ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Thursday, December 15, 2016

သားအရာ



သော့ချက်ကျမ်းပိုဒ်  - ဧဖက် ၁း၃-၎
ဖတ်ရန်ကျမ်းပိုဒ် - ဧဖက်အခန်းကြီး (၁)

 ချစ်မိတ်ဆွေ

ဘုရားသခင်၏မိသားစုထဲသို့ကျွန်ုပ်တို့မွေးလာသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံသော ကျေး ဇူးတော် အရပ်၊ သန့်ရှင်းသောအရပ်သို့ ရောက်လာခြင်းဖြစ်ပါသည်။ ကလေးငယ်တစ်ယောက်သည် အရေးကြီးသောသူ မဟုတ်ပါ။ သို့သော် သူမွေးလာသောမိသားစုအပေါ် မူတည်ပါသည်။

ကြီးမြတ်သောဘုရင်၏မိသားစုထဲသို့ မွေးဖွားလာသော သားဦးသည် အိမ်ရှေ့ မင်းသားအရာကို ရ၏။ သူသည် ချက်ချင်းပင် ဘုရင်၏ချမ်းသာ ကြွယ်ဝခြင်း နှင့် ဘုန်းတန်ခိုးတို့၏အမွေခံ ဖြစ်လာပါသည်။ သို့ဖြစ်လင့်ကစား၊ သူသည် ဘုရင်၏သားဦးဖြစ်သောကြောင့် ထိုအရာ အားလုံးတို့ကို သူ ပိုင်ဆိုင် သည်။ တစ်နေ့ ထိုကြွယ်ဝခြင်းနှင့်ဘုန်းတန်ခိုးတို့ကို တကယ်ပင် ပိုင်ဆိုင် လာမည်။
            ယုံကြည်သူအတွက် ထိုနည်းတူပင် ဖြစ်သည်။ ၀ိညာဉ်တော်အားဖြင့် ပြန် လည် မွေးဖွားသောသူသည် ဘုရားသား ဖြစ်၏။ ထိုသူသည် တစ်ပြိုင်နက် ဘုရားသခင်ကြွယ်ဝချမ်းသာမှု၏ အမွေခံဖြစ်လာသည်။ ယုံကြည်သူအသစ်တစ်ဦး အနေဖြင့် သူသည် ထိုကြွယ်ဝခြင်း နှင့်အခွင့်အရေးများအကြောင်းမသိသေးပေမဲ့ ဘုရားသခင်မိသားစုအတွင်းသို့မွေးဖွား လာခြင်းကြောင့် ထိုအရာအားလုံးကို သူပိုင်ဆိုင်ပြီးဖြစ်သည်။

ဘုရားသခင်၏ကြီးမြတ်သောကယ်တင်ခြင်း
            ဤကယ်တင်ခြင်းတွင် နှစ်ဖက်ရှိပါသည်။ ကျွန်ုပ်တို့ဘက်၌ ကယ်တင်ခံရခြင်းကြောင့် ရရှိသောအရာ ဖြစ်သည်။ ဘုရားသခင်ဘက်၌ ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ရန် စီစဉ်လုပ်ဆောင်သောအရာ ဖြစ်ပါသည်။ ဘုရားသခင်၏ကြီး မြတ်သော ကယ်တင်ခြင်းအကြောင်းကို ကောင်းစွာ သဘောပေါက်နားလည်ရန် ထာဝရကာလကိုပြန်ကြည့်ကြရမည်။
            ပထမ လူသားအာဒံသည် ကျဆင်းပြီး လောကထဲသို့ အပြစ်နှင့်သေခြင်းတရားကို ယူဆောင်လာမည်ကို ဘုရားသခင် သိထား ပါသည်။ သို့သော် ထာဝရကာလကတည်းကပင်

Friday, November 11, 2016

ကျန်းမာကြံ့ခိုင်သော အသင်းတော်ခေါင်းဆောင်များဖြစ်စေရန်။

အခန်း (၁)
ကျန်းမာကြံ့ခိုင်သောအသင်းတော် ခေါင်းဆောင်များသည် ၀ိညာဉ်ရေးပိုင်းဆိုင်ရာကျန်း
မာရေးကောင်းမွန်သူများ ဖြစ်စေရန်လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်သောအသင်းတော်
ခေါင်းဆောင်များသည် စေတနာနှင့်အစေခံလိုစိတ် ရှိရန်လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်
သောအသင်းတော်ခေါင်းဆောင်များသည် သမ္မ္မာကျမ်းစာအားဖြင့် ဦးဆောင်သောသူများ
ဖြစ်စေရန် လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်သော အသင်းတော်ခေါင်းဆောင်များသည်၊
အခြားသောအသင်းသူ/သားများအား ဦးဆောင်မှုပြုနိုင်သည့် စွမ်းဆောင်ရည်မြှင့်
တင်ပေးနိုင်သူများဖြစ်စေရန်လိုအပ်ပါသည်။ 
(၁) ကျန်းမာကြံ့ခိုင်သောအသင်းတော် ခေါင်းဆောင်များသည်ဝိညာဉ်ရေးပိုင်းဆိုင်ရာကျန်း
မာရေးကောင်းမွန်သူများဖြစ်စေရန်လိုအပ်ပါ သည်။ဝိညာဉ်ရေးဆိုင်ရာကျန်းမာရေးဟူ
သည့်ခေါင်းဆောင်များတွင်ရှိသင့်ရှိထိုက် သောအရည်အချင်းတစ်ရပ်သည်ခရစ်ယာန်
ခေါင်းဆောင်မှု၏တစ်မူထူးခြားသောအ ချက်ဖြစ်သည်ကိုအသင်းတော်၏ခေါင်းဆောင်
များနှင့်အသင်းသူ/သားများတို့သိရှိနားလည် ရန်လိုအပ်ပါသည်။
(၁ရာ၊၁၆း၇။မ၊၇း၁၂-၂၁) တိမောသေသြ၀ါဒစာပထမစောင်အား ဖြင့်လေ့လာစဉ်းစာကြရန်တမန်တော်ကြီး
ရှင်ပေါလုထ့မှတိမောသေအားညွန်ကြား ချက်များကိုဖတ်ရှုလေ့လာရန်ဖြစ်ပါသည်။
(၁တိ၊၄း၇-၈။၁တိ၊၄း၁၂။၁တိ၎း၁၆။၁တိ၊၅း ၁-၂။၁တိ၊၆း၁၁)
 (က) တမန်တော်ကြီးရှင်ပေါလု၏တိမောသေ အားသင်ကြားချက်များ (၁တိ၎း၇-၈၊၁၂၊
၁၆၊၅း၁-၂၊၆း၁၁)
(ခ) တမန်တော်ကြီးရှင်ပေါလု၏အခြားသော အသင်းတော်ခေါင်းဆောင်များအားသင်
ကြားချက်များ (၁တိ၊၃း၁-၇) 

၁။ဖော်ပြပါကျမ်းချက်မှာအသင်းတော်ခေါင်း ဆောင်များလိုအပ်သည့် (ဒေသနာသွန်သင်
ပေးတတ်သောစွမ်းဆောင်မှုအရည်အချင်း)

၂။အသင်းတော်ခေါင်းဆောင်များသည် မကြာမှီကမှ ယုံကြည်လာသူများမဖြစ်သင့်ပေ။

၃။ခရစ်ယာန်ခေါင်းဆောင်များ၏အရည်အချင်း ကိုအခန်းကဏ္ဍ(၃)ရပ်ဖြင့်စမ်းသပ်ရန်
လိုအပ်ပါသည်။ 

