အသားရေခြောက်သွေ့ခြင်းနဲ့ ခြေဖနှောင့်အက်ကွဲခြင်းတို့က
ခြေထောက်မှာ အဖြစ်များဆုံးပြသနာတွေ ဖြစ်ပါတယ်။ ဒါတွေက အသားရေစိုပြေမှုကင်းမဲ့ခြင်း၊
ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာ၊ ဂရုစိုက်ထိန်းသိမ်းမှုမရှိခြင်း သို့မဟုတ်
မသင့်လျှော်တဲ့ ရှူးဖိနပ်တို့ရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ကံအားလျှော်စွာနဲ့
ဒီပြသနာကို ဖြေရှင်းပေးမယ့် ပါဝင်ပစ္စည်း ၂ မျိုးတည်းဖြင့် ဖော်စပ်တဲ့ ကုထုံးတစ်ခု
ရှိပါတယ်။ နောက် ရည်ကြည်ဖုပြသနာနဲ့ ခြေသလုံးမှာ သွေးကြောထုံးခြင်းတွေတောင်
ဖြေရှင်းပါတယ်။ဖော်စပ်နည်း
=======
အကိုက်အခဲပျောက်ဆေး aspirin ၁၀ လုံးကို အမှုန့်ကြိတ်ပြီး အရက်ပြန် (၁) ခွက်နဲ့ ရောစပ်ပါ။ ဒီအရောအနှောကို ၂ ရက် နှပ်ထားရပါမယ်။ အဲဒီအရောအနှောကို ညတိုင်းမွှေပြီး ဂွမ်းဖတ်စိမ်ရပါမယ်။ ဂွမ်းကို ကွဲနေတဲ့ခြေဖနှောင့်မှာထား၊ ပလတ်စတစ်နဲ့ ပတ်စည်းပြီး ခြေအိတ်စွပ်ပါ။ တစ်ညထားရပါမယ်။ မနက် ခြေထောက်ကို ရေနဲ့ဆေးပြီး ပုဝါနဲ့ သုတ်ပါ။ ဒီကုသနည်းဖြင့် အသားရေခြောက်သွေ့အက်ကွဲခြင်း၊ ရည်ကြည်ဖုပေါက်နဲ့ သွေးကြောထုံးမှုတွေကို (၁၀) ရက်အတွင်း ပျောက်ကင်းစေပါလိမ့်မယ်။

No comments:
Post a Comment