ကွန်ပျူတာ ကိုင်ဆောင်နေချိန် Laptop အဖုံးလေးပိတ်လိုက်တာ
နဲ့ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်းလေးတင်ပေး
လိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင်ပါတယ်နော်၊
လုပ်ဆောင်ရတာ လွယ်ကူတယ်ဆိုပေမယ့် မသိရင်တော့ ခတ်တာပေါ့နော်၊ ကဲကျွန်တော်နဲ့အတူလိုက်လုပ် ရအောင်..
(၁) ကီးဘုပ်မှ Window Key+R ကိုတွဲနှိပ်ပြီး၊ RunBox ခေါ်ပေးလိုက်ပါ။
အောက်ကပုံလေးတိုင်ပေါ်လာရင် တော့ Powercfg.cpl ရိုက်ထည့်ပြီး၊ ok နှိပ်ပေး လိုက်ပါ။အောက်ကပုံလေးတိုင်းပါ..
(၂) နောက်တစ်နည်းဝင်နည်းကတော့ အောက်ကပုံလေးတိုင်းဖြစ်ပါတယ်၊ Power Option ထဲကို ဘယ်လိုဝင်ဝင် ကိုယ်လိုရာရောက်ဖို့ပါဘဲ၊
(၃) အပေါ်မှာပြောခဲ့တဲ့ နည်းတွေနဲ့ ဝင်လို့ ရောက်သွားရင် အောက်က ပုံလေး
Sunday, October 30, 2016
Monday, October 24, 2016
TEACHER (ဆရာ)
ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင်
(Teacher) ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။
Teaching (ပညာသင်ကြားပေးခြင်း)
ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ မြန်မာ့ယဉ်ကျေုးမှုအရတော့ ၁။ သင်ဆရာ ၂။ မြင်ဆရာ ၃။ ကြားဆရာ ဆိုပြီး ဆရာသုံးမျိုးပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။
Education (ပညာတတ်မြောက်ခြင်း)
ဆရာတစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ်ဖြစ်မှ တပည့်တွေရဲ့ လေးစား အားကျခြင်းကို ရနိုင်မှာဖြစ်တဲ့အပြင် သူတို့ကိုအလွယ်တကူ လမ်းညွှန်နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တော့
(Teacher) ဆိုတဲ့ ထို စာလုံးဖြစ်လာတာဟာ စာလုံးများစွာရဲ့ အစ စကားလုံးလေးတွေ ပေါင်းထားတာပါ
လို့ ဆို ပါတယ်။
T =
teaching
E =
education
A = active
C = clever
H = honest
E = expert
R =
research minded
အဲဒီအချက်တွေထဲက
တစ်ချက်တလေကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။
Teaching (ပညာသင်ကြားပေးခြင်း)
ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ မြန်မာ့ယဉ်ကျေုးမှုအရတော့ ၁။ သင်ဆရာ ၂။ မြင်ဆရာ ၃။ ကြားဆရာ ဆိုပြီး ဆရာသုံးမျိုးပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။
Education (ပညာတတ်မြောက်ခြင်း)
ဆရာတစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ်ဖြစ်မှ တပည့်တွေရဲ့ လေးစား အားကျခြင်းကို ရနိုင်မှာဖြစ်တဲ့အပြင် သူတို့ကိုအလွယ်တကူ လမ်းညွှန်နိုင်မှာဖြစ်ပါတယ်။
Active (တက်ကြွမှုရှိခြင်း)
ဆရာတွေဆိုတာ ကျောင်းသားတွေရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထက်မြက်တက်ကြွမှု အပြည့်ရှိဖို့လိုပါတယ်။ တက်ကြွတဲ့ဆရာရဲ့လမ်းညွှန်မှုအောက်ကတပည့်တွေဟာစိတ်ဓာတ်ရော၊ ယုံကြည်မှုပါ မြင့်မားကြတာမို့
ဆရာတွေဆိုတာ ကျောင်းသားတွေရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထက်မြက်တက်ကြွမှု အပြည့်ရှိဖို့လိုပါတယ်။ တက်ကြွတဲ့ဆရာရဲ့လမ်းညွှန်မှုအောက်ကတပည့်တွေဟာစိတ်ဓာတ်ရော၊ ယုံကြည်မှုပါ မြင့်မားကြတာမို့
Thursday, October 20, 2016
မြန်မာနိုင်ငံတွင်းသုံး ဆင်းကဒ်အားလုံးကို မှတ်ပုံတင်ပေးမယ့် Application ( All Sim Register apk)
မြန်မာနိုင်ငံရဲ့ Operator သုံးခုလုံးဖြစ်တဲ့ -
(၁) MPT
(၂) Ooredoo
(၃) Telenor
၎င်း Sim card များအားလုံးကို Online ကနေမှတ်ပုံတင်နိုင်မဲ့ application လေးကိုတင်ပေးလိုက်ပါတယ်။
apk လေးထဲမှာ sim သုံးမျိုးလုံးကို Register လုပ်နိုင်မဲ့နေရာအား ထည့်သွင်းပေးထားပါတယ်ဗျာ။
MPT ကိုလည်းအခုဆိုရင် Online ကနေ မှတ်ပုံတင်နိုင်ပြီလို့ သိရှိရပါတယ်။ Apk လေးကိုရယူပြီး
ပေးထားတဲ့ Information တွေကိုဖြည့်စွက်ကာ Register ပြုလုပ်လို့ရပါပြီ..