ပထမအချက်မှာ- ခေါင်းဆောင်၏နှလုံးသား ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည်ဥစ္စာ
ပိုင်ဆိုင်မှုကိုစွဲလမ်းစိတ်မရှိခြင်း (လောဘ)။ အရက်သောက်ခြင်း (မူးယစ်ဆေးဝါးသုံးစွဲမှု)
ဒေါသကိုထိန်းသိမ်းခြင်း၊ ပဋိပက္ခမဖြစ်စေရန်၊ သဟဇာတစိတ်ဖြင့်ထိန်းသိမ်းလိုစိတ်ရှိ
ခြင်း။ စည်းစိမ်တပ်မက်မှုမရှိခြင်းစသည့် အချက်များနှင့်ကင်းစင်သောသူများဖြစ်ရပါ
မည်။ 

ဒုတိယအချက်မှာ-ခေါင်းဆောင်တစ်ဦးသည် ဖြောင့်မတ်သော အိမ်ထောင်ဘ၀ရှိ/မရှိစမ်း
စစ်ရန်ဖြစ်သည်။ ဇနီးမယားတစ်ဦးတည်းသာ ရှိသောသူ (၃း၂)။ ကလေးများကိုကောင်းမွန်
စွာပြုစုပျိုးထောင်သူ (၃း၎)။ ဖြစ်ရန်လိုသည်။

တတိယအချက်မှာ-ခေါင်းဆောင်တစ်ဦးသည် မိမိ၏ပတ်ဝန်းကျင်အသိုင်းအ၀န်းတွင် ရိုးရိုး
သားသား ဂုဏ်သိက္ခာရှိရှိ နေတတ်သောသူ ဖြစ်ကြောင်းစသဖြင့်စမ်းသပ်ရန်လိုအပ်သည်။ 

(ဂ) ကျန်းမာသောအတွင်းပိုင်းစိတ် (နှလုံးသား) ကိုပေါ်လာစေရန်မည်ကဲ့သို့ကျင့်ကြံကြမည် နည်း။ ကြိုးစားအားထုတ်ရန်ဖြစ်သည် (၁တိ၎း ၇-၈) မိမိ၏စိတ်သဘောထားကို မိမိကိုယ်တိုင်
အစဉ်အမြဲစမ်းစစ်မှုပြုကြရမည်။ တစ်ဦးတည်း ဆုတောင်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်း တို့ကို

ခေါင်းဆောင်မှု အရည်အသွေး (၁၀) ချက်။

၁။ သိလိုစိတ် ပြင်းပြမှု (Curiosity) 
ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊ မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုးရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Good leaders are good listeners လို့ ခေါ်ကြတယ်။ အကယ်၍ ခေါင်းဆောင်တစ်ဦး အနေနဲ့သူနေထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်းသွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ဆိုတယ်။ အဲဒီ ခေါင်းဆောင်က လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေမှန်တယ်ဆိုတာကို သူကိုယ်တိုင် သိနိုင်မှာမဟုတ်တော့ဘူးလို့ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင်ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။ ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego) ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်တော့တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ရောက်ရှိမဲ့ နေရာက ဆုံးရှုံးမှု (failure) ပဲ ဖြစ်တယ်လို့ဆိုတယ်။

၂။ ဆန်းသစ်မှု (Creativity)

ခေါင်းဆောင်က မိမိဒုံရင်း နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေတယ်ဆိုတာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကိုထွက်ပြီး တွေးတောမှုတွေ ရှိရမယ်။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေရတာဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင်းလဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင်ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေကနေ ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် (သို့) တိုးတက်အောင်လုပ်ရမယ်။

၃။ ဆက်သွယ်ဆောင်ရွက်မှု (Communication)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆက်သွယ် ဆောင်ရွက်မှု.တွေ အမြဲ ပြုလုပ်နေဖို. လိုအပ်တယ် ။ ပါးစပ်

ခရစ်ယာန်ဘာသာ နှင့် မြန်မာနိုင်ငံ (အကျဉ်းချုပ်)

မူလအစမှာ ဂျုးဘာသာမှစတင်ခဲ့သည်။ ဂျူးလူမျိုးတို့သည် မောရှေ၏ ပညတ်တရား (၁၀) ပါးကို အခြေခံပြီး က္ကုသရေလ ဟုခေါ်သော အစ္စရေးလူမျိုး များကိုးကွယ်သည့် ဘုရားဖြစ်သည်။ ခရစ်တော် သခင်ယေရှု ဖွားမြင်ပြီးပြီး၊ ဘုရားသခင်သည် လူ့အသွင်ဖြင့် ကမ္ဘာလောကသို့ ကြွလာခြင်းဖြစ်သည်ဟု ကြေငြာခဲ့ရာတွင် ဂျူးလူမျိုးများက လက်မခံနိုင်ပဲ သခင်ယေရှုကို ကားတိုင်ပေါ်တင်သတ်ရန် ရောမအာဏာပိုင် များကို တောင်းဆိုကာ အသေသတ်ခဲ့သည်။ သခင်ယေရှုသေလွန်ပြီး ၃ ရက်မြောက်တွင် ကျမ်းစာလာသည်အတိုင်း အလောင်းတော်ပျောက်ဆုံးသွားပြီး ရှင်ပြန်ထမြောက်ကာ ထွက်ပြေးပုန်းရှောင်သွားသော တမန်တော်များကို ရက် (၄၀) လုံး ကိုယ်ထင်ပြသခဲ့ပြီး လူပေါင်းများစွာရှေတွင် ကောင်းကင်ဘုံသို့ ဈန်ပျံကြွသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ် (Holy Spirit) ကျန်ရစ်ခဲ့ပြီး ခရစ်ယာန်များသည် ၃ ပါးတစ်ဆူအဖြစ်၊ ဘုရာသခင် (ခမည်းတော်)။ သခင်ယေရှု (သားတော်) နှင့် သန့်ရှင်းသောဝိညာဉ်တော် (၃) ပါးကို တစ်ဆူတည်းအဖြစ် သတ်မှတ်ကိုးကွယ်ကြသည်။

ခရစ်ယာန်ဘာသာတွင် ဘုရားသခင်၏ ၀ိညာဉ်တော်မှုတ်သွင်းပြီး လူသားများအားရေးသားစေသည့် သမ္မာကျမ်းကို ဘုရားသခင်၏ ပြောစကားအဖြစ်မှတ်ယူထားကြသည်။ သခင်ယေရှု မမွေးဖွားမီက ရေးသားခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး၊ သခင်ယေရှုမွေးဖွားခြင်း (Christmas) နောက်ပိုင်းရေးသားသော ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်သည်။ အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုဒ်နေ့အဖြစ်သတ်မှတ်ကာ စုပေါင်းကိုးကွယ်ဝတ်ပြုကြသည်။ ဂိုဏ်အမျိုးမျိုးရှိသည့်အနက် ရိုမန်ကက်သလစ် နှင့် ပရိုတက်စတင့် ၂မျိုးသည် အ

Sunday, October 30, 2016

Laptop အဖုံးပိတ်လိုက်တဲ့အခါ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်း။

ကွန်ပျူတာ ကိုင်ဆောင်နေချိန် Laptop အဖုံးလေးပိတ်လိုက်တာ နဲ့ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်းလေးတင်ပေး လိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင်ပါတယ်နော်၊ လုပ်ဆောင်ရတာ လွယ်ကူတယ်ဆိုပေမယ့် မသိရင်တော့ ခတ်တာပေါ့နော်၊ ကဲကျွန်တော်နဲ့အတူလိုက်လုပ် ရအောင်..

