာတွေကို အမျိုးမျိုးထုတ်ဖော်ခဲ့ကြပါတယ်။ သူတို့တွေရဲ့အရပ်အမောင်း၊ ဥပဓိရုပ်က အစ အိုင်ကျူ (IQ) တွေ၊ အီးကျူ (EQ) တွေ၊ အက်စ်ကျူ (SQ) တွေအထိ စဉ်းစားခဲ့ကြပါတယ်။ 
ဦးဆောင်နိုင်ခြင်း၊ အနစ်နာခံခြင်း၊ ပါးနပ်လိမ္မာခြင်း၊ စည်းရုံးရေးကောင်းခြင်း၊ သည်းခံနိုင်ခြင်း၊ ဇွဲလုံ့လရှိခြင်း ၊ နိုးကြားထက် သန်ခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ စိတ်ကူးစိတ် သန်းကောင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်း စသဖြင့် အများကြီးပါပဲ။

ခေါင်းဆောင်တိုင်းမှာ ဒီအရည်အသွေးတွေ ရှိဖို့ လိုအပ်ပေမယ့် ဒီအရည် အသွေးတွေရှိတာ နဲ့ခေါင်းဆောင် ဖြစ်ရောလားဆိုရင်တော့အင်း.. စဉ်းစား စရာပါပဲ။ ခေါင်းဆောင်မှုစွမ်းရည် လက္ခဏာတွေကို အမျိုးမျိုးဖွင့် ဆိုကြပေမယ့် ဒါတွေအားလုံးပြည့်စုံနေတဲ့ခေါင်းဆောင်ရယ်လို့ မရှိနိုင်ပါဘူး။ 
တချို့အရည်အသွေးတွေ မရှိပေမယ့်လည်းခေါင်းဆောင်အဖြစ် ကြာရှည်စွာ ရပ်တည်နေကြသူတွေ ရှိပါ တယ်။ နောက်ပြီး ခေါင်းဆောင်မှု အရည်အသွေးခေါ်တဲ့ အရာတွေကို တစ်ခုချင်းဆီ လိုက်ကြည့်မယ်ဆိုရင်

အခြေခံဂစ်တာသင်ခန်းစာ (intro)

မင်္ဂလာပါ ။ အခြေခံဂစ်တာသင်ခန်းစာကတော့ ဂစ်တာကို အခြေခံမှစတင်ပြီး လေ့လာသင်ယူနိုင်ဖို့ ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ် ။ ဂစ်တာကို နည်းစနစ်တကျ ကိုယ်တွယ်တီးခတ်နိုင်ဖို့ ၊ ဘယ်ညာ လက်အနေအထား ၊ Guitar pick ကိုင်တွယ်ပုံ ၊ ဂစ်တာကြိုးညှိပုံ ၊ Guitar Tablature ဖတ်နည်းများကို သိထားရပါမယ် ။ အဲဒါကြောင့်  လေ့ကျင့်ခန်းများ မတီးခတ်မီ ဂစ်တာနဲ့ ပတ်သတ်တဲ့ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ကို ဒီသင်ခန်းစာမှာ ရေးပေးထားပါတယ် ။ 

ဂစ်တာ၏အစိတ်အပိုင်းများ

Picture
 ဂစ်တာမတီးခတ်မီ ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့ အစိတ်အပိုင်းများနှင့် အကျွမ်းဝင် ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ ပထမဆုံး Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ အဲဒီမှာရှိတဲ့ Tuning keys (or) Machine Heads လေးတွေနဲ့ ခင်ဗျားဂစ်တာ ကို ကြိုးညှိရပါမယ် ။ အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိတယ် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့) သစ်သား စတာတွေနဲ့ ပြုလုပ်လေ့ရှိတယ် ။ သေးငယ်ပေမယ့် အင်မတန် အရေးပါတဲ့ ကောင် လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊ ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကို ယူထားပါတယ် ။ နောက်အစိတ်အပိုင်း တစ်ခုကတော့ ခင်ဗျားရဲ့ အိပ်မက်တွေကို ပျိုးကြဲပေးမယ့် Neck လို့ခေါ်တဲ့ ဂစ်တာ လက်တံကြီး ပါပဲ အဲဒီက Frets (သတ္ထုဘား)များနဲ့ ပိုင်းခြားထားတဲ့ Fretboard (လက်ကွက်ပြား) ပေါ်က  နေရာအမျိုးမျိုးမှာ စနစ်တကျ ကွဲပြား ခြားနားတဲ့ သံစဉ် အမျိုးမျိုးကို ခင်ဗျား ဖန်တီးနိုင်ပါတယ် ။ အဲဒီမှာ ခင်ဗျား မှတ်မိလွယ်အောင် position marker လို့ခေါ်တဲ့ လက်ကွက်ပြား အမှတ်အသားလေးတွေ မြှုပ်ပေးထားပါတယ် ။ များသောအားဖြင့် အဝိုင်းလေးတွေပါ ။ တခြားပုံစံတွေလည်း ပြုလုပ်နိုင်ပါတယ် ။ (အော်ဒါမှာပေါ့  :) ။ ကဲ … နောက်ဆုံးကတော့ အသံထွက်တဲ့ ဂစ်တာရဲ့ ကိုယ်ထည် (Body)ပါပဲ ။ ကိုယ်ထည်မှာကတော့ Sound Hole (အသံထွက်ပေါက်) ၊ ဂစ်တာကို လက်ခတ်ပြားနဲ့ မခြစ်မိအောင် ကာကွယ် အလှဆင်ထားတဲ့ Pickguard (လက်ခတ်ပြားထိန်း) နှင့် Bridge (ကြိုးထိန်းခုံ) တစ်ခု ရှိပါတယ် ။ Bridge ပေါ်မှာလည်း Nutနှင့် ဆင်တူတဲ့

