သော့ချက်ကျမ်းပိုဒ် - ဧဖက် ၁း၃-၎
ဖတ်ရန်ကျမ်းပိုဒ် - ဧဖက်အခန်းကြီး (၁)
ချစ်မိတ်ဆွေ
ကြီးမြတ်သောဘုရင်၏မိသားစုထဲသို့ မွေးဖွားလာသော သားဦးသည် အိမ်ရှေ့ မင်းသားအရာကို ရ၏။ သူသည် ချက်ချင်းပင် ဘုရင်၏ချမ်းသာ ကြွယ်ဝခြင်း နှင့် ဘုန်းတန်ခိုးတို့၏အမွေခံ ဖြစ်လာပါသည်။ သို့ဖြစ်လင့်ကစား၊ သူသည် ဘုရင်၏သားဦးဖြစ်သောကြောင့် ထိုအရာ အားလုံးတို့ကို သူ ပိုင်ဆိုင် သည်။ တစ်နေ့ ထိုကြွယ်ဝခြင်းနှင့်ဘုန်းတန်ခိုးတို့ကို တကယ်ပင် ပိုင်ဆိုင် လာမည်။
ယုံကြည်သူအတွက် ထိုနည်းတူပင် ဖြစ်သည်။ ၀ိညာဉ်တော်အားဖြင့် ပြန် လည် မွေးဖွားသောသူသည် ဘုရားသား ဖြစ်၏။ ထိုသူသည် တစ်ပြိုင်နက် ဘုရားသခင်ကြွယ်ဝချမ်းသာမှု၏ အမွေခံဖြစ်လာသည်။ ယုံကြည်သူအသစ်တစ်ဦး အနေဖြင့် သူသည် ထိုကြွယ်ဝခြင်း နှင့်အခွင့်အရေးများအကြောင်းမသိသေးပေမဲ့ ဘုရားသခင်မိသားစုအတွင်းသို့မွေးဖွား လာခြင်းကြောင့် ထိုအရာအားလုံးကို သူပိုင်ဆိုင်ပြီးဖြစ်သည်။
ဘုရားသခင်၏ကြီးမြတ်သောကယ်တင်ခြင်း
ဤကယ်တင်ခြင်းတွင် နှစ်ဖက်ရှိပါသည်။ ကျွန်ုပ်တို့ဘက်၌ ကယ်တင်ခံရခြင်းကြောင့် ရရှိသောအရာ ဖြစ်သည်။ ဘုရားသခင်ဘက်၌ ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ရန် စီစဉ်လုပ်ဆောင်သောအရာ ဖြစ်ပါသည်။ ဘုရားသခင်၏ကြီး မြတ်သော ကယ်တင်ခြင်းအကြောင်းကို ကောင်းစွာ သဘောပေါက်နားလည်ရန် ထာဝရကာလကိုပြန်ကြည့်ကြရမည်။
ပထမ လူသားအာဒံသည် ကျဆင်းပြီး လောကထဲသို့ အပြစ်နှင့်သေခြင်းတရားကို ယူဆောင်လာမည်ကို ဘုရားသခင် သိထား ပါသည်။ သို့သော် ထာဝရကာလကတည်းကပင်