 (၁) ကီးဘုပ်မှ Window Key+R ကိုတွဲနှိပ်ပြီး၊ RunBox ခေါ်ပေးလိုက်ပါ။ အောက်ကပုံလေးတိုင်ပေါ်လာရင် တော့ Powercfg.cpl ရိုက်ထည့်ပြီး၊ ok နှိပ်ပေး လိုက်ပါ။အောက်ကပုံလေးတိုင်းပါ..
(၂) နောက်တစ်နည်းဝင်နည်းကတော့ အောက်ကပုံလေးတိုင်းဖြစ်ပါတယ်၊ Power Option ထဲကို ဘယ်လိုဝင်ဝင် ကိုယ်လိုရာရောက်ဖို့ပါဘဲ၊ 












(၃) အပေါ်မှာပြောခဲ့တဲ့ နည်းတွေနဲ့ ဝင်လို့ ရောက်သွားရင် အောက်က ပုံလေး

Monday, October 24, 2016

TEACHER (ဆရာ)

ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင် (Teacher) ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။
ဒါပေမယ့် တကယ်တော့ (Teacher) ဆိုတဲ့ ထို စာလုံးဖြစ်လာတာဟာ စာလုံးများစွာရဲ့ အစ စကားလုံးလေးတွေ ပေါင်းထားတာပါ လို့ ဆို ပါတယ်။
T = teaching
E = education
A = active
C = clever
H = honest
E = expert
R = research minded
အဲဒီအချက်တွေထဲက တစ်ချက်တလေကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။

Teaching (ပညာသင်ကြားပေးခြင်း)
ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ မြန်မာ့ယဉ်ကျေုးမှုအရတော့ ၁။ သင်ဆရာ ၂။ မြင်ဆရာ ၃။ ကြားဆရာ ဆိုပြီး ဆရာသုံးမျိုးပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။

Education (ပညာတတ်မြောက်ခြင်း)
ဆရာတစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ်ဖြစ်မှ တပည့်တွေရဲ့ လေးစား အားကျခြင်းကို ရနိုင်မှာဖြစ်တဲ့အပြင် သူတို့ကိုအလွယ်တကူ လမ်းညွှန်နိုင်မှာဖြစ်ပါတယ်။

Active (တက်ကြွမှုရှိခြင်း)
ဆရာတွေဆိုတာ ကျောင်းသားတွေရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထက်မြက်တက်ကြွမှု အပြည့်ရှိဖို့လိုပါတယ်။ တက်ကြွတဲ့ဆရာရဲ့လမ်းညွှန်မှုအောက်ကတပည့်တွေဟာစိတ်ဓာတ်ရော၊ ယုံကြည်မှုပါ မြင့်မားကြတာမို့

Thursday, October 20, 2016

ဝတ်ပြုအစီအစဉ်။ (18 September, 2016)


မြန်မာနိုင်ငံတွင်းသုံး ဆင်းကဒ်အားလုံးကို မှတ်ပုံတင်ပေးမယ့် Application ( All Sim Register apk)

 မြန်မာနိုင်ငံရဲ့ Operator သုံးခုလုံးဖြစ်တဲ့ -

(၁) MPT
(၂) Ooredoo
(၃) Telenor

၎င်း Sim card များအားလုံးကို Online ကနေမှတ်ပုံတင်နိုင်မဲ့ application လေးကိုတင်ပေးလိုက်ပါတယ်။
apk လေးထဲမှာ sim သုံးမျိုးလုံးကို Register လုပ်နိုင်မဲ့နေရာအား ထည့်သွင်းပေးထားပါတယ်ဗျာ။
MPT ကိုလည်းအခုဆိုရင် Online ကနေ မှတ်ပုံတင်နိုင်ပြီလို့ သိရှိရပါတယ်။ Apk လေးကိုရယူပြီး
ပေးထားတဲ့ Information တွေကိုဖြည့်စွက်ကာ Register ပြုလုပ်လို့ရပါပြီ..

အောက်မှာဒေါင်းယူလိုက်ကြပါ..

                       (All Sim Register apk)
https://www.mediafire.com/?2wgy4r76rp2nj17


အယောက်တိုင်း အဆင်ပြေနိုင်ကြပါစေ။

ဆရာကြီးဘီလီဂရေဟမ်။ (Billy Graham)

Billy Graham နှင့်သားအား သမ္မတ အိုဘားမားမှသွားရောက်တွေ့ဆုံခဲ့စဉ်

အမေရိကန်နိုင်ငံသား ဘီလီဂရေဟမ်သည် ကမ္ဘာ့သမိုင်းတွင်ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို လူအများဆုံးတို့ထံသို့ဟောပြောသူ၊ ကြားသိလက်ခံစေသူ အဖြစ် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။ သူ၏ Billy Graham Evangelistic Association (BGEA) မှထုတ်ပြန်သည့် စာရင်းဇယားအရ နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ လူသန်းပေါင်း ၂၁၅ သန်းခန့်သည် သူ၏ Ministry နှင့်ထိတွေ့ကာ ၀ိညာဉ်ခွန်အား ရယူနေကြသည်ဟု ဆိုသည်။ သူ၏အသက်တာတွင် ထောင်နှင့်ချီသော လူတို့အား သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ် လက်ခံယုံကြည်စေရန် ဘုရားသခင်က အသုံးပြုခြင်းခံရသည်။

သူသည် ၁၉၁၈ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့ မြို့၏လယ်ယာတစ်ခု၌မွေးဖွါးပြီး Wikipedia online Encyclopedia တွင်ဖော်ပြချက် အရ သမ္မတ ထရူးမင်းမှစ၍ လက်ရှိအမေရိကန်သမ္မတ အိုဘားမားအထိ အမေရိကန် သမ္မတပေါင်း (၁၂) ဦး၏ ၀ိညာဉ်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ (Washington PostTime Magazine ) Time Magazine တွင်ဖော်ပြချက်အရ သမ္မတ အိုဘားမားသည် Billy Graham ထံ သွားရောက်တွေ့ဆုံလည်ပတ်သော ပထမဦးဆုံးသော အမေရိကန်သမ္မတဖြစ်သည်။ Gallup’s list of admired people တွင် ၂၀ ရာစုလူသားတို့၏ ကြည်ညိုလေးစား ခြင်း အခံရဆုံး ပုဂ္ဂိုလ် (၁၈) ဦးတွင် (၇) ယောက်မြောက်ဖြစ်ပြီး ၁၉၉၃ ခုနှစ်အထိ လူ ၂.၅ သန်းသည် သူဟောသည့် တရားဟောစင် ရှေ့သို့လာရောက်၍ မိမိကိုယ်ကို ယေရှုခရစ်သည် မိမိ၏ကယ်တင်ပိုင်ရှင် သခင်ဖြစ်ကြောင်းကြော်ငြာ၍ ဆက်ကပ်အပ်နှံခဲ့ကြသည်။

တရုတ်နိုင်ငံတွင် သာသနာပြုလုပ်လျှက်ရှိသည့် ဆရာဝန်လည်းဖြစ်သော မီရှင်နရီ တစ်ဦး၏ သမီးဖြစ်သူ Ruth McCue Bell နှင့် ၁၉၄၃ ခုနှစ်တွင်လက်ထပ်သည်။ သူတို့တွင်သမီးသုံးယောက် နှင့် သား နှစ်ယောက် ထွန်းကားသည်။ သူ၏သားတစ်ယောက် ဖြစ်သူ Franklin Graham သည် ဖခင်၏ Billy Graham Evangelistic Association ကို ဆက်လက်ဦးဆောင်သည်။ မြေး ၁၉ ဦးရှိပြီး မြစ်အမြောက်အများကို

