ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Monday, July 4, 2016

အဖေ။

အဖေ့မှာ ရင်ခွင်တစ်ခုပဲရှိတယ်..
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
အဖေ့မှာ ဦးနှောက်တစ်လုံးပဲရှိတယ်
ဒါပေမယ့် မိသားစုအားလုံးအတွက်
အကြံကောင်း ဉာဏ်ကောင်းတွေရှိတယ်
အဖေ့မှာ အားလပ်ချိန်နည်းတယ်...
ဒါပေမယ့် အချိန်တိုင်းဟာ မိသားစုအတွက်ပေးဆပ်ဖို့အသင့်ပါပဲ....
အဖေဟာ သူရဲကောင်းတစ်ယောက်မဟုတ်ပါဘူး...
ဒါပေမယ့် မိသားစုဘ၀လုံခြုံစိတ်ချရဖို့
အကာအကွယ် ပေးစွမ်းနိုင်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပဲဖြစ်တယ်.
အမေ့ကိုချစ်သလို အဖေ့ကိုလည်းချစ်ပါ...
အမေ့ကို ဂရုစိုက်သလို အဖေ့ကိုလည်း ဂရုစိုက်ပါ...
Cre:ငြိမ်းလဲ့

No comments:

Post a Comment