အခန်း (၁)
ကျန်းမာကြံ့ခိုင်သောအသင်းတော်
ခေါင်းဆောင်များသည် ၀ိညာဉ်ရေးပိုင်းဆိုင်ရာကျန်း
မာရေးကောင်းမွန်သူများ
ဖြစ်စေရန်လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်သောအသင်းတော်
ခေါင်းဆောင်များသည်
စေတနာနှင့်အစေခံလိုစိတ် ရှိရန်လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်
သောအသင်းတော်ခေါင်းဆောင်များသည် သမ္မ္မာကျမ်းစာအားဖြင့် ဦးဆောင်သောသူများ
ဖြစ်စေရန် လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်သော အသင်းတော်ခေါင်းဆောင်များသည်၊
အခြားသောအသင်းသူ/သားများအား ဦးဆောင်မှုပြုနိုင်သည့် စွမ်းဆောင်ရည်မြှင့်
တင်ပေးနိုင်သူများဖြစ်စေရန်လိုအပ်ပါသည်။

(၁) ကျန်းမာကြံ့ခိုင်သောအသင်းတော်
ခေါင်းဆောင်များသည်ဝိညာဉ်ရေးပိုင်းဆိုင်ရာကျန်း
မာရေးကောင်းမွန်သူများဖြစ်စေရန်လိုအပ်ပါ
သည်။ဝိညာဉ်ရေးဆိုင်ရာကျန်းမာရေးဟူ
သည့်ခေါင်းဆောင်များတွင်ရှိသင့်ရှိထိုက် သောအရည်အချင်းတစ်ရပ်သည်ခရစ်ယာန်
ခေါင်းဆောင်မှု၏တစ်မူထူးခြားသောအ ချက်ဖြစ်သည်ကိုအသင်းတော်၏ခေါင်းဆောင်
များနှင့်အသင်းသူ/သားများတို့သိရှိနားလည် ရန်လိုအပ်ပါသည်။
သည့်ခေါင်းဆောင်များတွင်ရှိသင့်ရှိထိုက် သောအရည်အချင်းတစ်ရပ်သည်ခရစ်ယာန်
ခေါင်းဆောင်မှု၏တစ်မူထူးခြားသောအ ချက်ဖြစ်သည်ကိုအသင်းတော်၏ခေါင်းဆောင်
များနှင့်အသင်းသူ/သားများတို့သိရှိနားလည် ရန်လိုအပ်ပါသည်။
(၁ရာ၊၁၆း၇။မ၊၇း၁၂-၂၁)
တိမောသေသြ၀ါဒစာပထမစောင်အား ဖြင့်လေ့လာစဉ်းစာကြရန်တမန်တော်ကြီး
ရှင်ပေါလုထ့မှတိမောသေအားညွန်ကြား ချက်များကိုဖတ်ရှုလေ့လာရန်ဖြစ်ပါသည်။
(၁တိ၊၄း၇-၈။၁တိ၊၄း၁၂။၁တိ၎း၁၆။၁တိ၊၅း ၁-၂။၁တိ၊၆း၁၁)
(က) တမန်တော်ကြီးရှင်ပေါလု၏တိမောသေ အားသင်ကြားချက်များ (၁တိ၎း၇-၈၊၁၂၊
ရှင်ပေါလုထ့မှတိမောသေအားညွန်ကြား ချက်များကိုဖတ်ရှုလေ့လာရန်ဖြစ်ပါသည်။
(၁တိ၊၄း၇-၈။၁တိ၊၄း၁၂။၁တိ၎း၁၆။၁တိ၊၅း ၁-၂။၁တိ၊၆း၁၁)
(က) တမန်တော်ကြီးရှင်ပေါလု၏တိမောသေ အားသင်ကြားချက်များ (၁တိ၎း၇-၈၊၁၂၊
၁၆၊၅း၁-၂၊၆း၁၁)
(ခ) တမန်တော်ကြီးရှင်ပေါလု၏အခြားသော အသင်းတော်ခေါင်းဆောင်များအားသင်
ကြားချက်များ (၁တိ၊၃း၁-၇)