သမ္မာကျမ်းစာသည်ကျွန်တော်တို့ဘ၀အတွက်မည်သို့အရေးပါသနည်း။


"သမ္မာကျမ်းစာမှရရှိသော အသိဥာဏ်ပညာသည် ကောလိပ်ကျောင်းမှ သင်ယူရရှိသော ပညာရေးထက် ပို၍တန်ဖိုးရှိသည်" (Theodore Roosevelt, အမေရိကန် သမတ္တဟောင်း)

မိတ်ဆွေရဲ့ဘ၀မှာ ချစ်ခြင်း၊ နာကျဉ်ခြင်း၊ အပြစ်ရှိခြင်း၊ အထီးကျန်ခြင်း၊ အောင်မြင်ခြင်း တို့နဲ့ပါတ်သက်ပြီး မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရပါသလား? ဤအရာများ အားလုံးနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာမှာ အဖြေရှိပါတယ်။

သမ္မာကျမ်းစာသည် အလင်းဖြစ်သည်
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊ (ဆာ ၁၁၉း ၁၀၅)။
နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏ (ဆာ ၁၁၉း ၁၃၀)။ အလင်းအားဖြင့် သွားရမည့်လမ်း၊ ဦးတည်ရာ ကိုထင်ထင်ရှားရှားတွေ့မြင်စေပါသည်။ သမ္မာကျမ်းစာသည် ကျွန်တော်တို့ကို အလင်းပေးပြီး ဘုရားရှင်၏ အကြံစည်တော် တို့ကို မီးမောင်းထိုးကာ လမ်းမှန်ကို ထင်ရှားစေပါသည်။

သမ္မာကျမ်းစာသည် ကြည့်မှန်ဖြစ်သည်
တရားကိုမကျင့်ဘဲနာရုံမျှသာပြုသောသူမည် သည်ကား၊ မှန်၌မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဍန်ကိုချက်ခြင်း မေ့လျော့တတ်၏ (ယာ ၁း ၂၃-၂၄)။
ဘုရားသခင်သည်သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း အလုံးစုံ တို့ကို မိမိကိုယ်ကို မိမိ မှန်တွင်ကြည့် သကဲ့သို့ မြင်၊ သုံးသတ်၊ ပိုင်းခြားနိုင်စေပါသည်။ ကျွန်ုပ်တို့၏ အပြင်ဘန်းသာမက

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်းအကျဉ်း။ (အစ္စလမ်)

“ခရစ်ယာန်ယုံကြည်သူတို့ကို အစ္စလမ်ဘာသာဝင် တစ်ယောက်အနေနှင့် နားမလည်နိုင်သည့်အချက်ကတော့ ခရစ်တော်ကို ယုံကြည်လက်ခံလိုက်ရုံနဲ့ အလိုအလျောက် နိဗ္ဗန်ရောက်တယ် ဆိုတဲ့တရားပါဘဲ… အစ္စလမ်ဘာသာကတော့ လူသားများဟာ မိမိတို့ အသီးသီးရဲ့ ယုံကြည်ခြင်းအားသန်မှု၊ အားနည်းမှု၊ ကောင်းသောပြုမူခြင်း၊ ဆိုးသောပြုမူခြင်း နဲ့အကျင့်စရိုက်အားလုံးကို ခြုံငုံထားတဲ့ ဘ၀မှတ်တမ်း အပေါ်မှာ သင့်ရဲ့ကယ်တင်ခြင်းနှင့် ကျဆုံးခြင်းဟာ မူတည်တယ်။ ဘုရားသခင်ဟာ သနားခြင်းမေတ္တာဂရုဏာအားဖြင့် ခွင့်လွှတ်ခြင်းအားကြီး သူဖြစ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်တဲ့ ကောင်းမွန်စွာနေထိုင်ကျင့်ကြံခြင်း ဆိုတဲ့အကျင့်စရိုက်ကို ချိုးဖေါက်သူကိုခွင့်မလွှတ်နိုင်ပါ”  - Yahiya Emerick, President of the Islamic Foundation of North America.

သည်တစ်ခေါက်တော့ ကမ္ဘာ့အကြီးဆုံးဘာသာရေး အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ အစ္စလမ် ဘာသာရေးအကြောင်း အကျဉ်းလေ့လာဖို့ခေါ်ဖိတ်လိုပါတယ်။ သူတို့ရဲ့ နောက်ကြောင်းသမိုင်း၊ ယုံကြည်ခြင်း၊ ကျင့်စဉ်တွေကိုအကြမ်းဖျဉ်း သိရှိဖို့ပါ။ သူတို့ကိုလည်း ဘုရားရှင်က ဖန်ဆင်းထားတဲ့ လူသားတွေဘဲ မဟုတ်လား.......

အစ္စလမ်ဘာသာဝင်အရေအတွက်
အကြမ်းအားဖြင့် အစ္စလမ်ဘာသာကိုးကွယ်သူ ( 1.4 to 1.6 billion ) ခန့်ရှိမည်ဟု ခန့်မှန်းရပြီး တိုးတက်နှုန်းအမြန်ဆုံး ဘာသာရေးတစ်ခုလည်း ဖြစ်သည် ဟုဆိုသည်။ အမေရိကန်နိုင်ငံတွင် အစ္စလမ် ဘာသာဝင် (5 to 7 million) ခန့်ရှိမည်ဟုဆိုသည်။
သမိုင်းအကျဉ်း
မိုဟာမက် ( AD 570 – 632) သည် ဤဘာသာကို အဓိကဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။ ယနေ့ ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မက္ကာမြို့ (Mecca) တွင်မွေးဖွါးပြီး ဗက်ဒိုဝင် (Bedouin tribe) အမျိုးအနွယ်မှဖြစ်သည်။ ဖခင်ဆုံးပါးပြီးနောက်ပိုင်း အဖိုးဖြစ်သူ၏ ကြည့်ရှု စောင့်ရှောက် လမ်းညွန်မှုဖြင့်ကြီးပြင်းလာခဲ့သည်။ သူသည် သိုးထိန်း တစ်ယောက်ဖြစ်ပြီး အောင်မြင်သောကုန်သည် တစ်ယောက်လည်းဖြစ်သည်။ မူဆလင်ဘာသာဝင်များက သူ့ကို သန့်ရှင်းသူ ကောင်းကင်ဘုံမှတိုက်ရိုက်ဆင်းလာသူ (သို့) ကောင်းကင်သား (သို့) ကယ်တင်ရှင်အဖြစ်မခံယူ၊ မယုံကြည်ပါ။ သူ့ကို ဘုရားသခင်ထံမှ နောက်ဆုံးအနေဖြင့်ရောက်လာသော တမန်တော်၊ ပရောဖက်အဖြစ်လက်ခံ ယုံကြည်သည်။
မက္ကာမြို့မှ ဗလီတစ်ခု

အစ္စလမ်(Islam) ဟူသော စကားလုံးသည်  အရေဗစ် (Arabic) ဘာသာဖြစ်ပြီး “ဆက်ကပ်အပ်နှံခြင်း”  သို့မဟုတ် “မိမိ၏အလိုဆန္ဒအလုံးစုံကိုစွန့်၍ ဘုရားရှင်အားအပ်နှံခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ မူဆလင်

ကျန်တဲ့အခြား ကိုးယောက်ဘယ်မှာလဲ?