ကယ်တင်ခြင်းစိတ်ချမှု။

ကယ်တင်ခြင်းသည် အစအဆုံး ဘုရားသခင်က လုပ်ဆောင်သွားခြင်း ဖြစ်သည်။ ခမည်းတော် ဘုရားသခင်ကကျွန်ပ် တို့ ကို သားတော် အားဖြင့် ကယ်တင် ဘို့ ကမ်္ဘာမတည် မရှိမှီကပင် ကြံစည်ပြီးဖြစ်သည် (၁ ပေ၊ ၁း၂၀)။ သားတော် ဘုရားကလူ့  ဇာတိခံယူ၍ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြည့် စုံစေခဲ့ပြီ။ သန့် ရှင်းသောဝိညာဉ်တော် ဘုရားက နှုတ်ကပတ်တော်ကို အသုံးပြု၍ ထိုအရာများကို နားလည်သဘောပါက်စေသည်။ ကျွန်ပ်တို့ ကယုံကြည်ခြင်း တခုတည်းဖြင့်လက် ခံရယူသည်။ ကျွန်ပ်တို့ ၏လုပ်ဆောင်ချက်တခုမျှ မရှိ။
နှုတ်ကပတ်တော်အားဖြင့်
ဘုရားသခင်ကကျွန်ပ်တို့ ကိုကယ်တင်ကြောင်း။ အပြစ်လွှတ်ကြောင်း။ ထာဝရ အသက်ပေး ကြောင်း။ လက်ခံကြောင်း များကိုမည်ကဲ့သို့  သိနိင်မည်နည်း၊ ဓမ်္မဟောင်းခေတ်၏ ဘုရားသခင်ကို လူလူချင်းစကားပြောသကဲ့သို့ မေးမြန်း နိင်သည်။ သားတော်လက်ထက်၌ မျက်နှာချင်းဆိုင် ပြောဆိုမေးမြန်းနိင်သည်။ သို့သော် ယခုသန့် ရှင်းသောဝိညာဉ်တော်ခေတ်၌ နှုတ်ကပတ်တော်အားဖြင့် ဘုရား၏ လုပ်ဆောင်ချက်များကို သိ နိင်သည်။ ထို့ ကြောင့်နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာဘို့ လိုသည်။
နှုတ်ကပတ်တော်ကမည်သို့ ဆိုသနည်း
လူလူချင်း စာရေး ကြသောအ ခါ တယောက်နှင့် တယောက် စာထဲ၌ရေး ထားသည့် အတိုင်းယုံကြည် တတ်ကြသည်။ ထိုနည်းတူ ဘုရားသခင်၏ ကတိတော် များကိုကျမ်းစာထဲ၌ ရေးထားသည့်အတိုင်း စိတ်ချ ယုံကြည်နိင်သည်။ အချို့  သော သူများသည် ကျမ်းစာအပေါ်၌ ယုံကြည်မှုအပြည့်အ၀ မရှိသောအခါ အခြားသော နည်းအားဖြင့် ယုံကြည်ဘို့ ရှာ တတ်ကြ သည်။ ခံစားမှုရှိဘို့ ရန်သော်၎င်း၊ နိမိတ် လက္ခဏာအားဖြင့် ၄င်း၊ ယုံကြည်ဘို့ ရှာသောအခါ စာတန်၏လှည့်ကွက်ထဲမှာ ရောက် သွားတတ်သည်။ ဘုရားသခင်ကိုယုံကြည်နိင်ရန်-ယုဒလူတို့  သည်နိမိတ် လက္ခဏာ ကို တောင်းတတ်ကြ၏။ ဟေလသလူ

ကြိုဆိုခြင်း။

သုံးစားမရတဲ့ ဝါဒဂိုဏ်းဂနအစွဲတွေကိုစွန့် ပြီး
တို့ အားလုံး
နူတ်ကပါတ်တော်ရေနှင့်ဆေးကြောမျှောလိုက်ကြပါစို့ 
ပါတ်ဝန်းကျင်မှတ်တမ်းမှာ ဒေါ်လာနှင့်မသမာ
တပည့် (ပြည့်) တော်နှင့် တပည့် (ပဲ့) တော်
ပဲ့ပဲ့ရွဲ့ ရွဲ့ ဂုဏ်ဒြပ်အတုတွေနှင့် စာတန်လှည့်ကွက်ထဲ
အသာတကြည်လိုက်ပါကြသူများ
 ရောရောင်ကာပါသွားကြသူများ
အသံတွေအသံတွေဆူညံနေသော်လည်း
ဒီအကြောင်းစဉ်းစားကာတွေးပူ
ကြာကြာနေနားတွေထူပြီး
အရှင့်ခေါ်သံပင် အချိုမကြားနိုင်တော့ပေဘူး
ဒါ့ကြောင့်ဒါတွေကိုဘေးဖယ်
ဒါငါတို့ ယုံကြည်သူလမ်းစဉ်မဟုတ်ပါဘူး၊
ငတ်မွတ်ခေါင်းပါးခြင်းတွေ
သဘာဝဘေးဒါဏ်တွေအကြား
ကမ္ဘာကကျွတ်ကျွတ်ညံ
ဆူသံပူသံတွေဖြစ်နေသလား
ခင်များနှင့်ကျွန်တော်အကြားမှာ
ယုံကြည်ခြင်းအသစ်တွေမွေးဖွား
အဂ္ဂါပေမေတ္တာသံစဉ်လေးတွေဖြင့်
ထာဝရဖန်ဆင်းရှင်ခရစ်ကို
လှစ်ဟရင်ဖွင့်ကြိုဆိုကြပါစို့ ။ ။ 

                                                           Samuel Soe Lwin

ခရစ်တော်အားဖြင့်သာ။

အောင်မြင်ခြင်းတွေ ရပိုင်စေဖို့ 
 ခရစ်တော်လမ်းမှာ လျှောက်လှမ်းပါ ၊
 ပြဿနာအဖြေ မြဲမသွေပိုင်ဖို့ 
 ခရစ်တော်၌သာ အဖြေရှာ၊
 ဘဝအမောတွေ ပြေပျောက်စေဖို့ 
 ခရစ်တော်ရိပ်မှာ ချွေးသိပ်ပါ၊
 လုပ်ဆောင်မူတွေ ပြီးမြောက်လေတိုင်း
 ခရစ်တော်ဖြင့်သာ ကြည်နူးပါ၊
 အမှူကြီးလည်းခရစ်တော် အမူသေးလည်းခရစ်တော်
 သင့်နာခံခြင်းရနံ့ မှာ လူတကာမွှေးကြူကြရလေရင်ဖြင့်
 ဘဝအမောတွေပြေ ထာဝရအလင်းတွေထိန်ထိန်ဝေပြီး
 အလင်းရှေ့ ဆောင် သခင့်ဂုဏ်ဆောင်၍
 လောကီသားတွေ ခရစ်တော်ဘုရားကိုမြင်တွေ့ စေ ။ ။

