ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Friday, November 11, 2016

ခေါင်းဆောင်မှု အရည်အသွေး (၁၀) ချက်။

၁။ သိလိုစိတ် ပြင်းပြမှု (Curiosity) 
ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊ မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုးရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Good leaders are good listeners လို့ ခေါ်ကြတယ်။ အကယ်၍ ခေါင်းဆောင်တစ်ဦး အနေနဲ့သူနေထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်းသွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ဆိုတယ်။ အဲဒီ ခေါင်းဆောင်က လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေမှန်တယ်ဆိုတာကို သူကိုယ်တိုင် သိနိုင်မှာမဟုတ်တော့ဘူးလို့ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင်ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။ ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego) ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်တော့တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ရောက်ရှိမဲ့ နေရာက ဆုံးရှုံးမှု (failure) ပဲ ဖြစ်တယ်လို့ဆိုတယ်။

၂။ ဆန်းသစ်မှု (Creativity)

ခေါင်းဆောင်က မိမိဒုံရင်း နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေတယ်ဆိုတာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကိုထွက်ပြီး တွေးတောမှုတွေ ရှိရမယ်။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေရတာဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင်းလဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင်ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေကနေ ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် (သို့) တိုးတက်အောင်လုပ်ရမယ်။

၃။ ဆက်သွယ်ဆောင်ရွက်မှု (Communication)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆက်သွယ် ဆောင်ရွက်မှု.တွေ အမြဲ ပြုလုပ်နေဖို. လိုအပ်တယ် ။ ပါးစပ်
ကနေ ပြောနေရုံ သက်သက် မဟုတ်ဘဲ တကယ့် အမှန်တရားကို ရင်ဆိုင်ပြီး အမှန်ပြောဆိုတာကို ဆိုလိုတာဖြစ်တယ်။ ဆက်သွယ် ဆောင်ရွက်မှုကို အမှန်ပြောဆိုတာနဲ့ အစပြုရမယ်။ နာကြည်း ဖွယ်ရာဖြစ်ခဲ့မယ်ဆိုရင်တောင်မှ အမှန်ကို ပြောဆိုရမှာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တွေက ဆက်သွယ် ဆောင်ရွက်မှု ကောင်းတွေ (Leaders are good communicators) လို့လည်း ဆိုကြတာ ဖြစ်တယ်။

၎။ အကျင့်စာရိတ္တကောင်းမွန်သူ (Character)

ခေါင်းဆောင် တစ်ယောက်က အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ရမယ်။ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားပြီး မှန်တာကို လုပ်ရဲရမယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့် လိုက်ပါလို့ အီဗရာဟင်လင်ကွန်းက ဆိုခဲ့တယ်။

၅။ သတ္တိရှိမှု (Courage)

ခေါင်းဆောင်မှာ သတ္တိရှိရမယ်၊ ကြောက်ရွံ့ နေသူတွေ အကြားမှာ ထောင်ထောင်ထောင်ထောင် သွားပြတာက သတ္တိရှိတာ မဟုတ်ဘူး။ ကြမ်းကြမ်း တမ်းတမ်း ပြောတာကလည်း သတ္တိရှိတာ မဟုတ်ဘူး။ သတ္တိရှိတယ် ဆိုတာက တွေ့ဆုံညှိုနှိုင်း စကားဝိုင်းမှာထိုင်ပြီး ကတိက၀တ် ထားရှိစကား ပြောဆိုနိုင်မှု ဖြစ်တယ်လို့ဆိုတယ်။

၆။ လုပ်ချင် ကိုင်ချင် စိတ် ပြင်းပြမှု။ (Conviction)

ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို. မိမိ ယုံကြည်ချက်အတိုင်း လုပ်ကိုင်လိုစိတ် စိတ်ဓါတ် ခွန်အား ရှိရပါမယ် ။ ပြင်းပြ ထက်သန်တဲ့ စိတ်ဝင်စားမှု. လည်း ရှိဖို.လိုပါတယ် ။ လိုအပ်ရင် မိမိ အနားယူရမယ့် အချိန်မှာတောင် အလုပ်လုပ်နိုင်ရပါမယ် ။