ကြားချက်များ (၁တိ၊၃း၁-၇)
၁။ဖော်ပြပါကျမ်းချက်မှာအသင်းတော်ခေါင်း ဆောင်များလိုအပ်သည့် (ဒေသနာသွန်သင်
ပေးတတ်သောစွမ်းဆောင်မှုအရည်အချင်း)
၂။အသင်းတော်ခေါင်းဆောင်များသည် မကြာမှီကမှ ယုံကြည်လာသူများမဖြစ်သင့်ပေ။
၃။ခရစ်ယာန်ခေါင်းဆောင်များ၏အရည်အချင်း ကိုအခန်းကဏ္ဍ(၃)ရပ်ဖြင့်စမ်းသပ်ရန်
လိုအပ်ပါသည်။
ပထမအချက်မှာ- ခေါင်းဆောင်၏နှလုံးသား ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည်ဥစ္စာ
ပိုင်ဆိုင်မှုကိုစွဲလမ်းစိတ်မရှိခြင်း (လောဘ)။ အရက်သောက်ခြင်း (မူးယစ်ဆေးဝါးသုံးစွဲမှု)
ဒေါသကိုထိန်းသိမ်းခြင်း၊ ပဋိပက္ခမဖြစ်စေရန်၊ သဟဇာတစိတ်ဖြင့်ထိန်းသိမ်းလိုစိတ်ရှိ
ခြင်း။ စည်းစိမ်တပ်မက်မှုမရှိခြင်းစသည့် အချက်များနှင့်ကင်းစင်သောသူများဖြစ်ရပါ
မည်။
ဒုတိယအချက်မှာ-ခေါင်းဆောင်တစ်ဦးသည်
ဖြောင့်မတ်သော အိမ်ထောင်ဘ၀ရှိ/မရှိစမ်း
စစ်ရန်ဖြစ်သည်။ ဇနီးမယားတစ်ဦးတည်းသာ ရှိသောသူ (၃း၂)။ ကလေးများကိုကောင်းမွန်
စွာပြုစုပျိုးထောင်သူ (၃း၎)။ ဖြစ်ရန်လိုသည်။
စစ်ရန်ဖြစ်သည်။ ဇနီးမယားတစ်ဦးတည်းသာ ရှိသောသူ (၃း၂)။ ကလေးများကိုကောင်းမွန်
စွာပြုစုပျိုးထောင်သူ (၃း၎)။ ဖြစ်ရန်လိုသည်။
တတိယအချက်မှာ-ခေါင်းဆောင်တစ်ဦးသည်
မိမိ၏ပတ်ဝန်းကျင်အသိုင်းအ၀န်းတွင် ရိုးရိုး
သားသား ဂုဏ်သိက္ခာရှိရှိ နေတတ်သောသူ ဖြစ်ကြောင်းစသဖြင့်စမ်းသပ်ရန်လိုအပ်သည်။
သားသား ဂုဏ်သိက္ခာရှိရှိ နေတတ်သောသူ ဖြစ်ကြောင်းစသဖြင့်စမ်းသပ်ရန်လိုအပ်သည်။
(ဂ) ကျန်းမာသောအတွင်းပိုင်းစိတ် (နှလုံးသား) ကိုပေါ်လာစေရန်မည်ကဲ့သို့ကျင့်ကြံကြမည် နည်း။ ကြိုးစားအားထုတ်ရန်ဖြစ်သည် (၁တိ၎း ၇-၈) မိမိ၏စိတ်သဘောထားကို မိမိကိုယ်တိုင်
အစဉ်အမြဲစမ်းစစ်မှုပြုကြရမည်။ တစ်ဦးတည်း ဆုတောင်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်း တို့ကို
စာမှသင်ယူသောသင်ခန်းစာများကို မိမိ၏အသက်တာတွင် ကိုယ်တိုင်လိုက်နာကျင့်သုံးမှုပြု
ရမည်။ အသင်းသူ/သားတို့အား ဟောပြောခြင်း မပြုမီကျမ်းစာမှသင်ယူသောသင်ခန်းစာများ
ကိုမိမိ၏အသက်တာတွင် ကိုယ်တိုင်လိုက်နာ ကျင့်သုံးမှုပြုရမည်။
အခန်း (၂)..................