ခါနန်မြန်မာနှစ်ခြင်းသာသနာကွင်း ဝတ်ပြုအစီအစဉ်။ (1 November, 2015)




ခါနန်မြန်မာနှစ်ခြင်းသာသနာကွင်း ခရစ္စမတ်ပွဲတော် အစီအစဉ်။ (1 December, 2013)


ခါနန်မြန်မာနျှစ်ခြင်းသာသနာကွင်း နှစ်သစ်ကူးအထူးအစီအစဉ်။ (1 January, 2015)



ရှင်ပြန်ထမြောက်ရာနေ့ နံနက်အစီအစဉ်။ Easter Sunday (20 April, 2014)


တွေးစရာ၊ ရယ်စရာ

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂
ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို
မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် “ယနေ့
သင်္ဘောသားအရက်မူးသည်” ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့်
အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ
ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။
သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ
အမှန်အတိုင်းဤသို့ရေးလိုက်သည်။
“ယနေ့ကက်ပတိန် အရက်မမူးပါ။”

********************************************************
လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။    ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ
ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ
အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။

တွေးစရာ၊ ရယ်စရာ



မိမိ။         ။ ဒေါ်လေးကြည် ... ဒေါ်လေးကြည် မိ ဒေါ်လေးကြည့်ကိုပြောစရာရှိတယ်၊ နားထောင်ပြီး စိတ်သိပ်မဆိုးနဲ့နော်။
ဒေါ်လေးကြည်။          ။ ဘာကိစ္စလည်း မိမိရဲ့ ပြောကြည့်လေ။
မိမိ။        ။ မိလေ ခုဏကဟိုဖက်လမ်းမှာ ဒေါ်လေးကြည်ယောက်ျား ဦးမှတ်ကို ကောင်မလေးတစ်ယောက်နောက် လိုက်နေတာ တွေ့ခဲ့တယ်။
ဒေါ်လေးကြည်။         ။ အော် ဒါလား အရေးကြီးတဲ့ကိစ္စမှမဟုတ်တာပဲ မိမိရယ် သူက အသက်၆၀ကျော်နေပြီလေ............... ဘယ်သူလိုချင်မှာလည်း မိမိ စဉ်းစားကြည့်လေ ခွေးလည်း ကားမြင်ရင်လိုက်တတ်သေးတာပဲ လိုက်လို့မှီသွားတော့ကော အဲ့ကားကို သူမောင်းနိုင်လိမ့်မယ်လို့ မိမိ ထင်လို့လား။

 
လူနာ ။         ။ ဒေါက်တာ ဒေါက်တာလွန်ခဲတဲ့တစ်နှစ်လောက်က ပြောခဲ့တယ်လေ ကျွန်တော့်ရောဂါက စိုစွတ်တဲ့အရာတွေကိုရှောင်ရမယ် ဆိုတာလေ မှတ်မိသေးလား။
ဒေါက်တာ။      ။ မှတ်မိတယ်လေ ဘာများထပ်သိချင်တာရှိသေးလို့လည်း။
လူနာ ။          ။ အဲ့တာ ကျွန်တော် တစ်ခုလောက်မေးပါရစေ ကျွန်တော်

မဟာအမူ့တော်မြတ်ကြီး။ (The Great Commission.)



ဖတ်ရန် ကျမ်းစာ ။ ရောမ၊ ၁ဝ-၁၅။
သော့ ကျမ်းချက်၊ ။''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ '' (မာ၊ ၁၆း၁၅)
အသင်းတော်နှင့် ပတ်သက်သော အံဘွယ်သောအကြောင်းအရာ အချို့ကိုလေ့လာခဲ့ပြီ။ အသင်းတော်သည် ခရစ် တော်၏ခန္ဓာ ဖြစ်ကြောင်း ကျွန်ုပ်တို့လေ့လာခဲ့၏။ ခရစ်တော်သည် အသင်းတော်၏ဦးဂေါင်းဖြစ်ပြီး၊ ယုံကြည်သူများသည် သူ့ခန္ဓာ၏ အဖွဲ့ဝင်များဖြစ်သည်။
စာတန်၏မကောင်းမှုစနစ်များ အလယ်၌ ခရစ်တော်သည် သူ၏အားကြီးသော၊ အောင်မြင်သော တန်ခိုးနှင့် အလုပ် လုပ်နိုင်ခြင်း၊ ထင်ရှားနိုင်ရန် သူ၌ခန္ဓာ ရှိတော်မူသည်။ အသင်းတော်အားဖြင့် ဤလောက၌ သူ၏အသက်တာနှင့် သူ၏ အလုပ်များကို ဖေါ်ပြလျက်ရှိသည်။
ဤသင်ခန်းစာ၌ အသင်းတော်သည် လုပ်ဆာင်ရန်ရှိသည်ဟု ယူဆရသော အသင်းတော်၏သာသနာပြုခြင်း အကြောင်းကို စဉ်းစားကြမည်။
အသင်းတော်၏သာသနာပြုခြင်းဆိုသည်မှာ အဘယ်နည်း။ အသင်းတော်၏သာသနာပြုခြင်းသည် ဤလောကရှိ လူတိုင်းအား ဧဝံဂေလိ သတင်းကောင်းကို ကြေညာခြင်းဖြစ်သည်။ ဤ အမှု၌ ယုံကြည်သူတိုင်း၏ အခန်းကဏ္ဍပါဝင်သည်။ သခင်ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရား ကို ဟောကြလော့။''ဟုဆို၏။
သခင်သည် သူ၏တပည့်တော်များကို အမိန့်ပေးခဲ့စဉ်မှစ၍ နှစ်ပေါင်း နှစ်ထောင်ရှိခဲ့ပြီ၊ သို့သော်လည်း ယနေ့

