ခါနန်အသင်းတော် Website ကို လာကြည့်သူများ ကိုယ်စိတ်နှလုံးရွှင်လန်းခြင်းကောင်းကြီး မင်္ဂလာခံစားကြပါစေ.... ခါနန်အသင်းတော်ကို လာရောက်မိတ်သဟာယ ဖွဲ့ခဲ့ပါရန် မေတ္တာဖြင့်ခေါ်ဖိတ်ပါတယ်..

Friday, November 11, 2016

ကျန်းမာကြံ့ခိုင်သော အသင်းတော်ခေါင်းဆောင်များဖြစ်စေရန်။

အခန်း (၁)
ကျန်းမာကြံ့ခိုင်သောအသင်းတော် ခေါင်းဆောင်များသည် ၀ိညာဉ်ရေးပိုင်းဆိုင်ရာကျန်း
မာရေးကောင်းမွန်သူများ ဖြစ်စေရန်လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်သောအသင်းတော်
ခေါင်းဆောင်များသည် စေတနာနှင့်အစေခံလိုစိတ် ရှိရန်လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်
သောအသင်းတော်ခေါင်းဆောင်များသည် သမ္မ္မာကျမ်းစာအားဖြင့် ဦးဆောင်သောသူများ
ဖြစ်စေရန် လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင်သော အသင်းတော်ခေါင်းဆောင်များသည်၊
အခြားသောအသင်းသူ/သားများအား ဦးဆောင်မှုပြုနိုင်သည့် စွမ်းဆောင်ရည်မြှင့်
တင်ပေးနိုင်သူများဖြစ်စေရန်လိုအပ်ပါသည်။ 
(၁) ကျန်းမာကြံ့ခိုင်သောအသင်းတော် ခေါင်းဆောင်များသည်ဝိညာဉ်ရေးပိုင်းဆိုင်ရာကျန်း
မာရေးကောင်းမွန်သူများဖြစ်စေရန်လိုအပ်ပါ သည်။ဝိညာဉ်ရေးဆိုင်ရာကျန်းမာရေးဟူ
သည့်ခေါင်းဆောင်များတွင်ရှိသင့်ရှိထိုက် သောအရည်အချင်းတစ်ရပ်သည်ခရစ်ယာန်
ခေါင်းဆောင်မှု၏တစ်မူထူးခြားသောအ ချက်ဖြစ်သည်ကိုအသင်းတော်၏ခေါင်းဆောင်
များနှင့်အသင်းသူ/သားများတို့သိရှိနားလည် ရန်လိုအပ်ပါသည်။
(၁ရာ၊၁၆း၇။မ၊၇း၁၂-၂၁) တိမောသေသြ၀ါဒစာပထမစောင်အား ဖြင့်လေ့လာစဉ်းစာကြရန်တမန်တော်ကြီး
ရှင်ပေါလုထ့မှတိမောသေအားညွန်ကြား ချက်များကိုဖတ်ရှုလေ့လာရန်ဖြစ်ပါသည်။
(၁တိ၊၄း၇-၈။၁တိ၊၄း၁၂။၁တိ၎း၁၆။၁တိ၊၅း ၁-၂။၁တိ၊၆း၁၁)
 (က) တမန်တော်ကြီးရှင်ပေါလု၏တိမောသေ အားသင်ကြားချက်များ (၁တိ၎း၇-၈၊၁၂၊
၁၆၊၅း၁-၂၊၆း၁၁)
(ခ) တမန်တော်ကြီးရှင်ပေါလု၏အခြားသော အသင်းတော်ခေါင်းဆောင်များအားသင်
ကြားချက်များ (၁တိ၊၃း၁-၇) 

၁။ဖော်ပြပါကျမ်းချက်မှာအသင်းတော်ခေါင်း ဆောင်များလိုအပ်သည့် (ဒေသနာသွန်သင်
ပေးတတ်သောစွမ်းဆောင်မှုအရည်အချင်း)

၂။အသင်းတော်ခေါင်းဆောင်များသည် မကြာမှီကမှ ယုံကြည်လာသူများမဖြစ်သင့်ပေ။

၃။ခရစ်ယာန်ခေါင်းဆောင်များ၏အရည်အချင်း ကိုအခန်းကဏ္ဍ(၃)ရပ်ဖြင့်စမ်းသပ်ရန်
လိုအပ်ပါသည်။ 

ပထမအချက်မှာ- ခေါင်းဆောင်၏နှလုံးသား ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည်ဥစ္စာ
ပိုင်ဆိုင်မှုကိုစွဲလမ်းစိတ်မရှိခြင်း (လောဘ)။ အရက်သောက်ခြင်း (မူးယစ်ဆေးဝါးသုံးစွဲမှု)
ဒေါသကိုထိန်းသိမ်းခြင်း၊ ပဋိပက္ခမဖြစ်စေရန်၊ သဟဇာတစိတ်ဖြင့်ထိန်းသိမ်းလိုစိတ်ရှိ
ခြင်း။ စည်းစိမ်တပ်မက်မှုမရှိခြင်းစသည့် အချက်များနှင့်ကင်းစင်သောသူများဖြစ်ရပါ
မည်။ 

ဒုတိယအချက်မှာ-ခေါင်းဆောင်တစ်ဦးသည် ဖြောင့်မတ်သော အိမ်ထောင်ဘ၀ရှိ/မရှိစမ်း
စစ်ရန်ဖြစ်သည်။ ဇနီးမယားတစ်ဦးတည်းသာ ရှိသောသူ (၃း၂)။ ကလေးများကိုကောင်းမွန်
စွာပြုစုပျိုးထောင်သူ (၃း၎)။ ဖြစ်ရန်လိုသည်။