ဧ၀ံဂေလိတရားနှင့်ဘုရားသခင်၏မြတ်စွာ သောမဟာမေတ္တာတို့ကိုအမြဲသတိထားစဉ်း
စားဆင်ခြင်မှုပြုခြင်း(၁တိ၊၁း၁၂-၁၇)။ဤကမ္ဘာ တစ်ဝှမ်းတွင်ကျန်းမာကြံ့ခိုင်သောအသင်း
တော်၏အကြောင်းထက်ပို၍အရေးကြီးသော ကြောင်းအရာတစ်စုံတစ်ခုမျှမရှဆိုသည်ကို
ကျွန်ုပ်တို့နားလည်သဘောပေါက်ပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်သည်ကျန်းမာ
ကြံ့ခိုင်သောအသင်းတော်များဟူသည့်အကြောင်း သည်အထွဋ်အထိပ်ဖြစ်ကြောင်းသမ္မာ
ကျမ်းစာတွင်တွေ့ရှိရပါသည်။ခေါ်တော်မူသော ကြောင့်မြော်လင့်ရသောအရာကားအ
ဘယ်အရာဖြစ်သည်ကို၎င်း၊သန့်ရှင်းသူတို့သည်ခံရ သောအမွေတော်၏ဘုန်းစည်းစိမ်ကား
အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ယုံကြည် သောငါတို့၌ပြတော်မူသောအလွန်ကြီးလှစွာ
သောတန်ခိုးတော်ကားအဘယ်မျှ လောက်ကြီး သည်ကို၎င်း၊သင်တို့သည်သိစေခြင်းငှာ၊
သင်တို့၏ဥာဏ်မျက်စိကိုလင်းစေပါမည်အ ကြောင်းဆုတောင်းပဌနာပြု၏။ထိုတန်ခိုးတော်
ကား၊ခရစ်တော်ကိုသေခြင်းမှထမြှောက်စေ တော်မူ၍ခရစ်တော်ပြုပြင်သောမဟာတန်ခိုး
အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ခပ်သိမ်းသောအ ထွဋ်အမြတ်၊အာဏာစက်၊တန်ခိုး၊အစိုးရ
ခြင်းမှစ၍ယခုဘ၀နောင်ဘ၀၌ခေါ်ဝေါ်သမုတ် သောဘွဲ့နာမအလုံးစုံတို့အထက်ကောင်း
ကင်အရပ်၌မိမိလက်ျာတော်ဘက်မှာအလွန်မြင့် မြတ်သောနေရာကိုခရစ်တော်အားပေး
တော်မူ၍၊ခြေဖ၀ါးတော်အောက်သို့အလုံးစုံကို ချထားသဖြင့်၊အသင်းတော်ဘို့၊သူ့ကိုအလုံးစုံ
တို့၏အချုပ်အချာဦးခေါင်းဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား၊အလုံးစုံတို့ကိုအလုံးစတို့
နှင့်ပြည့်စုံတော်မူသောသူတို့၏ပြည့်စုံခြင်းတည်း ဟူသောခရစ်တော်၏ကိုယ်ဖြစ်သတည်း။
ဧဖက်၊၁း၁၈-၂၃သခင်ယေရှုခရစ်တော်သေခြင်း မှပြန်လည်ထမြောက်ခြင်းအားဖြင့်စကြာ
ဝဠာအလုံးစုံကိုလွှမ်းမိုးအုပ်စိုးထားသော ဘုရားသခင်၏အနန္တတန်ခိုးတော်ပြတော်မူသည့်
အကြောင်းကိုဤကျမ်းချက်အားဖြင့်ဖော်ပြထား ပါသည်။(ဧ၊၃း ၁၀)ဤတန်ခိုးတော်ပြခြင်း
သည်မည်သည့်အတွက်ကြောင့်ဖြစ်သနည်း။ ဤကျမ်းချက်သည်အသင်းတော်အတွက်ဖြစ် သည်ကိုတွေ့ရှိရသည်။စကြာဝဠာတွင်ဘုရား သခင်ပြုတော်မူသောအရာခပ်သိမ်း၏ရည်
မှန်းချက်သည်ကိုယ်တော်၏အသင်းတော်ဖြစ်ပါ သည်။ဘုရားသခင်ပြုတော်မူသောအရာ
သည်အသင်းတော်အားကောင်းကြီးမင်္ဂလာ အပြည့်အ၀ခံစားနိုင်စေရန်ဖြစ်ပါသည်။ထိုပြင် ဘုရားသခင်သည်တန်ခိုးတော်နှင့်ဥာဏ်တော် တို့ကိုဤကမ္ဘာတစ်ဝှမ်းရှိအသင်းတော်တို့