ကျေးဇူးတော်ချီးမွမ်းခြင်းဆိုဒါ ယုံကြည်သူခရစ်ယာန်များရဲ့ခရစ်ယာန်အသက်တာမှာ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု (သို့) မဖြစ်မနေပြုလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၆၀၀ ပတ်ဝန်းကျင်ခန့်က မေဖလားဝါးသဘောင်္နဲ့ ဥရောပတိုက်နိုင်ငံ တစ်ခုကနေ အမေရိကန်ကိုရောက်ရှိလာတဲ့ အုပ်စုဟာ ဘုရားရှင်ရဲ့စောင့်ရှောက်မှု၊ လမ်းပြပို့ဆောင်မှု၊ ခက်ခဲကြမ်းတမ်းပြီးဘာဆိုဘာမှ မရှိသေးတဲ့ နယ်မြေသစ်မှာ ဆက်လက် ပြီးအသက်ရှင်နေထိုင်ခွင့်ရရှိမှုတို့ကြောင့် အမေရိကားတိုက်ကို ခြေချပြီး (၂) နှစ်အကြာမှာ ဘုရားရှင်ထံမှာကျေးဇူးတော်ချီးမွမ်း (Thanksgiving) ခဲ့ကြဒါ အားလုံးသိကြပါတယ်။ အဲဒီ ကျေးဇူးတော်ချီးမွမ်းခြင်း (Thanksgiving) ကိုအစွဲပြုပြီး ယနေ့ထိတိုင်အောင် အမေရိကားမှာ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ တတိယအပတ်မှာ Thanksgiving နေ့ကို မိမိတို့မိသားစုအသီးသီးနဲ့ဆင်နွဲကြတယ်ဆိုဒါကိုလည်း အားလုံးသိရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ (၂) နှစ်မတိုင်ခင်ဘယ်လို ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီး၊ အဖွဲ့သားဘယ်နှစ်ယောက် ရဲ့အသက်ဆုံးရှုံးခဲ့ရတယ်ဆိုဒါကိုတော့ လူတော်တော်များများ မသိကြပါဘူး။ 

သမိုင်းကိုပြန်လေ့လာကြည့်မယ်ဆိုရင် ၁၆၁၀ ပတ်ဝန်းကျင်ခန့်မှာ ပထမဆုံး (Thanksgiving) ကို ဗာဂျီးနီးယား ပြည်နယ်အတွင်းတစ်နေရာမှာ ဥရောပကရောက်လာတဲ့ လူဖြူ အယောက် (၆၀) ခန့်နဲ့ ဒေသခံအင်ဒီးယာန်း တစ်ချို့ စုပေါင်းပြီးပြုလုပ်ခဲ့ကြတယ်ဆိုဒါ ကိုတွေ့ရှိရပါတယ်။ နဲနဲထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် အဲဒီလူဖြူ အယောက် (၆၀)ဟာ ဥရောပတိုက်ကနေ စတင်ရွက်လွင့်ခဲ့စဉ်က (၄၀၉) ယောက်ရှိပါတယ်။ နှစ်အနည်းငယ်ခန့် အတွင်းမှာဘဲ သူတို့ချစ်တဲ့ ညီအစ်ကို၊ မိဘတွေကို ဆုံးရှုံးခဲ့ကြရပါတယ်။ ချစ်ရသူများ ခွဲခွါသွားချိန်မှာ ကျေးဇူးတော်ချီးမွမ်းဖို့ဆိုတာ

ကျန်တဲ့အခြား ကိုးယောက်ဘယ်မှာလဲ?

ကျေးဇူးတော်ချီးမွမ်းခြင်းဆိုဒါ ယုံကြည်သူခရစ်ယာန်များရဲ့ခရစ်ယာန်အသက်တာမှာ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု (သို့) မဖြစ်မနေပြုလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၆၀၀ ပတ်ဝန်းကျင်ခန့်က မေဖလားဝါးသဘောင်္နဲ့ ဥရောပတိုက်နိုင်ငံ တစ်ခုကနေ အမေရိကန်ကိုရောက်ရှိလာတဲ့ အုပ်စုဟာ ဘုရားရှင်ရဲ့စောင့်ရှောက်မှု၊ လမ်းပြပို့ဆောင်မှု၊ ခက်ခဲကြမ်းတမ်းပြီးဘာဆိုဘာမှ မရှိသေးတဲ့ နယ်မြေသစ်မှာ ဆက်လက် ပြီးအသက်ရှင်နေထိုင်ခွင့်ရရှိမှုတို့ကြောင့် အမေရိကားတိုက်ကို ခြေချပြီး (၂) နှစ်အကြာမှာ ဘုရားရှင်ထံမှာကျေးဇူးတော်ချီးမွမ်း (Thanksgiving) ခဲ့ကြဒါ အားလုံးသိကြပါတယ်။ အဲဒီ ကျေးဇူးတော်ချီးမွမ်းခြင်း (Thanksgiving) ကိုအစွဲပြုပြီး ယနေ့ထိတိုင်အောင် အမေရိကားမှာ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ တတိယအပတ်မှာ Thanksgiving နေ့ကို မိမိတို့မိသားစုအသီးသီးနဲ့ဆင်နွဲကြတယ်ဆိုဒါကိုလည်း အားလုံးသိရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ (၂) နှစ်မတိုင်ခင်ဘယ်လို ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီး၊ အဖွဲ့သားဘယ်နှစ်ယောက် ရဲ့အသက်ဆုံးရှုံးခဲ့ရတယ်ဆိုဒါကိုတော့ လူတော်တော်များများ မသိကြပါဘူး။ 

သမိုင်းကိုပြန်လေ့လာကြည့်မယ်ဆိုရင် ၁၆၁၀ ပတ်ဝန်းကျင်ခန့်မှာ ပထမဆုံး (Thanksgiving) ကို ဗာဂျီးနီးယား ပြည်နယ်အတွင်းတစ်နေရာမှာ ဥရောပကရောက်လာတဲ့ လူဖြူ အယောက် (၆၀) ခန့်နဲ့ ဒေသခံအင်ဒီးယာန်း တစ်ချို့ စုပေါင်းပြီးပြုလုပ်ခဲ့ကြတယ်ဆိုဒါ ကိုတွေ့ရှိရပါတယ်။ နဲနဲထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် အဲဒီလူဖြူ အယောက် (၆၀)ဟာ ဥရောပတိုက်ကနေ စတင်ရွက်လွင့်ခဲ့စဉ်က (၄၀၉) ယောက်ရှိပါတယ်။ နှစ်အနည်းငယ်ခန့် အတွင်းမှာဘဲ သူတို့ချစ်တဲ့ ညီအစ်ကို၊ မိဘတွေကို ဆုံးရှုံးခဲ့ကြရပါတယ်။ ချစ်ရသူများ ခွဲခွါသွားချိန်မှာ ကျေးဇူးတော်ချီးမွမ်းဖို့ဆိုတာ