Tuesday, June 28, 2016

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။


အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?   
ချစ်သောအဆွေ၏ ပရိဒေ၀သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။
လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့်

အသစ်သော မွေးဖွားခြင်း။ (A New Birth)

ဖတ်ရန်ကျမ်းချက်များ။ ယော၊ ၃း၁-၂၁။ယော၊ ၁း၁ဝ-၁၃။ယော၊ ၈း၃၂-၄၄။
သော့ချက် ကျမ်းပိုဒ်။ '' ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏'' (ယော၊ ၃း၃)
                ဤကမ္ဘာကြီးတွင် အိမ်ထောင်စု နှစ်စုသာ လျှင်ရှိကြောင်း လေ့လာခဲ့ရပြီးဖြစ်သည်။ ပဌမလူ အာဒံသည် အိမ်ထောင်စုတခု၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်၏ဒုတိယလူ ဖြစ်သော ခရစ်တော်သည် အခြား အိမ်ထောင်တခု၏ ဦးခေါင်းဖြစ်သည်။
                အချို့သော လူများယူဆကြသည်မှာ ဘုရားသခင်သည် လူသားအားလုံး၏ ဘခင်ဖြစ်သည်။ သို့သော် ဤအယူအဆ သည် မှန်ကန်ခြင်းမရှိပါ။ ခရစ်တော်၏အိမ်ထောင်စု၌ ရှိသောသူများသာလျှင် ဘုရားသခင်သည် သူတို့၏ ဘခင် ဖြစ်သည်။ အာဒံ၏အိမ်ထောင်စုဝင်များ၏ဝိညာဉ်ရေးရာ ဘခင်သည် စာတန်ဖြစ်သည်။ လူသားအားလုံး၏ဘခင်သည် ဘုရားသခင် မဟုတ် ကြောင်း သခင်ယေရှု မြွက်ဆိုခဲ့၏။
                  တနေ့သောအခါ သခင်ယေရှုသည် ယေရုရှလင်မြို့၌ အချို့သော ဘာသာရေးသမားနှင့် စကားပြောဆိုခဲ့၏။ ဤသူများက ဘုရားသခင်သည် သူတို့၏ဘခင်ဖြစ်ကြောင်း ပြောဆိုကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ဆိုးညစ်ပြီ၊ ယေရှု ကိုမုန်း၍ သတ်ရန် အလိုရှိကြ၏။ ယေရှုသည် သူတို့၏စိတ်တွင် ဘာရှိသည်ကို သိတော်မူပြီ၊ သူတို့ကို မြွက်ဆိုသည်မှာ '' ယေရှုကလည်း၊ ဘုရားသခင်သည်

Friday, June 24, 2016

သင် မအောင်မြင်ရခြင်း အကြောင်းရင်း။



ဘာကိုရှာဖွေတာလဲလို့  မေးရင် ကိုယ် လိုချင်တာကို ရှာဖွေ ခြင်းပါပဲ။ လူတိုင်း မိမိ စိတ်အားထက် သန်ရာ စိတ်ဆန္ဒရှိရာ အလိုဆန္ဒတွေနောက် တ ကောက်ကောက်ပါအောင် လိုက်လံ ရှာဖွေရင်း ဘ၀ကို ဖြတ်သန်းနေကြပါ တယ်။ ဒီအထဲ က အောင်မြင်မှုဆိုတာ သင်ရှာဖွေနေတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဘယ်ပုံ ရှာဖွေသင့် တယ်ဆိုတာ နည်းလမ်းကောင်းလေး ပေးချင်ပါတယ်။အောင်မြင်မှု လမ်းကြောင်းနောက် ရှာဖွေနေတဲ့သူဟာ သီအိုရီအရ ပြောမယ်ဆိုရင် မ အောင်မြင်သေးတဲ့သူလို့  ပြောရပါမယ်။ ဘာကိုဆိုလိုတာဆိုတော့ မအောင်မြင်တဲ့ အကျင့် စရိုက်တွေနဲ့  အတူနေထိုင်ပြီး အောင်မြင်မှုကို ရှာဖွေနေလို့  အောင်မြင်မှုဟာ နီးရက်နဲ့ ဝေး နေတာပါ။ ဒါကြောင့်ကိုယ့်မှာ အရင်ဆုံး အောင်မြင်မှုနဲ့  အလှမ်းဝေးစေနိုင်တဲ့ အကျင့် စရိုက် တွေ ရှိမရှိ အရင် သုံးသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။ဘယ်အချက်တွေက သင့်ကို အောင်မြင်မှုနဲ့  ဝေးကွာစေသလဲဆိုရင်

(၁) ဘာလိုချင်မှန်း သေချာမသိခြင်း
လောကမှာ ကိုယ်ဘာလိုချင်လဲဆိုတာ သေချာမသိပဲ အသက်ရှင်နေတဲ့သူတွေ အများကြီး ပါ။ များသောအားဖြင့် လူငယ်တွေ ပြောလေ့ရှိတာက ချမ်းသာချင်တယ်။ သူဌေး ဖြစ်ချင် တယ် ဆိုတာပါပဲ။
ဒါပေမဲ့ ဘယ်လောက် ချမ်းသာချင်တာလဲ။ ဘယ်လိုလုပ် ပြီး ချမ်းသာ ချင်တာလဲ။ နောက်ရှိသေးတယ်။ ချမ်းသာချင်တယ် ပြောပြီး အိမ်မက်အဆင့် စိတ်ကူး အဆင့်ကနေ မတက်တော့ တဲ့သူတွေ အများကြီးပါပဲ။
ဒီတော့ ကိုယ်လိုချင်တာကို အရင် ဆုံး သေချာသိအောင်လုပ် စိတ်ထဲက လိုအင်ဆန္ဒ ပြတ်သားမှ Action