အားမည်ကဲ့သို့ပြတော်မူသနည်း။ကောင်းကင် တမန်များအားဖြင့်မဟုတ်၊လောကုတ္တရာနိ မိတ်လက္ခဏာများအားဖြင့်မဟုတ်၊လောကီ တန်ခိုးများအားဖြင့်မဟုတ်၊အသင်းတော်အား
ဖြင့်ပြတော်မူမည့်အကြောင်းကြောင့်အသင်း တော်သည်ဘုရားသခင်အတွက်အရေးကြီး
ပါသည်။
စကြာဝဠာ၌ရှိသောဘုရားသခင်၏အကြံအစည် တ်ာသည်အသင်းတော်နှင့်သက်ဆိုင်ပါ
သည်။အသင်းတော်သည်အရေးကြီးသော အခန်းကဏ္ဍ၌ပါရှိသောကြောင့်ကျန်းမာကြံ့ ခိုင်သောအသင်းတော်များဖြစ်ရန်အတွက် အရေးကြီးပေသည်။ဗျာဒိတ်ကျမ်းအခန်းကြီး ၁၇-၁၉တွင်လူ့ဘ၀သမိုင်းစဉ်နိဂုံးတွင်ဖြစ်ပျက် မည့်အရာများအကြောင်းကိုတွေ့ရှိရပါ
သည်။အခန်းကြီး၁၇မှ၁၈သည်ရန်သူအပေါင်း ကိုဘုရားသခင်အောင်မြင်တော်မူ၍အခန်း
ကြီး၁၉တွင်ကြီးမားလှသောပွဲသဘင်ဆင်ယင် ကျင်းပခြင်းကိုတွေ့ရှိရပါသည်။ ဤပွဲ၏အလည်ဗဟို၌အသင်းတော်ကိုတွေ့ရှိ ရပါသည်။အခန်းငယ်၆-၉တွင်ကြီးမြတ်
သောမင်္ဂလာပွဲကိုတွေ့၍မည်သူနှင့်မည် သူထိမ်းမြှားခြင်းပြုကြပါသနည်း။သခင်ယေရှူ
နှင့်အသင်းတော်မင်္ဂလာဆောင်ခြင်းဖြစ်သည် ဟုစဉ်းစားလျှင်သမိုင်းစဉ်တစ်ခုလုံး၏အ
နက်အဓိပ္ပါယ်နှင့်အထွဋ်အထိပ်ရည်ရွယ်ချက် ကိုနားလည်သဘောပေါက်ရမည်ဖြစ်သည်။
ကိုယ်တော်အတွက်သတို့သမီးအဖြစ်သန့်ရှင်း သောသူများ(အသင်းတော်)ဖြစ်စေရန်သ
မိုင်းအစကတည်းကပင်ဘုရားသခင်သည်ကြံ စည်၍လုပ်ဆောင်တော်မူ၏။ထိုသို့ကျန်းမာ
သောသတို့သမီးဖြစ်စေရန်အရေးကြီးသဖြင့် ကျန်းမာကြံ့ခိုင်သောအသင်းတော်များရှိစေ
ရန်ထက်ပို၍အရေးကြီးသောအရာမရှိတော့ ပေ။

ကျန်းမာကြံ့ခိုင်သောအသင်းတော်များဖြစ်စေ
ရန်၊ကျန်းမာသောအသင်းတော်ခေါင်းဆောင်
များလိုအပ်သည်ဟူသည့်ခေါင်းစဉ်ကိုလေ့လာ
ရန်အောက်ဖော်ပြပါအချက်(၄)ချက်အားဖြင့်
ဆန်းစစ်ရန်ဖြစ်သည်။ကျန်းမာကြံ့ခိုင်သော
အသင်းတော်ခေါင်းဆောင်များသည်ဝိညာဉ်
ရေးပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်သူများ
ဖြစ်ရန်လိုအပ်ပါသည်။ကျန်းမာကြံ့ခိုင်သော
အသင်းတော်ခေါင်းဆောင်များသည်အလိုလို
စေတနာစိတ်ဖြင့်အစေခံစိတ်ရှိသူများဖြစ်ရန်
လိုအပ်ပါသည်။ကျန်းမာကြံ့ခိုင်သောအသင်း
တော်ခေါင်းဆောင်များသည်သမ္မာကျမ်းစာ
အားဖြင့်ဦးဆောင်သောသူများဖြစ်ရန်လိုအပ်
ပါသည်။ကျန်းမာကြံ့ခိုင်သောအသင်းတော်
ခေါင်းဆောင်များသည်အခြားသောအသင်း
သူ/သားများတို့၏ဦးဆောင်နိုင်မှုစွမ်းဆောင်
ရည်ကိုမြှင့်တင်ပေးနိုင်စွမ်းရှိသူများဖြစ်စေ