ပင်လယ်သေမှသက်သေများ။


အတွေးအခေါ်အယူအဆတစ်ခုဖြစ်စေ၊ ယုံကြည်ကိုးကွယ်ရာဘာသာတစ်ခုဖြစ်စေ၊ လက်ခံ
ကျင့်သုံးသောဥပဒေသတစ်ခုဖြစ်စေ မိမိယုံကြည်သော ကိုးကွယ်သော လက်ခံကျင့်သုံးသော အရာသည်မည်မျှမည်ရွေ့ ခိုင်မာသည်၊ ယုံကြည်လောက်သည် သို့မဟုတ် လက်ခံနိုင် လောက်သည် ဆိုသောအချက်သည် အလွန်အရေးကြီးလှပေသည်။ ထို့အပြင်မိမိ၏ ယုံကြည်ရာကိုးကွယ်ရာသည် ယုံတမ်းစကားသို့မဟုတ် ပုံပြင်လေးတခုမျှအဆင့်
မဟုတ်ဘဲ အမှန်တကယ်ဖြစ်တည်ခဲ့သည့်အရာများဖြစ်သည်ကို တိကျခိုင်မာစွာသိနားလည်ရန်
လည်း အလွန်အရေးကြီးသည်ဟုခံယူမိပါသည်။ သို့ဆိုလျှင် ယနေ့မိမိကိုယ်ကိုခရစ်ယာန်ပါ
ဟု သမုတ်နေသောသူများ မိမိယုံကြည်ပါသည်ဆိုသော လက်ခံကျင့်သုံးပါသည်ဆိုသော သမ္မာကျမ်းစာသည် မည်ရွေ့မည်မျှ မှန်ကန်တိကျသည်ကို စဉ်းစားမိကြပါသလား။

လွန်ခဲ့သောနှစ်ပေါင်းလေးငါးထောင်ခန့်မှစ၍ ယေရှုခရစ်တော်
ကောင်းကင်သို့ ချီဆောင်ခြင်းခံရပြီးနောက်နှစ် ၉ဝ ခန့်
အတွင်းအစ္စရေးလ်နိုင်ငံတွင်ဖြစ်ပျက်သည့်အ
Dead Sea Scrolls မှ အပိုင်းအစတစ်ချို့
ကြောင်းအရာ သမိုင်းများ၊ ကဗျာများ၊ ဂျုးလူမျိုးတို့၏ ဥပဒေသများနှင့်  ယေရှုခရစ်တော်ကို ယုံကြည် ကိုးစားသူများနှင့် ဆန့်ကျင် သူများ အကြားဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များကို ရေးသားထားသည့် ခရစ်ယာန် သမ္မာကျမ်းစာအုပ် များသည် လူတစ်ဦး တယောက်သို့မဟုတ်အဖွဲ့အစည်းတစ်ခုခု၏ စိတ်ကူးစိတ်သန်းများဖြင့် ရေးသားခြင်းမဟုတ်ပေ။ ဘုရားသခင်မှုတ်သွင်းတော်မူသော ပုဂ္ဂိုလ်အသီးသီးတို့မှ ဘုရားသခင်ဖော်ပြသည့် အတိုင်းရေးသားထားချက်များပင်ဖြစ်သည်။
ထူးခြားသည့်အချက်မှာ ထိုရေးသားထားခဲ့သည့် မူလကျမ်းပုရပိုဒ်များသည် အဖြေရှာမရသည့်
ပဟေဠိပုစ္ဆာတခုလို

Tuesday, October 18, 2016

ခွင့်လွတ်ခြင်း။ (The Forgiveness)

နိဒါန်း
ခွင့်လွတ်ခြင်း (forgiveness) ဆိုတာ လူတိုင်း ရှာဖွေ သင့်တဲ့၊ ရှိသင့်တဲ့၊ တောင့်တ သင့်တဲ့ ပါရမီ(virtue) တစ်ပါးဖြစ် ပါတယ်။ ဒေါသ(anger)ကို သိုမှီးထားခြင်း ဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာ ရေး အတွက် အန္တရယ်ရှိ ရုံမျှမက စိတ်ကိုပါ ထိခိုက်နာ ကျင် စေပါတယ်။ တစ်စုံတစ် ယောက်သော သူကို ကျွန်ုပ်တို့ဟာ ခွင့်မလွှတ်ဘူး ဆိုရင်၊ သူ့ရဲ့အပြစ်ကိုချည် နှောင် ထားခဲ့မယ် ဆိုရင် ဒါဟာတစ်ဖက်လူကို ထိခိုက်နာကျင် စေတာမဟုတ်ဘဲ အဆိပ်ကိုကိုယ့်အထဲ မှာသိမ်းထား သလိုဖြစ်ပြီး ကိုယ့်ကိုယ် ကိုယ်သာနာ ကျင်စေခြင်းဖြစ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကျွန် မတို့ဟာ တစ်စုံတစ်ယောက် သောသူကို ခွင့်လွှတ် မယ်ဆိုရင် မြွေကိုက် ဒဏ်ရာက အဆိပ် တွေကိုဖေါက် ထုတ် လိုက်ပစ်သလိုမျိုး၊ ဝေဒနာ ကင်းပြီး၊ ပေါ့ပါးလန်း ဆန်းမှုကို ခံစားရ ပါလိမ့်မယ်။

ခွင့်လွှတ်ခြင်းဆိုတာ။
 

ခွင့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ့်အပေါ် အပြစ်ကျူးလွန်တဲ့ သူအပေါ်ထားတဲ့ မကျေမချမ်းမှု၊ ဒေါသ၊ အမုန်း၊ မကြိုက်၊မနှစ်သက်တာ၊ ဆန့်ကျင် အတိုက်အခံပြုမှု တွေကိုရပ်စဲခြင်း (ceasing) လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခွင်လွှတ်ခြင်းဆိုတာ အပြစ်လွန်ကျူးသူကို ခွင့်လွှတ်၊ ချမ်းသာပေးခြင်း၊ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးးလိုက်ခြင်း၊ (သို့)အပြစ်တွေကို ကင်းလွတ်ခွင့်ပေး/ လျှော်ပစ် လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်နဲ့ (သို့) အခြားသူများနဲ့ မိမိရဲ့ ကောင်းမွန်တဲ့ ဆက်သွယ်/ ဆက်ဆံရေးကို ပြန်လည် ထိန်းသိမ်း လိုက်ခြင်း၊ နဂိုအတိုင်း ပြန်ဖြစ်လာ စေခြင်းပဲဖြစ် ပါတယ်။ ခွင့်လွှတ်ခြင်း ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယခင်ကရှိနေတဲ့ ဆက်ဆံရေး အခြေအနေမျိုးကို နဂိုအတိုင်း ပြန် လည်ရောက်ရှိ စေခြင်းဖြစ် ပါတယ်။

ခွင့်လွှတ်ခြင်းဆိုင်ရာကျမ်းသဘောအမြင်

သမ္မာကျမ်းစာ အရကတော့ ခွင့်လွှတ်ခြင်းကို မူလအစ ပထမပြုသူက ထာဝရဘုရား သခင် ပဲဖြစ်ပါတယ်။ သူ့ရဲ့မျက် မှောက်တော်က နေလူသားတွေကို ကွဲကွာသွားစေတဲ့ အနှောက် အယှက်၊ အတား အဆီးများ

“အသင်းတော်အတွက် “အ” လေးလုံးဆန်းစစ်နည်း”

(SWOT Analysis for Local Church)
အသင်းတော်၏ အားသာချက် (Strength)၊ အားနည်းချက် (Weakness)၊ အခွင့်အလမ်း (Opportunities) နှင့်အတား အဆီး (Threat) တို့အား စနစ်တကျ ဆန်းစစ်သောနည်းကို (SWOT Analysis) ဟုခေါ်ပါသည်။ ဤနည်းအားဖြင့် အသင်းတော်၏ ရူပါရုံနှင့် ရည်ရွယ်ချက်များကို အောင်မြင်တိုးတက်စေသော အဓိကအကြောင်းတရားများအား ဖော်ထုတ်နိုင်ပါသည်။ အသင်းတော်လုပ်ငန်းများကို ကျဆင်းစေသော အသင်းတော်အတွင်းရှိ အားနည်းချက်များကို တွေ့မြင်လာကြလိမ့်မည်။ ပြင်ပဝန်းကျင်သည် အသင်းတော်အတွက်
မည်သည့်အခွင့်အလမ်းများကိုပေး၍ မည်သည့်အတားအဆီးများဖြင့် ကာဆီးထားကြောင်း တွေ့မြင်လာကြလိမ့်မည်။ ပြဿနာများကို ဖြေရှင်းရန်လိုအပ်သော သတင်းအချက်အလက်များကို ရရှိပါသည်။