သဌေးမဖီးဆူ စက်ချုပ်ရုံတွင် ဧဝံဂေလိအစီအစဉ် ဝတ်ပြုခြင်း။ (26 April, 2014)


အမှားနှင့် အမှန်။



လူတိုင်းဟာ အမှားနှင့်အမှန်ကို ခွဲခြားတတ်ပါသလား။ သာမာန်အားဖြင့် ပြောရရင်တော့ လူတိုင်းဟာ အမှားနှင့်အမှန်ကို ခွဲခြားပြီး သိလေ့ရှိပါတယ်။ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ လုပ်ပါလျက်နှင့် ဖြစ်မလာတဲ့အခါမှာတော့ စိတ်ဓာတ်တွေကျဆင်းလာတဲ့ အခါမှာတော့ အမှားနှင့်အမှန် ဝေခွဲဖို့ခက်လာပါတယ်။
  ဥပမာအားဖြင့်....
   တစ်ခုခုအဆင်မပြေလို့ အရက်ကိုသောက်လိုက်တယ်။ ဒီလိုနဲ့ အဆင်မပြေလာတိုင်း အရက်ကိုထပ်သောက်တယ်။
    အရက်သောက်တော့ လုပ်သင့်လုပ်ထိုက်တာတွေကို မပြုလုပ်မိပဲ၊ မလုပ်သင့် မလုပ်ထိုက်တာတွေကို ပြုကျင့်ပါတယ်။
    တဖြည်းဖြည်း အမှားအမှန်ကို ခွဲခြားမသိတော့ပါ။
    ဒီတော့....
   အောင်မြင်ချင်တဲ့သူဟာ အမြဲတမ်း စိတ်ဓာတ်ကျနေလို့ မဖြစ်ပေ။ စိတ်ဓာတ်ကျတာနဲ့ လုပ်ရပ်တွေပါ ကျဆင်းလာတတ် လေ့ရှိပါတယ်။
    လုပ်ရပ်တွေကျဆင်းတော့ အမှားနှင့်အမှန်ကို ခွဲခြားပြီး မသိတော့ပါ။
    ဒီလိုအခါမျိုးတွေမှာ မိမိစိတ်ဓာတ်ကိုမိမိ လမ်းမှားမရောက်အောင် ထိန်းသိမ်းနိုင်ရပါမယ်။
    မိမိစိတ်ကို ထိန်းချုပ်နိုင်ရင် အမှားနှင့်အမှန်ကို ခွဲခြားပြီး သိပါတယ်။

အမှန်တရားနှင့် ဂုဏ်သိက္ခာ။



ဂုဏ်သိက္ခာဟုဆိုလိုက်တာနဲ့ ငွေရှိတဲ့သူ၊ အာဏာရှိသူ ပညာရှိသူ များကိုသာတွဲမြင်လေ့ရှိပါတယ်။
    ပိုက်ဆံမရှိတဲ့ ပညာမဲ့တဲ့ သာမန်လူတန်းစားတွေကိုတော့ ဂုဏ်သိက္ခာမဲ့တဲ့ လူတွေလို့ သတ်မှတ်ကြပါတယ်

    ဒီသဘောတရားဟာ၊
    ဒီလောကကြီးအတွင်းကို သဘာဝကျကျ စီးဆင်းနေတယ်။
    ဒါပေမယ့် ....
    ဒီသဘောတရားကို အသေအချာစဉ်းစားကြည့်ပါက လွဲမှားနေတယ်ဆိုတာကို မြင်ရပါလိမ့်မည်။
    ဥပမာအားဖြင့်.....
    ဂျူးလူပေါင်းများစွာကို သတ်ခဲ့တဲ့ အာဏာရှင် ဟစ်တလာကို အသက်ရှင်စဉ်က (အာဏာရှိစဉ်က) ဂုဏ်သိက္ခာကြီးမားသူ
    ဟု သတ်မှတ်ကြပေမယ့် သမိုင်းထဲမှာ သူ့ကိုဂုဏ်သိက္ခာ ကြီးသူဟု ဘယ်သူက သတ်မှတ်ပါသလဲ။
    တောင်အာဖရိကနိုင်ငံက နက်ဆင်မင်ဒဲလားဟာ လူမည်းထောင်ကျတစ်ယောက်ဖြစ်ပေမယ့် ယနေ့ကမ္ဘာမှာ ငြိမ်းချမ်းရေးနှင့်
    အမှန်တရားအတွက် ဂုဏ်သိက္ခာရှိသော လူသားအနေဖြင့် ရပ်တည်နေတယ်။
        ဒီတော့.....
    တကယ့်စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ အမှန်တရားကို ချစ်မြတ်နိုးခြင်းနှင့် အများအကျိုးကို ဆောင်ရွက်ခြင်းပါပဲ။
    အောင်မြင်ချင်တဲ့သူဟာ၊ ဂုဏ်သိက္ခာရှိအောင်နေရတယ်

ဘ၀ကို အရှူံးပေးချင်နေပြီလား..(အငြိမ်းစားဗိုလ်မှူး Sanders အသက်တာကို ကြည့်ရအောင်)



အသက် ၅ နှစ်မှာ သူ့ ဖခင်ဆုံးတယ်
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြူတ်ပြန်တယ်
သူ ဥပဒေကျောင်းဝင်ခွင့်လျောက်တယ် မရဘူး
သူအာမခံကုမ်ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်
အသက် ၂၀ မှာ သူ့ မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့ အတူအိမ်ပေါ်ကဆင်းသွားတယ်
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်
မိန်းမနဲ့ ကွဲနေချိန်မှာ သူ့ သမီးကိုပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး ဒီလိုနဲ့ သူမိန်းမကို ကဓိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်
သူ စစ်တပ်ထဲ ၀င်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်
အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့ မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက

ကရာနီ၊ ခါနန်၊ ပေညလ၊ ယုဒသန် စုပေါင်းသမ္မာကျမ်းစာ အလွတ်ရွတ်ဆိုပြိုင်ပွဲ။ (17 August, 2014)