အောက်မှာဒေါင်းယူလိုက်ကြပါ..
(All Sim Register apk)
အယောက်တိုင်း အဆင်ပြေနိုင်ကြပါစေ။

ဆရာကြီးဘီလီဂရေဟမ်။ (Billy Graham)
![]() |
Billy Graham နှင့်သားအား သမ္မတ အိုဘားမားမှသွားရောက်တွေ့ဆုံခဲ့စဉ် |
အမေရိကန်နိုင်ငံသား
ဘီလီဂရေဟမ်သည် ကမ္ဘာ့သမိုင်းတွင်ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို လူအများဆုံးတို့ထံသို့ဟောပြောသူ၊
ကြားသိလက်ခံစေသူ အဖြစ် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။ သူ၏ Billy Graham
Evangelistic Association (BGEA) မှထုတ်ပြန်သည့် စာရင်းဇယားအရ နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ
လူသန်းပေါင်း ၂၁၅ သန်းခန့်သည် သူ၏ Ministry နှင့်ထိတွေ့ကာ ၀ိညာဉ်ခွန်အား ရယူနေကြသည်ဟု
ဆိုသည်။ သူ၏အသက်တာတွင် ထောင်နှင့်ချီသော လူတို့အား သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်
လက်ခံယုံကြည်စေရန် ဘုရားသခင်က အသုံးပြုခြင်းခံရသည်။
သူသည် ၁၉၁၈
ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့ မြို့၏လယ်ယာတစ်ခု၌မွေးဖွါးပြီး Wikipedia online Encyclopedia တွင်ဖော်ပြချက်
အရ သမ္မတ ထရူးမင်းမှစ၍ လက်ရှိအမေရိကန်သမ္မတ အိုဘားမားအထိ အမေရိကန် သမ္မတပေါင်း (၁၂) ဦး၏
ဝိညာဉ်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ (Washington
Post, Time
Magazine ) Time Magazine တွင်ဖော်ပြချက်အရ သမ္မတ အိုဘားမားသည် Billy
Graham ထံ သွားရောက်တွေ့ဆုံလည်ပတ်သော ပထမဦးဆုံးသော အမေရိကန်သမ္မတဖြစ်သည်။ Gallup’s
list of admired
people တွင် ၂၀ ရာစုလူသားတို့၏ ကြည်ညိုလေးစား ခြင်း အခံရဆုံး ပုဂ္ဂိုလ် (၁၈)
ဦးတွင် (၇) ယောက်မြောက်ဖြစ်ပြီး ၁၉၉၃ ခုနှစ်အထိ လူ ၂.၅ သန်းသည် သူဟောသည့် တရားဟောစင်
ရှေ့သို့လာရောက်၍ မိမိကိုယ်ကို ယေရှုခရစ်သည် မိမိ၏ကယ်တင်ပိုင်ရှင် သခင်ဖြစ်ကြောင်းကြော်ငြာ၍
ဆက်ကပ်အပ်နှံခဲ့ကြသည်။
တရုတ်နိုင်ငံတွင်
သာသနာပြုလုပ်လျှက်ရှိသည့် ဆရာဝန်လည်းဖြစ်သော မီရှင်နရီ တစ်ဦး၏ သမီးဖြစ်သူ Ruth
McCue Bell နှင့် ၁၉၄၃ ခုနှစ်တွင်လက်ထပ်သည်။ သူတို့တွင်သမီးသုံးယောက် နှင့် သား နှစ်ယောက်
ထွန်းကားသည်။ သူ၏သားတစ်ယောက် ဖြစ်သူ Franklin Graham သည် ဖခင်၏ Billy Graham
Evangelistic Association ကို ဆက်လက်ဦးဆောင်သည်။ မြေး ၁၉ ဦးရှိပြီး မြစ်အမြောက်အများကို
သမ္မာကျမ်းစာသည်ကျွန်တော်တို့ဘ၀အတွက်မည်သို့အရေးပါသနည်း။

"သမ္မာကျမ်းစာမှရရှိသော
အသိဥာဏ်ပညာသည် ကောလိပ်ကျောင်းမှ သင်ယူရရှိသော ပညာရေးထက် ပို၍တန်ဖိုးရှိသည်"