၇။ လူအများ၏ ချစ်ခင်လေးစားနိုင်မှု (Charisma)

လူအများရဲ့ ချစ်ခင်လေးစားနိုင်စေမှုက လူတွေကို သင့်နောက်ကနေ လိုက်အောင် ပြုလုပ်နိုင်တဲ့ အရည်အသွေး ဖြစ်တယ်။ လူတွေကို စိတ်အားထက်သန်မှု ရှိစေတဲ့ အရည်အချင်း ဖြစ်တယ်။ လူတွေက သူ့ကို ယုံကြည်တဲ့အတွက် သူ့နောက်ကနေ လိုက်ကြတာ ဖြစ်တယ်။

၈။ ကျွမ်းကျင်လိမ္မာမှု (Competent)

ခေါင်းဆောင် တစ်ယောက်မှာ ကျွမ်းကျင် လိမ္မာမှုရှိရမယ်။ မိမိလုပ်နေတဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်တာတွေ အားလုံးကို သိနေရမယ်။ ပိုအရေးကြီးတာက သင်ကိုယ်တိုင်ရဲ့ ၀န်းကျင်မှာရှိနေတဲ့ သူတွေကလည်း သူတို့ ဘာတွေ လုပ်နေတာလည်းဆိုတာ သိနေတဲ့လူတွေ ဖြစ်ဖို့လိုတယ်။ ခေါင်းဆောင်က ပြသာနာ ဖြေရှင်းနိုင်သူတစ်ဦး ဖြစ်ဖို့ လိုတယ်။

၉။ လက်တွေ့ကျကျ တွေးတောတတ်မှု (Common Sense)

အကယ်၍ သင့်မှာ လက်တွေ့ကျကျ တွေးတောတတ်မှု မရှိရင် ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်ဘူးလို့ဆိုတယ်။ ခေါင်းဆောင်က ခိုင်မာတဲ့ စိတ်ဓာတ် ရှိရမယ်။ ကြီးမားတဲ့ အပြုံးပိုင်ရှင် တစ်ယောက် ဖြစ်ရမယ်။ ဆုတ်စရာရှိရင် ညင်ညင်သာသာ ဆုတ်တတ်ရမယ်။ လုပ်စရာရှိရင် မြန်မြန်ထက်ထက် လုပ်တတ်ရမယ်။ အကယ်၍ သင်က လူသားဆန်တဲ့လူတစ်ယောက် ဖြစ်လာဖို့သင့်ရဲ့ ကြောင်းကျိုး ခိုင်လုံစေမှုနဲ့ လက်တွေ့ကျကျ တွေးတတ်မှု လိုအပ်တယ်။

၁၀။ အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု (Crisis)

မည်သူမှ ခေါင်းဆောင်အနေနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး ။ ခေါင်းဆောင်ဆိုတာ ဖန်တီး ဖြစ်ပေါ်လာတာပါ။ ခေါင်းဆောင်ဆိုတာ အကျဉ်းအကျပ် ကာလအတွင်းမှာ ပုံသွင်းခံရသူနဲ့ လမ်းထွင်နိုင်သူ ဖြစ်တယ်။ ခုံပေါ်မှာ ခြေထောက်တင်ပြီး စာတွေ့တွေ ပြောရတာက လွယ်ကူပေမဲ့ လက်တွေ့မှာ ဖြစ်လာတဲ့အခက်အခဲတွေ၊ အကျဉ်းအကျပ် ဖြစ်မှုတွေကနေ အောင်မြင်အောင် လမ်းထွင်နိုင်သူ ဖြစ်မှသာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တယ်။ ကံတရားထက်တကယ့် ဖြစ်ရပ်တွေပေါ် အခြေခံပြီး အခက်အခဲ ဒုက္ခတွေ့တိုင်း အသင်းသူ/သားများနဲ့ထပ်တူခံစား၊ အသင်းသူ/သားတွေအတွက် စိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်သူဖြစ်ရမယ် ။

No comments:

Post a Comment