ခေါင်းဆောင်များ ရှောင်ရှားသင့်သည့် အမှား (၇) မျိုး။

၁။ ခေါင်းဆောင်မှုနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ရောထွေးခြင်း
ရင့်ကျက်မှုမရှိသော ခေါင်းဆောင်အများစု၏ စီမံဆောင်ရွက်သော ဦးဆောင်မှုများဟာ ကြိုးကိုင်ခြယ်လှယ်မှုပုံစံတစ်မျိုးမျိုးသာဖြစ်ပါတယ်။ ကြိုးကိုင်ခြယ်လှယ်ခြင်းသည် ရေတို မဟာဗျူဟာဖြစ်တယ်ဆိုတာကို ကောင်းစွာ နားလည်သော ခေါင်းဆောင်သည် ထိုကြိုးကိုင်ခြယ်လှယ်ခြင်းကို အောင်မြင်စွာနှင့် ရိုးသားစွာ အသုံးချနိုင်ပါတယ်။ သို့သော် ၎င်းနည်းဗျူဟာသည် အဖွဲ့အတွက် စစ်မှန်သော ရည်ရွယ်ချက်ကိုတော့ အစားမထိုးနိုင်ပါ။ အောင်မြင်သော ခေါင်းဆောင် တွေဟာ သူတို့အဖွဲ့ ဘာလိုအပ်တယ်ဆိုတာနဲ့ ဘယ်အချိန်မှာ လိုအပ်တယ်ဆိုတာကို အမျှော်အမြင်ရှိစွာ သိမြင်နိုင်ပါတယ်။ ထိုခေါင်းဆောင်မျိုးက သူတို့အပေါ် အများယုံကြည်စိတ်ချမှုနှင့် ရေရှည် ရည်မှန်းချက် ပန်းတိုင်တွေမှ သွေဖီမသွားစေသော မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်မျိုးကိုသာ ချပါတယ်။

၂။ မိမိကိုယ်ကို မိမိရည်ညွှန်းသော စကားအသုံးအနှုန်းကို လွန်စွာ အသုံးပြုခြင်း

ထူးချွန်သော ခေါင်းဆောင်တွေက ပထမ ပုဂ္ဂလနာမ်စား (1st person pronouns) တွေကို အသုံးပြုတဲ့အခါ အထူးသတိထားကြပါတယ်။ ကျွန်ုပ်၊ ကျွန်ုပ်၏ (I, me, my, mine) အစရှိတဲ့ စကားလုံးအသုံးအနှုန်းကို အမြဲအသုံးပြုတဲ့ ခေါင်းဆောင်တစ်ဦးကို အဖွဲ့က လျင်မြန်စွာ စိတ်ပျက်သွားကြမှာဖြစ်ပါတယ်။ အများကို ခြုံငုံညွှန်းတဲ့ "we, us, let's" အစရှိတဲ့ စကားလုံးတွေကို

စီမံခန့်ခွဲခြင်း ဆိုသည်မှာ ... (Management)

မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်းကို ပါမောက္ခ တစ်ယောက်က သက်သေပြသွားဖူးပါတယ်။
တစ်ခါက ပါမောက္ခ တစ်ယောက်ဟာ အတန်းထဲ ၀င်လာပြီး မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်း
ရှင်းပြမယ်ဆိုပြီး ဗူးတစ်လုံးကို အခန်းထဲသွင်းလာတယ်။
ကျောင်းသားတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။

ဆရာကြီးဟာ ဗူးထဲက ပထမဦးဆုံး ဖန်ပုလင်းအ၀အကျယ်ကြီးကို ယူထုတ်လိုက်တယ်။
"ဒါဘာပုလင်းလဲ ၊ အထဲမှာ ဘာရှိလဲ"
"လေပဲ ရှိပါတယ်"
"ကောင်းပြီ ၊ ဒီအထဲကို ဂေါက်သီးတွေ ထည့်လိုက်မယ်"

ဆရာကြီးဟာ ဖန်ဗူးထဲကို ဂေါက်သီးတွေတစ်လုံးပြီးတစ်လုံး ထည့်တယ်။
မကြာမီ ဂေါက်သီးတွေ အားလုံးဖန်ဗူးထဲ ပြည့်သွားတယ်။

ထပ်ထည့်လို့မရတော့ဘူး။ ဆရာကြီးကကျောင်းသားတွေကို မေးတယ်။

"ကဲပြည့်ပြီလား"
"ပြည့်ပါပြီ"
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့မရတော့ဘူး"
"ဂေါက်သီးတွေတော့ ထပ်ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဂေါ်လီလုံးလေးတွေတော့
ထည့်လို့ရတယ်"

ရောင်စုံ ဂေါ်လီလုံးလေးတွေဟာ နေရာလွတ်တွေအကြား ၀င်သွားတယ်။ ပါမောက္ခကြီးက

မြူးရှဒန်အောန်း (၅) ပြည့်မွေးနေ့ အစီအစဉ်။ (21 January, 2016)


အုမ်းမနွဲ၊ ကထွမ်းဘင် ဧဝံဂေလိအစီအစဉ်။ (14 February, 2016)


ခါနန်သာသနာကွင်းနှင့် ကရာနီအမျိုးသမီးများ မိတ်သဟာယ ဝတ်ပြုအစီအစဉ်။ (22 June, 2014)


ခါနန်သာသနာကွင်း ဝတ်ပြုအစီအစဉ်။ (15 June, 2014)


မလွတ်လပ်ကြသေးတဲ့ မြန်မာတိုင်း၇င်းသားများ။

မြန်မာနှိုင်ငံသည်နယ်ချဲ့ အင်္ဂလိပ်အစိုး၇ လက်မှ လွတ်လပ်ေ၇း၇ခဲ့သည်မှာ (၆၂)နှစ်သို့ေ၇ာက်ခဲ့ပြီ တကယ်ဘဲမြန်မာ ပြည်သူ ပြည်သား တိုင်း၇င်းသားအားလုံးစိတ်၏ လွတ်လပ်ခြင်းနှင့် ကိုယ်၏လွတ်လပ် ခြင်းကို၇ရှိပါသလား?