(Theodore Roosevelt, အမေရိကန် သမတ္တဟောင်း)
မိတ်ဆွေရဲ့ဘ၀မှာ
ချစ်ခြင်း၊ နာကျဉ်ခြင်း၊ အပြစ်ရှိခြင်း၊ အထီးကျန်ခြင်း၊ အောင်မြင်ခြင်း တို့နဲ့ပါတ်သက်ပြီး
မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရပါသလား? ဤအရာများ အားလုံးနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာမှာ
အဖြေရှိပါတယ်။
သမ္မာကျမ်းစာသည်
အလင်းဖြစ်သည်
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊ (ဆာ ၁၁၉း ၁၀၅)။
နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏ (ဆာ ၁၁၉း ၁၃၀)။ အလင်းအားဖြင့် သွားရမည့်လမ်း၊ ဦးတည်ရာ ကိုထင်ထင်ရှားရှားတွေ့မြင်စေပါသည်။ သမ္မာကျမ်းစာသည် ကျွန်တော်တို့ကို အလင်းပေးပြီး ဘုရားရှင်၏ အကြံစည်တော် တို့ကို မီးမောင်းထိုးကာ လမ်းမှန်ကို ထင်ရှားစေပါသည်။
သမ္မာကျမ်းစာသည် ကြည့်မှန်ဖြစ်သည်

တရားကိုမကျင့်ဘဲနာရုံမျှသာပြုသောသူမည်
သည်ကား၊ မှန်၌မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊
အခြားသို့သွား၍ မိမိအဆင်းသဏ္ဍန်ကိုချက်ခြင်း မေ့လျော့တတ်၏ (ယာ ၁း ၂၃-၂၄)။
ဘုရားသခင်သည်သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း အလုံးစုံ တို့ကို မိမိကိုယ်ကို မိမိ မှန်တွင်ကြည့် သကဲ့သို့ မြင်၊ သုံးသတ်၊ ပိုင်းခြားနိုင်စေပါသည်။ ကျွန်ုပ်တို့၏ အပြင်ဘန်းသာမက
ဘုရားသခင်သည်သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း အလုံးစုံ တို့ကို မိမိကိုယ်ကို မိမိ မှန်တွင်ကြည့် သကဲ့သို့ မြင်၊ သုံးသတ်၊ ပိုင်းခြားနိုင်စေပါသည်။ ကျွန်ုပ်တို့၏ အပြင်ဘန်းသာမက
ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်းအကျဉ်း။ (အစ္စလမ်)
“ခရစ်ယာန်ယုံကြည်သူတို့ကို အစ္စလမ်ဘာသာဝင် တစ်ယောက်အနေနှင့် နားမလည်နိုင်သည့်အချက်ကတော့ ခရစ်တော်ကို ယုံကြည်လက်ခံလိုက်ရုံနဲ့ အလိုအလျောက် နိဗ္ဗန်ရောက်တယ် ဆိုတဲ့တရားပါဘဲ… အစ္စလမ်ဘာသာကတော့ လူသားများဟာ မိမိတို့ အသီးသီးရဲ့ ယုံကြည်ခြင်းအားသန်မှု၊ အားနည်းမှု၊ ကောင်းသောပြုမူခြင်း၊ ဆိုးသောပြုမူခြင်း နဲ့အကျင့်စရိုက်အားလုံးကို ခြုံငုံထားတဲ့ ဘ၀မှတ်တမ်း အပေါ်မှာ သင့်ရဲ့ကယ်တင်ခြင်းနှင့် ကျဆုံးခြင်းဟာ မူတည်တယ်။ ဘုရားသခင်ဟာ သနားခြင်းမေတ္တာဂရုဏာအားဖြင့် ခွင့်လွှတ်ခြင်းအားကြီး သူဖြစ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်တဲ့ ကောင်းမွန်စွာနေထိုင်ကျင့်ကြံခြင်း ဆိုတဲ့အကျင့်စရိုက်ကို ချိုးဖေါက်သူကိုခွင့်မလွှတ်နိုင်ပါ” - Yahiya Emerick, President of the Islamic Foundation of North America.