ရန်လိုအပ်ပါသည်။
ကျန်းမာ
ကြံ့ခိုင်သော အသင်းတော် ခေါင်းဆောင် များသည် ၀ိညာဉ်ရေး ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်သော
သူများဖြစ်စေ ရန်လိုအပ် ပါသည်။
(၁) ဤအချက် ကိုထောက်ရှုခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦး၏
အတွင်းပိုင်းစိတ်ကျန်းမာရေးအားပြုစု စောင့်ရှောက်ရန် အရေးကြီးဆုံးဖြစ်ကြောင်းတွေ့မြင်ရသည်။
(၂) ခေါင်းဆောင်တစ်ဦးသည်
ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ဆုတောင်း ပဌနာပြုတတ်သောသူ၊ ဘုရားသခင်ကို နှစ်သက်သောသူဖြစ်ရန်
လိုကြောင်းသိရှိရပါသည်။
(၃) ခေါင်းဆောင်တစ်ဦး၏
အတွင်းပိုင်းစိတ်သည် အပြင်ပန်းသဏ္ဍာန် ထက်ပို၍အရေးကြီးပါသည်။
(၄) ထို့အပြင်
ခေါင်းဆောင်တစ်ဦး၏စရိုက်သည် သူ၏ကျွမ်းကျင်မှုထက်ပို၍ အရေးကြီးပါသည်။ အသင်း တော်များကို
ဦးဆောင်ပေးခြင်း သည်အခြားသော ခေါင်းဆောင်မှု ပုံစံနှင့်မတူညီသော ကြောင့်အထက် ပါအချက်များကို
သိရှိနားလည်ရန် အရေးကြီးလှပါ သည်။နိုင်ငံရေး၊ စီးပွားရေး၊အား ကစားလောက တွင်အောင်မြင်မှု
တစ်ခုကိုသာ အာရုံစိုက်ပြီးခေါင်း ဆောင်တစ်ဦး၏ အကျင့်စာ ရိတ္တကိုလူ အများစုက အလေးမ ထားကြပေ။
အသင်းတော် ခေါင်းဆောင် တစ်ဦးသည် သူ၏စွမ်းဆောင် မှုအတွက်ခံယူ ထားရမည့် သဘောထား မှာမိမိ၏အစွမ်း
အစထက်ဘုရား သခင်သည်သူ၏ စိတ်နှလုံး အားပြင်ဆင် ပေးခြင်းကိုနား လည်ရန် အရေးကြီး သည်။ဤလော
ကတွင် စီးပွားရေး ကဏ္ဍ၌သော် လည်းကောင်း၊ အားကစားအခန်း ကဏ္ဍတွင် လည်းကောင်း ၊နိုင်ငံရေး
အခန်းကဏ္ဍ တွင်လည်းကောင်း၊ ရပ်ရွာမြို့နယ်ရှိ စည်းရုံးမှု အခန်းကဏ္ဍ၌သော် လည်းကောင်းခေါင်း
ဆောင်မှုအမျိုး မျိုးရှိကြသည်။ အခန်းကဏ္ဍ အလိုက်ရှိသင့် သောအရည် အချင်းများရှိ သော်ငြားလည်း
အထက်ဖော်ပြ ပါခေါင်းဆောင် မှုနေရာများမှာ ခေါင်းဆောင် တစ်ဦး၏ကျွမ်း ကျင်မှုကိုသူ၏ အတွင်းစရိုက်
ထက်ပို၍ အလေးထား သည်ကိုတွေ့ရှိ ရသည်။ထိုကျွမ်း ကျင်မှုနှင့်အရည် အချင်းများသည် အရေးကြီးသော်
လည်း၊ အသင်းသူ/သားများနှင့် အသင်းတော်ခေါင်း ဆောင်များအခြား သိရှိသင့်သော အချက်များရှိ
ပါသည်။
အသင်းတော်ခေါင်းဆောင်တစ်ဦးသည်-
(၁) ဘုရားသခင်အားအဘယ်မျှလောက်နှစ်သက်ပါသနည်း။
(၂) ဘုရားသခင်၏လူများအားအဘယ်မျှလောက်နှစ်သက်ပါသနည်း။
(၃) သန့်ရှင်းစင်ကြယ်သောအသက်တာရှိပါသလား။
(၄) အရာခပ်သိမ်း၌ဆုတောင်းပဌနာပြုသောသူတစ်ဦးဖြစ်ပါသလား။