အကယ်၍ပြည်သူပြည်သားတိုင်း၇င်းသားအများစုက လွတ်လပ်ေ၇း၏အနှစ် သာ၇ကို မခံစား၇ဖူး ဆို၇င် ဘယ်လိုလူတန်းစား (သို့ မဟုတ်) ဘယ်အဖွဲ့ အစည်းက လွတ်လပ်ေ၇း၏ အ၇သာနှင့်တန်ဖိုးကို ခံစားကြ၇သနည်း?၊

ဤမေးခွန်းကိုဖြေဆို၇သော် - လွတ်လပ်ေ၇း၇ပြီးနောက် မြန်မာ့တပ်မတော်မှ ခေါင်းဆောင်များ၏ လွဲမှားသောအယူအဆနှင့် တိုင်းပြည်ကိုညံ့ဖျင်းစွာ အုပ်ချုပ်နေခြင်းကြောင့် မြန်မာနှိုင်ငံအတွင်း မှီတင်း နေထိုင်သူတဦးတယောက်မျှ လွတ်လပ်ေ၇း၏အနှစ်သာ၇ကို မခံစားကြ ၇တော့ကြောင်း အောက်ဖေါ်ပြအချက်အလက်အချို့ အားကြည့်ခြင်းဖြင့်သိနှိုင်ပါသည်၊

၁) စစ်အစိုး၇နှင့်တိုင်း၇င်းသားတော်လှန်ေ၇းအင်အားစုများအကြား တပ်အင်အားဖြည့်တင်း ခြင်း၊ လက်နက်တပ်ဆင်ခြင်းတို့ ကိုယခင်ကထက်ပို၍လုပ်ဆောင်နေခြင်း။
၂) ပြည်တွင်းစစ်မချုပ်ငြိမ်းသည့်အပြင် ပိုဆိုးရွားသောပြည်တွင်းစစ်ကြီး ဖြစ်ပေါ်စေ၇န် စစ်အစိုး ၇မှဖန်တီးနေခြင်း။
၃) လွတ်လပ်ေ၇း၇ပြီးနောက်(၁၉၄၈-၂၀၁၀) အတွင်း ပြည်တွင်းစစ်ကြောင့်သေကြေ ခဲ့ပြီးသော မြန်မာနှိုင်ငံသားဦးေ၇ အားလုံးမှာ အနည်းဆုံး တစ်သန်းမှသုံးသန်းအထိ (၁၀၀၀၀၀၀-၃၀၀၀၀၀၀) ရှိနှိုင်ခြင်း၊

သမ္မာကျမ်းစာသမိုင်း။


ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကိုရှေးက ကျမ်းတတ်ပုဂ္ဂိုလ် ယာဇ်ပရောဟိတ်များ နုတ်နဲ့ အာဂုဏ် ဆာင်ခဲ့ကြပါတယ်။ ပေ၊ ပရပိုက်၊ သားရေပြားတွေပေါ်မှာ ရေးသားမှတ်တမ်တင်ထားပေမဲ့ အုပ်စိုးသူမင်းများ၊ သာသနာပိုင်ဘုန်းတော်ကြီးများကပဲ သိမ်းဆည်းထားပါတယ်။ သာမန်လူများ နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့မပြောနဲ့ ကြားဖို့တောင် တော်တော်ခဲယဉ်းလှပါတယ်။  BC 1445 - BC400 ကာလအတွင်းမှာ ဓမ္မဟောင်းကျမ်းစာ ၃၉ကျမ်း ကို ဟီဘရူးဘာသာ (ဂျူးဘာသာစကား) နဲ့ စတင်ရေးသားပါတယ်။ ဓမ္မဟောင်းကာလမှာ ဂျူးလူမျိုးများရဲ့ ဘာသာဖြစ်လို့ ဘာသာပြန်ခြင်းမရှိခဲ့ပါဘူး၊ သခင်ယေရှုကာတိုင်မှာအသေခံပြီး  AD30 နောက်ပိုင်း နှစ်၁၀၀အတွင်းမှာ ဓမ္မသစ် ၂၆ကျမ်းကို ဂရိဘာသာနဲ့ရေးခဲ့ပါတယ်။ ရိုမင်ကတ်သလစ်တွေမှာ -  အပိုခရာဖာ APOCRYPHA (ဂျူးရာဇ၀င်) ၁၁ကျမ်း ပိုပါတယ်။ သခင်ယေရှုဟာ ဘုရားရဲ့သားတော်အဖြစ် လောကကိုကြွဆင်းလာပြီး ဂျူးလူမျိုး သာမက လူတိုင်း ကိုးကွယ်ရတဲ့ ဘုရားအဖြစ် ဟောပြောခဲ့ပါတယ်။ ကျေးဇူးတော် Grace Period ကို ကျမ်းစာလာတဲ့အတိုင်း သားကောင်များယာဇ်ပူဇော်ခြင်းကို ရပ်တံ့စေပြီး ဓမ္မဟောင်းကျမ်းကို ပြည့်စုံစေပါတယ်။ 
(1)  ဂျူးလူမျိုးများကတော့ ဓမ္မဟောင်းကျမ်းတွေကိုပဲ သုံးစွဲလျှက်ရှိပါတယ်။ အာရပ်မွတ်ဆလင်များက ဓမ္မဟောင်း၊ဓမ္မသစ်များကို တမန်တော်မိုဟာမက်အားဖြင့် ပိုမိုပြည့်စုံတဲ့ ကိုရမ်ကျမ်းစှာQur'an အဖြစ် အာရပ်ဘာသာစကားနဲ့ AD632 မှာပြုစုပြီးစီးခဲ့ပါတယ်။ သဘောကတော့ ဂျူး၊ အာရပ်၊ ခရစ်ယန်များ အားလုံးဟာ ထာဝရဘုရားခြင်းတူကြတယ်။ ဂျူးဘာသာက ရဟိုးဝါ လိုခေါ်တယ်။ မွတ်ဆလင်ဘာသာများက အလ္လာအရှင်မြတ် လို့ခေါ်ကြပြီး ခရစ်ယာန်တွေက ထာဝရဘုရား၊ သခင်ယေရှု၊ သန့်ရှင်သောဝိညာဉ် သုံးပါးတစ်ဆူအဖြစ် ခေါ်ဝေါကြတယ်။ ခြုံကြည့်ရင် ဒီဘာသာသုံးရပ် အခြေခံကတော့ ဓမ္မဟောင်းကျမ်း နဲ့ တစ်ဆူတည်းသောဘုရားဖြစ်ပြီး၊  ဘာသာရေးယုံကြည်ချက် နဲ့ ကျင့်ဝတ်များမှာ ကွဲလွဲမှုကြီးများ ရှိပါတယ်။ သမ္မာကျမ်းစာသမိုင်းမှာ အာရပ် နဲ့ ဂျူးလူမျိုး သမိုင်းမပါရင် မဖြစ်ဘူးလို့ ပြောရပါမယ်။