သည်တစ်ခေါက်တော့ ကမ္ဘာ့အကြီးဆုံးဘာသာရေး အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ အစ္စလမ် ဘာသာရေးအကြောင်း အကျဉ်းလေ့လာဖို့ခေါ်ဖိတ်လိုပါတယ်။ သူတို့ရဲ့ နောက်ကြောင်းသမိုင်း၊ ယုံကြည်ခြင်း၊ ကျင့်စဉ်တွေကိုအကြမ်းဖျဉ်း သိရှိဖို့ပါ။ သူတို့ကိုလည်း ဘုရားရှင်က ဖန်ဆင်းထားတဲ့ လူသားတွေဘဲ မဟုတ်လား.......
အစ္စလမ်ဘာသာဝင်အရေအတွက်
အကြမ်းအားဖြင့် အစ္စလမ်ဘာသာကိုးကွယ်သူ ( 1.4 to 1.6 billion ) ခန့်ရှိမည်ဟု ခန့်မှန်းရပြီး တိုးတက်နှုန်းအမြန်ဆုံး ဘာသာရေးတစ်ခုလည်း ဖြစ်သည် ဟုဆိုသည်။ အမေရိကန်နိုင်ငံတွင် အစ္စလမ် ဘာသာဝင် (5 to 7 million) ခန့်ရှိမည်ဟုဆိုသည်။
သမိုင်းအကျဉ်း
မိုဟာမက် ( AD 570 – 632) သည် ဤဘာသာကို အဓိကဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။ ယနေ့ ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မက္ကာမြို့ (Mecca) တွင်မွေးဖွါးပြီး ဗက်ဒိုဝင် (Bedouin tribe) အမျိုးအနွယ်မှဖြစ်သည်။ ဖခင်ဆုံးပါးပြီးနောက်ပိုင်း အဖိုးဖြစ်သူ၏ ကြည့်ရှု စောင့်ရှောက် လမ်းညွန်မှုဖြင့်ကြီးပြင်းလာခဲ့သည်။ သူသည် သိုးထိန်း တစ်ယောက်ဖြစ်ပြီး အောင်မြင်သောကုန်သည် တစ်ယောက်လည်းဖြစ်သည်။ မူဆလင်ဘာသာဝင်များက သူ့ကို သန့်ရှင်းသူ ကောင်းကင်ဘုံမှတိုက်ရိုက်ဆင်းလာသူ (သို့) ကောင်းကင်သား (သို့) ကယ်တင်ရှင်အဖြစ်မခံယူ၊ မယုံကြည်ပါ။ သူ့ကို ဘုရားသခင်ထံမှ နောက်ဆုံးအနေဖြင့်ရောက်လာသော တမန်တော်၊ ပရောဖက်အဖြစ်လက်ခံ ယုံကြည်သည်။
အစ္စလမ်(Islam) ဟူသော စကားလုံးသည် အရေဗစ် (Arabic) ဘာသာဖြစ်ပြီး “ဆက်ကပ်အပ်နှံခြင်း” သို့မဟုတ် “မိမိ၏အလိုဆန္ဒအလုံးစုံကိုစွန့်၍ ဘုရားရှင်အားအပ်နှံခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ မူဆလင်
ကျန်တဲ့အခြား ကိုးယောက်ဘယ်မှာလဲ?