ယေရှုခရစ်နှင့် “အ” လေးလုံး 
(က) သခင်ယေရှု (၃) နှစ်ခန့် အမှုတော်ဆောင်နေစဉ်အားသာချက်ရှိသူများကို ချီးမွမ်းခဲ့ပါသည်။ ဗျာဒိတ်ကျမ်းတွင် ခရစ်တော် သည် အသင်းတော်များ၏အားသာချက်များ (Strengths) များကိုချီးကျူးခဲ့သည် (ဗျာ၂း၂-၃၊  ၁၂း၁၃)။
(ခ) လူတို့၏အားနည်းချက်များကို သခင်ယေရှုထောက်ပြကြောင်းခရစ်ဝင်ကျမ်းများ၌ တွေ့ရပါသည် (မာကု ၁၀း၂၁)။ ဗျာဒိတ်ကျမ်းတွင်အသင်းတော်များ၏ အားနည်းချက်များ (Weaknesses) ကိုဝေဖန်ထောက်ပြခဲ့ပါသည်။ (ဗျာ၂း၎၊ ၃း၁၆)
(ဂ) သခင်ယေရှုသည် အလုပ်လုပ်ရန် အခွင့်အလမ်းများ (Opportunities) ကိုမြင်တတ်ပါသည် (ယော၉း၁-၄)။ တပည့်တော် များလည်းအမှုတော်ဆောင်ရန် အခွင့်အလမ်းများကိုမြင်တတ်ဖို့ကိုယ်တော်

Hymn Songs

ခါနန်အသင်းတော်ဝတ်ပြု အစီအစဉ်။ (12 June, 2016)


ခါနန်အသင်းတော်ဝတ်ပြု အစီအစဉ်။ (19 June, 2016)


Sunday, August 7, 2016

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။



လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
 
တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
 လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။
တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။
နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။
နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။
သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့

Friday, July 22, 2016

သင့်မှာ အားငယ်စရာရှိနေလား?

အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလျှောက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။

အဘိုးအိုက မေးလိုက်တယ်။
ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေမျက်နှာကြီးက သုန်မှုန်လို့ပါလား လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ၊ နေစရာ အိမ်လည်းမရှိ၊ သားမယားဆိုတာကတော့ ဝေလာဝေး၊ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့၊ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ၊ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ”..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဘိုးအိုက ပြုံးရယ်ပြီး..
မင်းက တကယ့်ငတုံး အရူးဘဲကွ..ဟေ၊ တကယ်ဆိုရင် မင်းဒီလိုမျိုး မငြီးငြူနေသင့်ဘူး၊ ဘာလို့လည်းဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေသေးလို့ ဘဲကွ
လူငယ်လည်း အဘိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ဘာလို့လဲအဘိုးရ..၊ အဘိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး လို့ မေးလိုက်တယ်။
အေးလေကွာ၊ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်.. မင်းမသိဘူး

Wednesday, July 20, 2016

ခြေဖနှောင့်အက်၊ ရည်ကြည်ဖုပေါက်ခြင်းနဲ့ သွေးကြောထုံးခြင်းတို့ကို ကုသပေးနိုင်မယ့် ဆေးနည်း။

အသားရေခြောက်သွေ့ခြင်းနဲ့ ခြေဖနှောင့်အက်ကွဲခြင်းတို့က ခြေထောက်မှာ အဖြစ်များဆုံးပြသနာတွေ ဖြစ်ပါတယ်။ ဒါတွေက အသားရေစိုပြေမှုကင်းမဲ့ခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာ၊ ဂရုစိုက်ထိန်းသိမ်းမှုမရှိခြင်း သို့မဟုတ် မသင့်လျှော်တဲ့ ရှူးဖိနပ်တို့ရဲ့ အကျိုးဆက်ဖြစ်ပါတယ်။  ကံအားလျှော်စွာနဲ့ ဒီပြသနာကို ဖြေရှင်းပေးမယ့် ပါဝင်ပစ္စည်း ၂ မျိုးတည်းဖြင့် ဖော်စပ်တဲ့ ကုထုံးတစ်ခု ရှိပါတယ်။ နောက် ရည်ကြည်ဖုပြသနာနဲ့ ခြေသလုံးမှာ သွေးကြောထုံးခြင်းတွေတောင် ဖြေရှင်းပါတယ်။

ဖော်စပ်နည်း
=======
အကိုက်အခဲပျောက်ဆေး aspirin ၁၀ လုံးကို အမှုန့်ကြိတ်ပြီး အရက်ပြန် (၁) ခွက်နဲ့ ရောစပ်ပါ။ ဒီအရောအနှောကို ၂ ရက် နှပ်ထားရပါမယ်။  အဲဒီအရောအနှောကို ညတိုင်းမွှေပြီး ဂွမ်းဖတ်စိမ်ရပါမယ်။ ဂွမ်းကို ကွဲနေတဲ့ခြေဖနှောင့်မှာထား၊ ပလတ်စတစ်နဲ့ ပတ်စည်းပြီး ခြေအိတ်စွပ်ပါ။ တစ်ညထားရပါမယ်။ မနက် ခြေထောက်ကို ရေနဲ့ဆေးပြီး ပုဝါနဲ့ သုတ်ပါ။  ဒီကုသနည်းဖြင့် အသားရေခြောက်သွေ့အက်ကွဲခြင်း၊ ရည်ကြည်ဖုပေါက်နဲ့ သွေးကြောထုံးမှုတွေကို (၁၀) ရက်အတွင်း ပျောက်ကင်းစေပါလိမ့်မယ်။ 

Friday, July 15, 2016

စမ်းချောင်းထဲကရေးလား..ဇလုံထဲကရေလား

တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။
အဖိုး ကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ
မေးပါ လူလေး
ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ ကျွန်တော့်ကို တစ်ရွာလုံးက ၀ိုင်းနှိမ်ကြပါတယ် အဖိုး
ကျွန်တော့်ကို ဆင်းရဲလို့လည်းနှီမ်ကြတယ် ရုပ်ဆိုးလို့လည်းနှိမ်ကြတယ် အရပ်ပုလို့လည်းနှိမ်ကြတယ် ကျွန်တော့်ရဲ့မျိုးရိုးကိုလည်းနှိမ်ကြတယ်
ကျွန်တော်က သဘောထားပြည့်ဝပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ် အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲဆိုတာ အဖိုးကိုလာမေးတာပါ
လူလေး တကယ်သဘောထားပြည့်ဝရဲ့လား
ပြောပြောဆိုဆို အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက်ခေါ်လာခဲ့တယ် ။
စမ်းချောင်းအစပ်ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကိုရေဖြည့်ပြီးကျောက်တုံးတစ်တုံးထည့်လိုက်တယ် ။ အဲဒီအခါ ရေတွေဟာ ဇလုံရဲ့အပြင်ဖက်ကို လျှံကျလာတာတွေ့လိုက်ရတယ် ။
ပြီးတော့အဖိုးအိုကအရွယ်အစားကြီးတဲ့ကျောက်တုံးတစ်တုံးကိုယူပြီး စမ်းချောင်းထဲပစ်ချလိုက်တယ် ။ စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ်ဖြစ်ပြီးခဏကြာတော့ ငြိမ်သက်သွားတယ် ။
အဖိုးက ရွာသားကိုပြောလိုက်တယ် ။
ငါ့မြေး ငါ့မြေးဟာ စမ်းချောင်းထဲကရေးလား ... ဇလုံထဲကရေလား .. .ကိုယ့်ကိုယ်ကို စမ်းချောင်းထဲကရေလို့ သဘောထားခဲ့ရင် 