St. Jerome
ဂျာရောမ် c347-420
လက်တင်ဘာသာ ခရစ်ယာန် သမ္မာကျမ်းစာ ဘာသာပြန်သူအနေနဲ့ စိန့်အောဂတ်စတင်း နဲ့ စိန့်ဂျာရောမ် တို့၂ဦးတို့ဟာ ထင်ရှားပါတယ်။ ယခင်က ဓမ္မဟောင်းကျမ်းကို ဟီဗရူး နဲ့

ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်။

ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်
၁၇၈၈
သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။
ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။
၁၈၀၄၁၆နှစ်ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။
၁၈၀၇၁၉နှစ်ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။
၁၈၀၇၁၉နှစ်အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာ
သင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက်
မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။
၁၈၀၈၂၀နှစ်ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် ပျက်စီး/ပျောက်ဆုံးသူများ။



တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် ပျက်စီး/ပျောက်ဆုံးသူများအတွက်
မြန်မာနိုင်ငံစာစစ်ဌာနသို့ အောင်လက်မှတ် မိတ္တူလျှောက်ထားရန် လိုအပ်သည့်
နမူနာ Form ပုံစံများကို ဖော်ပြအပ်ပါသည်။
အောင်လက်မှတ်ထုတ်ယူပြီး ပျောက်ဆုံးပါက (၁)နှစ်ကြာမှ မိတ္တူ
လျှောက်ထားခွင့်ရှိပါသည်။

Source: မြန်မာနိုင်ငံစာစစ်ဦးစီးဌာန


ယဉ်ကျေးမှုနှင့်သာသနာပြုခြင်း။

ယဉ်ကျေးမှု။
ယဉ်ကျေး မှု (Culture) ဟူသော စ ကား လုံး သည် လက်တင် ဘာသာ စကား (Colere) ဖြစ်ပြီး ပြုစု ပျိုးထောင် ခြင်း၊ မွေးမြူ  ခြင်း ဟု အဓိ ပ္ပါယ်ရသည်။ ပညာသင်ကြား ခြင်းဖြင့် စိတ် ဓါတ် ကိုပြုစု ပျိုး ထောင် ခြင်း၊ ကိုယ်ကျင့်တ ရား နှင့်အသိ ဥာဏ်ဖွံ့ ဖြိုး ရန် လုပ်ဆောင် ခြင်း တို့ ဖြစ်သည်။ လူသား တို့၏ အပြု အမူဖြစ် သော စဉ်း စားမှု၊ အပြော အဆို၊ လှုပ်ရှား မှုနှင့် တီထွင် မှုပုံစံ အမျိုး မျိုးကို မြှင့် တင် လုပ် ဆောင် ခြင်း လည်း ဖြစ် သည်။ ယဉ်ကျေး မှုသည် ရုပ် ၀တ္ထု မဟုတ် သော ဘ၀ အ သက် တာ များ ကိုဖွံ့ ဖြိုးရန် တိုးပွား ကြွယ်ဝ လာ ရန်နှင့် ပိုမို ကောင်း မွန် လာစေ ရန်ဖြစ် သည်။ အသိ ဥာဏ် ပညာအ တွေးအခေါ် ကျင့်ကြံ မှုနှင့် အလှ အပ မြတ် နိုးမှုတို့ စုပေါင်း လျှက် လူမှု ပတ်ဝန်း ကျင်၌ ပြီးပြည့် စုံစွာ ခံစား ရရှိခြင်း ဖြစ်သည်။ ဘာသာ တရား သည် ယဉ်ကျေး မှု၏ အနှစ် သာရ ဖြစ်သကဲ့ သို့ ယဉ်ကျေး မှုသည် ဘာသာ တရား ၏ပုံ သဏ္ဍန် ကိုဖေါ် ဆောင်ပေး သည်။ ယဉ်ကျေး မှုသည် ဧ၀ံ ဂေလိ တရား မဟုတ် သော် လည်း ရှင်သန် နေသော စနစ်ဖြစ် သည်။ လူသား တို့ရရှိ သည့် အသက် ရှင်မှုပုံစံ အား လူသား ဆန်စွာ ဖွဲ့စည်းခြင်း ဖြစ်သည်။ လူသား တို့၏ ယဉ်ကျေး မှုတွင် အချို့သော ယိုယွင်း ပျက်စီး သည့် အရာများ ပါဝင်နေ ခြင်းကြောင့် ဧ၀ံ ဂေလိ တရား၏ ပင်ကိုယ် တန်ဖိုးများ နှင့် အခြေ ခံအား ဖြင့်ဆန့် ကျင်နေ ပါသည်။ ကမ္ဘာ ပေါ်၌ ယဉ်ကျေး မှုများ စွာရှိနေ သော်လည်း မည်သည့် ယဉ် ကျေး မှုက ဖွံ့ဖြိုးတိုး တက်နေ သည်ကို မည်သူ မျှတိတိ ကျကျ မပြော နိုင်ပါ။
♦ ယဉ်ကျေးမှုဆိုသည်ကားအဘယ်နည်း။
ယဉ် ကျေး မှုဟူ သော ဝေါဟာ ရစကား လုံးသည် အားလုံး ခြုံငုံ အကြုံး ၀င်သော ဝေါဟာရ အသုံး အနှုန်း