ဘုရားသခင်၏ဘုန်းတော်အားအထွဋ်အထိပ်တွင်ထား၍နေထိုင်အသက်ရှင်သူဖြစ်ပါသလား။
ကျင့်ဝတ်တို့ သည်အများမြင် တွေ့နိုင်သော အပြင်ပိုင်းလက္ခ ဏာများကိုဦး
စားပေးခြင်းဖြစ် ၍သန့်ရှင်းဖြောင့် မှတ်သောအတွင်း ပိုင်းစိတ်နှလုံးရှိစေ ရန်မှာဘုရားသခင်ဦး
စွာထားတော်မူသော အရည်အ ချင်းဖြစ်ပါသည်။ ဓမ္မရာဇ၀င်ပထမစောင် အခန်းကြီး၁၆တွင်
က္ကုသရေလ လူမျိုးတော်အ တွက်ခေါင်းဆောင် တစ်ဦး ခန့်အပ် ထားရန် ယေရှဲ၏သားတစ်ဦး အားရွေးချယ်ရန်ရှမွေလကို
ပို့ဆောင်တော်မူသည်။
“သူတို့သည်ရောက်လာကြသောအခါ ဧလျာဘကိုကြည့်ရှု၍
စင်စစ်ထာဝရဘုရား၏ အမိန့်နှင့်ဘိသိပ်ခံ ရသောသူသည် ငါ့ရှေ့မှာရှိ၏ ဟုဆိုလေသော် ထာဝရဘုရားက
သူ၏မျက်နှာ သူ၏အရပ်ကို မကြည့်ရှုနှင့်။ သူ့ကိုငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်၊
လူသည်အဆင်း သဏ္ဍန်ကိုကြည့် ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေလအားမိန့်တော်
မူ၏။”
အကြီးဆုံးသော သားဧလျာဘ သည်ခေါင်းဆောင်မှု အရည်အချင်းများရှိသော်လည်း၊
ခေါင်းဆောင် တစ်ဦးတွင်ရှိသင့်သော သန့်ရှင်းဖြောင့်မတ်သည့်စိတ်နှလုံး မရှိသောကြောင့်
ဘုရားသခင်၏ရွေးချယ်ခြင်းကို မ ခံရပေ။ အခြားသော သူများမှ ဘုရားသခင်၏စိတ်နှလုံးရှိသော
သူအဖြစ်အငယ်ဆုံးသော သားဒါဝိဒ်ကိုရွေး ချယ်တော်မူ၏။ သမ္မာကျမ်းစာ အစမှအဆုံးအထိ ဤကဲ့သို့တွေ့ရှိရသည်။
သမ္မာကျမ်းစာ ရှိအရေးကြီး ဆုံးသော ဒေသနာတော်များတွင် ယေရှူခရစ်တော်သည် သူ၏တပည့်များအား
တောင်ထိပ်တွင်ပြောကြားသော ဒေ သနာအဆုံးအမကို (မ၊၇း၂၁၂၃) တွင်တွေ့ရှိရပါသည်။
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သူတိုင်း ကောင်းကင်နိုင်ငံတော်ကို
ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကိုဆောင်သော သူသာလျှင်ဝင်ရလိမ့်မည်။
ထိုနေ့၌ကား သခင်၊ သခင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ အခွင့်ဆုံးမသြ၀ါဒပေးတော်မူပါပြီ
မဟုတ်လော့။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော့။ အများသော
သူတို့သည်လျှောက်ကြ လိမ့်မည်။ ထိုသို့လျှောက် ကြသောအခါ သင်တို့ကိုငါအလျင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့
ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်”
လူများအနေဖြင့် ကျွမ်းကျင်မှုများ ရှိကြသော်လည်း ဘုရားသခင်ကို