တတိယအချက်မှာ-ခေါင်းဆောင်တစ်ဦးသည် မိမိ၏ပတ်ဝန်းကျင်အသိုင်းအ၀န်းတွင် ရိုးရိုး
သားသား ဂုဏ်သိက္ခာရှိရှိ နေတတ်သောသူ ဖြစ်ကြောင်းစသဖြင့်စမ်းသပ်ရန်လိုအပ်သည်။ 

(ဂ) ကျန်းမာသောအတွင်းပိုင်းစိတ် (နှလုံးသား) ကိုပေါ်လာစေရန်မည်ကဲ့သို့ကျင့်ကြံကြမည် နည်း။ ကြိုးစားအားထုတ်ရန်ဖြစ်သည် (၁တိ၎း ၇-၈) မိမိ၏စိတ်သဘောထားကို မိမိကိုယ်တိုင်
အစဉ်အမြဲစမ်းစစ်မှုပြုကြရမည်။ တစ်ဦးတည်း ဆုတောင်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်း တို့ကို

ခေါင်းဆောင်မှု အရည်အသွေး (၁၀) ချက်။

၁။ သိလိုစိတ် ပြင်းပြမှု (Curiosity) 
ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊ မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုးရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Good leaders are good listeners လို့ ခေါ်ကြတယ်။ အကယ်၍ ခေါင်းဆောင်တစ်ဦး အနေနဲ့သူနေထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်းသွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ဆိုတယ်။ အဲဒီ ခေါင်းဆောင်က လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေမှန်တယ်ဆိုတာကို သူကိုယ်တိုင် သိနိုင်မှာမဟုတ်တော့ဘူးလို့ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင်ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။ ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego) ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်တော့တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ရောက်ရှိမဲ့ နေရာက ဆုံးရှုံးမှု (failure) ပဲ ဖြစ်တယ်လို့ဆိုတယ်။

၂။ ဆန်းသစ်မှု (Creativity)

ခေါင်းဆောင်က မိမိဒုံရင်း နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေတယ်ဆိုတာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကိုထွက်ပြီး တွေးတောမှုတွေ ရှိရမယ်။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေရတာဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင်းလဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင်ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေကနေ ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် (သို့) တိုးတက်အောင်လုပ်ရမယ်။

၃။ ဆက်သွယ်ဆောင်ရွက်မှု (Communication)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆက်သွယ် ဆောင်ရွက်မှု.တွေ အမြဲ ပြုလုပ်နေဖို. လိုအပ်တယ် ။ ပါးစပ်

ခရစ်ယာန်ဘာသာ နှင့် မြန်မာနိုင်ငံ (အကျဉ်းချုပ်)

မူလအစမှာ ဂျုးဘာသာမှစတင်ခဲ့သည်။ ဂျူးလူမျိုးတို့သည် မောရှေ၏ ပညတ်တရား (၁၀) ပါးကို အခြေခံပြီး က္ကုသရေလ ဟုခေါ်သော အစ္စရေးလူမျိုး များကိုးကွယ်သည့် ဘုရားဖြစ်သည်။ ခရစ်တော် သခင်ယေရှု ဖွားမြင်ပြီးပြီး၊ ဘုရားသခင်သည် လူ့အသွင်ဖြင့် ကမ္ဘာလောကသို့ ကြွလာခြင်းဖြစ်သည်ဟု ကြေငြာခဲ့ရာတွင် ဂျူးလူမျိုးများက လက်မခံနိုင်ပဲ သခင်ယေရှုကို ကားတိုင်ပေါ်တင်သတ်ရန် ရောမအာဏာပိုင် များကို တောင်းဆိုကာ အသေသတ်ခဲ့သည်။ သခင်ယေရှုသေလွန်ပြီး ၃ ရက်မြောက်တွင် ကျမ်းစာလာသည်အတိုင်း အလောင်းတော်ပျောက်ဆုံးသွားပြီး ရှင်ပြန်ထမြောက်ကာ ထွက်ပြေးပုန်းရှောင်သွားသော တမန်တော်များကို ရက် (၄၀) လုံး ကိုယ်ထင်ပြသခဲ့ပြီး လူပေါင်းများစွာရှေတွင် ကောင်းကင်ဘုံသို့ ဈန်ပျံကြွသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ် (Holy Spirit) ကျန်ရစ်ခဲ့ပြီး ခရစ်ယာန်များသည် ၃ ပါးတစ်ဆူအဖြစ်၊ ဘုရာသခင် (ခမည်းတော်)။ သခင်ယေရှု (သားတော်) နှင့် သန့်ရှင်းသောဝိညာဉ်တော် (၃) ပါးကို တစ်ဆူတည်းအဖြစ် သတ်မှတ်ကိုးကွယ်ကြသည်။

ခရစ်ယာန်ဘာသာတွင် ဘုရားသခင်၏ ၀ိညာဉ်တော်မှုတ်သွင်းပြီး လူသားများအားရေးသားစေသည့် သမ္မာကျမ်းကို ဘုရားသခင်၏ ပြောစကားအဖြစ်မှတ်ယူထားကြသည်။ သခင်ယေရှု မမွေးဖွားမီက ရေးသားခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး၊ သခင်ယေရှုမွေးဖွားခြင်း (Christmas) နောက်ပိုင်းရေးသားသော ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်သည်။ အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုဒ်နေ့အဖြစ်သတ်မှတ်ကာ စုပေါင်းကိုးကွယ်ဝတ်ပြုကြသည်။ ဂိုဏ်အမျိုးမျိုးရှိသည့်အနက် ရိုမန်ကက်သလစ် နှင့် ပရိုတက်စတင့် ၂မျိုးသည် အ