Wednesday, July 13, 2016

ဖုန်းသုးံသူတွေသေချာသိသင့်တာပေါ့။

ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်..။
ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။
အနည်းဆုံး လေးပေ၊ ငါးပေ လောက်တော့ ခွာပြီး ထားရမယ့်
ပစ္စည်း ဖြစ်ပါတယ်။သူ့ဆီကနေ ထွက်တဲ့ ရေဒီယို ဓာတ်ကြွ
ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။
ခန္ဓာကိုယ် ပြင်ပ အရေပြားကစလို့ အတွင်း အထိကို ထိပါတယ်။
အနီးစပ်ဆုံး ကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမို ခံရပါတယ်။ဦးနှောက် အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ
အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင် ခြည်ကြောင့် သေဖို့ ပိုများပါတယ်။
ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့ အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက် ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ် စေနိုင် ပါတယ်။
ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။

Wednesday, July 6, 2016

"ထာဝရဘုရားကို ကိုးကွယ်ခြင်း"


ဘာသာတရား အမျိုးမျိုးက ကိုးကွယ်ဝတ်ပြုခြင်းကို အနက်ဖွင့်ဆိုပုံ အမျိုးမျိုးရှိပါသည်။ သမာကျမ်းစာ သွန် သင် သည် မှာ ကိုး ကွယ်ခြင်း ဟူ သည် အလုံးစုံ အပ်နှံခြင်း၊ အကြွင်း မဲ့ အရှုံးပေးခြင်း ဖြစ်ပါ သည်။မိမိဘ ၀ကို မိမိ ကိုယ်တိုင်မအုပ်ချုပ်တော့ပဲ ဘုရားသခင် သာအုပ် ချုပ်တော် မူပါဟု အလုံးစုံ အပ်နှံ လိုက်ခြင်းဖြစ်ပါသည် (ရောမ ၁၂း၁)။

ဘုရားသခင် ဒဏ်ခတ်မည် စီရင်မည်ကို ကြောက်ရွံ့သောကြောင့် အရှုံးပေးခြင်း မဟုတ်ပါ။ ဘုရားသခင် သည် ကျွန်ုပ်ကို အမှန်ပင် ချစ်တော်မူ သည်ဟု ခံစားသိရှိသောကြောင့် ကိုယ်တော်၏ လက်တော်ထဲသို့ ကိုယ့်ကို အပ်နှံ လိုက်ခြင်းဖြစ်သည် (၁ယော ၄း၉-၁၀၊ ၁၉)။

ဘုရား သခင် သည် ကျွန်ုပ်တို့ကိုချစ်ကြောင်းကို သက်သေ အထောက် အထားများ စွာဖြင့် ဖော်ပြ ပါသည်။
၁။ ကျွန်ုပ်တို့ကို သနားကျေးဇူးပြုပါသည် (ဆာလံ ၁၄၅း၉)။
၂။ ကျွန်ုပ်၏အပြုအမူနှင့် လမ်းခရီးများကို အစဉ်ကြည့်ရှု့နေသည် (ဆာလံ ၁၃၉း၃)။
၃။ ကျွန်ုပ်၏ဆံပင်ကို ရေတွက်သော ဘုရား ဖြစ်ပါသည် (မဲ ၁၀း၃၀)။
၎။ အသက်မွေးရန် လိုသောအရာများကို ပေးသည် (၁တိ ၆း၁၇)။
၅။ ကျွန်ုပ်တို၏ငြိမ်းသက်ခြင်းရှိရန် ပြင်ဆင်ပေးသည် (ယေရမိ ၂၉း၁၁)။
၆။ ကျွန်ုပ်တို့ဆုတောင်းလျှင် အဖြေပေးသည် (ဆာလံ ၈၆း၅)။
၇။ ကျွန်ုပ်တို့အတွက် တပါးတည်းသော သားတော်ကို စွန့်သည် (ယော ၃း၁၆)။

ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်သော သူသည် အလုံးစုံစွန့် လွှတ်ပူဇော်ခြင်း၏ အကျိုးကျေးဇူးများ

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း။



တကယ့်သူဌေးတွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။ သူတို့ဟာ ငွေရှာနည်းကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်းကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။

၁။ကယ်မလိုအပ်တဲ့ အရာတွေကို မ၀ယ်ယူမိပါစေနဲ့ တကယ့် သူဌေးတွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက်တကယ် မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။

၂။အနာဂါတ်အတွက်ငွေကြိုစုထားပါ 
ငယ်ရွယ်စဉ်မှာငွေမရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့နေလို့ မရပါဘူး။ဒီအတိုင်းပဲ သူဌေးတွေဟာ အနာဂါတ်အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။

၃။ထွက်ငွေနဲ့ဝင်ငွေကို စာရင်းပြုစုထားပါ။ 
သူဌေးတွေဟာ ထွက်ငွေ၊ ၀င်ငွေစာရင်းကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု့တွေဟာ လိုအပ်လား၊မလိုအပ်လား

Monday, July 4, 2016

ရုံးစာ နည်းစနစ်ကျစွာ ရေးသားနည်း (၁၀မျိုး)


Naw Day Day မှခါနန်လူငယ်များကို ဂျပန်အစားအစာ Sushi ပြုလုပ်နည်းတင်ကြားပေး။ (28 February, 2016)


တန်ဖိုး။ (Value)

လူငယ် တော်တော်များများ ဟာ ကိုယ့်ကို မင်းတန်ဖိုးမရှိတဲ့ ကောင်လို့ ပြောရင် သိပ်စိတ်ဆိုးတာဘဲ။
အဲတော့ တန်ဖိုးဆိုတာ ဘာလဲ လို့ မေးလိုက်ရင် အကုန် ကြောင်တောင်တောင်နဲ့၊ ဘာဖြေရမှန်း မသိကြတော့ဘူး ။
တကယ်တော့ တန်ဖိုး ဆိုတာ သဘာဝ ကို လုပ်အား ထည့်ပေါင်းလို့ ရလာခြင်းပဲ။
Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား
ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ ရွှံ့တွေ မတွေ့ရဘူးလား။ အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊ ငါသွားခွာလည်း ရတယ်၊ သဘာဝက အလကား ပေးထားတာလေ၊ အဲဒီရွှံ့ကို မင်းက သွားမခွာဘူး ငါက သွားခွာပြီးလောက်စလုံး လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊ လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး ငါက ပြန်ရောင်းလို့ ရတယ်။ သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့ တန်ဖိုးတက်မသွားဘူးလား။
ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။ လုပ်အား တက်သွားတော့ တန်ဖိုး ပိုတက် မသွား ပေဘူးလား။
ငါတို့တွေ လေကို အလကား မရှူရဘူးလား၊ ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ လေထိုးရင် တစ်ဘီးကို ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊ မင်းက အကိုရယ် လေအလကား ရတာပဲလို့ပြောကြည့်ပါလား၊ မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။
ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ သဘာဝလို့ဘဲဆိုပါတော့၊ ကိုယ့်ကိုယ်ကို လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက် တန်ဖိုးတက် လာမှာပါပဲလို့ ပြောချင်ပါတယ်။