မသိသောကြောင့် ဘုရားသခင်သည် ထိုသူတို့အား လက်ခံတော်မမူပေ။ ဘုရားသခင်၏အမြင်၌ ကျန်းမာကြံ့ခိုင်သော
ခေါင်းဆောင်တစ်ဦးသည် ကျန်းမာသော အတွင်းစိတ်နှလုံးရှိသောသူ တစ်ဦးဖြစ်သင့်ကြောင်း ခြုံငုံပြောဆို
ရန်ဖြစ်ပါသည်။ မိမိတို့၏စိတ်အား မိမိကိုယ်တိုင် စမ်းစစ်လျှင်မည်ကဲ့သို့တွေ့ရှိကြမည်နည်း။
အသင်းတော်၌ သင်တို့၏ ဦးဆောင်ခြင်းကို ဘုရားသခင် မည်ကဲ့သို့မြင်သနည်းဟု စဉ်းစားလျှင်
သင်တို့မည်ကဲ့ သို့ဖြေကြားမည်နည်း။ အပြင်ပိုင်းဆိုင်ရာများ (အဆောက်အဦး၊ ပရိသတ်အင်အား၊
အလှူတော်ငွေ ထည့်ခြင်းစသဖြင့်) သက်သေ အထောက်အထားပြ၍ ဖြေမည်လော။ မိမိ၏စိတ်နှလုံး အခြေအနေပေါ်တွင်
မူတည်၍ဖြေကြား မည်လား။ မိမိကိုယ်တိုင် ဘုရားရှင်နှစ်သက်သန့်ရှင်းသော အသက်တာရှိစေရန်
ဘုရားနှင့်နီးကပ်စွာနောက်တော် လိုက်ရန်ကြိုးစား အားထုတ်ခြင်းအကြောင်း အားဖြေကြားမည်လား။
ယခုတွင်တမန်တော်ကြီး ရှင်ပေါလုသည် တိမောသေအား ရေးထားသောသြ၀ါဒစာများကို ပိုမိုကာသေချာစွာလေ့လာကြပါမည်။
ကျန်းမာကြံ့ခိုင်သော အသင်းတော် ခေါင်းဆောင်ဖြစ်ရန် အကြောင်းများပါရှိသော (၁)+(၂) တိမောသေသြ၀ါဒစာများကို
ယခု အဓိကလေ့လာကြပါမည်။ ဧဖက်အသင်းတော်တွင် ဖြစ်ပေါ်လာသောပြဿနာများကို ဖြေရှင်းရန် ရှင်ပေါလုသည်
အသက်ငယ်ရွယ်သော တိမောသေကို ဧဖက်တွင်ကျန်နေခိုင်းခဲ့ပါသည်။ ဧဖက်အသင်းတော် တွင်တွေ့ရှိသည့်
အခက်အခဲများ ကိုဖြေရှင်းရန် မလွယ်ကူသဖြင့် တိမောသေမည်ကဲ့သို့ ဦးဆောင်ရ မည်ဆိုသည်ကို
ရှင်ပေါလုသည် ဤသြ၀ါဒစာအားဖြင့် အကြံပေးခဲ့ပါသည်။ ဤသြ၀ါဒစာတွင် အကြောင်းအမျိုးမျိုးတွေ့ရှိရသော်လည်း
တိမောသေ၏ စိတ်နှလုံးသည် အရေးပါပြီး မှန်ကန်သောစိတ် ထား၊ ဖြောင့်မတ်သော အသက်တာ၊ သန့်ရှင်းသော
အသက်တာ ရှိသူဖြစ်၍၊ ထိုကဲ့သို့သောပါရမီ ရှိသောသူများ သာလျှင်ခေါင်းဆောင် အဖြစ်ခန့်ထားရန်
ရှင်ပေါလုအဓိက အလေးပေးဖော်ပြခဲ့ပါသည်။
အခန်းကြီး (၃) တွင် အသင်းတော်ခေါင်းဆောင် အဖြစ်ခန့်အပ်ရန်
ထိုက်တန်သူမျိုးနှင့် ပတ်သက်၍ ရှင်ပေါလု သည် တိမောသေအား ညွှန်ကြားချက်များ ပေးခဲ့ပါသည်။
ထိုညွှန်ကြားချက်များ ကိုလေ့လာပါက ခေါင်းဆောင် တစ်ဦး၏ အကျင့်စာရိတ္တနှင့်အကျင့် သိက္ခာတို့ကို
သူတို့၏စွမ်းဆောင်ရည်များ ထက်ပိုမိုအလေး ထားကြောင်းတွေ့ရှိ ရပါသည်။ တမန်တော်ကြီး ရှင်ပေါလုသည်
တိမောသေ အားညွှန်ကြားခဲ့သော အချက်များကို သေချာစွာလေ့ လာကြမည်ဖြစ်သည်။
No comments:
Post a Comment