ကျေးဇူးတော်ချီးမွမ်းခြင်းဆိုဒါ ယုံကြည်သူခရစ်ယာန်များရဲ့ခရစ်ယာန်အသက်တာမှာ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု (သို့) မဖြစ်မနေပြုလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၆၀၀ ပတ်ဝန်းကျင်ခန့်က မေဖလားဝါးသဘောင်္နဲ့ ဥရောပတိုက်နိုင်ငံ တစ်ခုကနေ အမေရိကန်ကိုရောက်ရှိလာတဲ့ အုပ်စုဟာ ဘုရားရှင်ရဲ့စောင့်ရှောက်မှု၊ လမ်းပြပို့ဆောင်မှု၊ ခက်ခဲကြမ်းတမ်းပြီးဘာဆိုဘာမှ မရှိသေးတဲ့ နယ်မြေသစ်မှာ ဆက်လက် ပြီးအသက်ရှင်နေထိုင်ခွင့်ရရှိမှုတို့ကြောင့် အမေရိကားတိုက်ကို ခြေချပြီး (၂) နှစ်အကြာမှာ ဘုရားရှင်ထံမှာကျေးဇူးတော်ချီးမွမ်း (Thanksgiving) ခဲ့ကြဒါ အားလုံးသိကြပါတယ်။ အဲဒီ ကျေးဇူးတော်ချီးမွမ်းခြင်း (Thanksgiving) ကိုအစွဲပြုပြီး ယနေ့ထိတိုင်အောင် အမေရိကားမှာ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ တတိယအပတ်မှာ Thanksgiving နေ့ကို မိမိတို့မိသားစုအသီးသီးနဲ့ဆင်နွဲကြတယ်ဆိုဒါကိုလည်း အားလုံးသိရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ (၂) နှစ်မတိုင်ခင်ဘယ်လို ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီး၊ အဖွဲ့သားဘယ်နှစ်ယောက် ရဲ့အသက်ဆုံးရှုံးခဲ့ရတယ်ဆိုဒါကိုတော့ လူတော်တော်များများ မသိကြပါဘူး။
သမိုင်းကိုပြန်လေ့လာကြည့်မယ်ဆိုရင် ၁၆၁၀ ပတ်ဝန်းကျင်ခန့်မှာ ပထမဆုံး (Thanksgiving) ကို ဗာဂျီးနီးယား ပြည်နယ်အတွင်းတစ်နေရာမှာ ဥရောပကရောက်လာတဲ့ လူဖြူ အယောက် (၆၀) ခန့်နဲ့ ဒေသခံအင်ဒီးယာန်း တစ်ချို့ စုပေါင်းပြီးပြုလုပ်ခဲ့ကြတယ်ဆိုဒါ ကိုတွေ့ရှိရပါတယ်။ နဲနဲထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် အဲဒီလူဖြူ အယောက် (၆၀)ဟာ ဥရောပတိုက်ကနေ စတင်ရွက်လွင့်ခဲ့စဉ်က (၄၀၉) ယောက်ရှိပါတယ်။ နှစ်အနည်းငယ်ခန့် အတွင်းမှာဘဲ သူတို့ချစ်တဲ့ ညီအစ်ကို၊ မိဘတွေကို ဆုံးရှုံးခဲ့ကြရပါတယ်။ ချစ်ရသူများ ခွဲခွါသွားချိန်မှာ ကျေးဇူးတော်ချီးမွမ်းဖို့ဆိုတာ

ပင်လယ်သေမှသက်သေများ။
အတွေးအခေါ်အယူအဆတစ်ခုဖြစ်စေ၊ ယုံကြည်ကိုးကွယ်ရာဘာသာတစ်ခုဖြစ်စေ၊ လက်ခံ
ကျင့်သုံးသောဥပဒေသတစ်ခုဖြစ်စေ မိမိယုံကြည်သော ကိုးကွယ်သော လက်ခံကျင့်သုံးသော အရာသည်မည်မျှမည်ရွေ့ ခိုင်မာသည်၊ ယုံကြည်လောက်သည် သို့မဟုတ် လက်ခံနိုင် လောက်သည် ဆိုသောအချက်သည် အလွန်အရေးကြီးလှပေသည်။ ထို့အပြင်မိမိ၏ ယုံကြည်ရာကိုးကွယ်ရာသည် ယုံတမ်းစကားသို့မဟုတ် ပုံပြင်လေးတခုမျှအဆင့်
မဟုတ်ဘဲ အမှန်တကယ်ဖြစ်တည်ခဲ့သည့်အရာများဖြစ်သည်ကို တိကျခိုင်မာစွာသိနားလည်ရန်
လည်း အလွန်အရေးကြီးသည်ဟုခံယူမိပါသည်။ သို့ဆိုလျှင် ယနေ့မိမိကိုယ်ကိုခရစ်ယာန်ပါ
ဟု သမုတ်နေသောသူများ မိမိယုံကြည်ပါသည်ဆိုသော လက်ခံကျင့်သုံးပါသည်ဆိုသော သမ္မာကျမ်းစာသည် မည်ရွေ့မည်မျှ မှန်ကန်တိကျသည်ကို စဉ်းစားမိကြပါသလား။
လွန်ခဲ့သောနှစ်ပေါင်းလေးငါးထောင်ခန့်မှစ၍ ယေရှုခရစ်တော်
ကောင်းကင်သို့ ချီဆောင်ခြင်းခံရပြီးနောက်နှစ် ၉ဝ ခန့်
အတွင်းအစ္စရေးလ်နိုင်ငံတွင်ဖြစ်ပျက်သည့်အ
ကောင်းကင်သို့ ချီဆောင်ခြင်းခံရပြီးနောက်နှစ် ၉ဝ ခန့်
အတွင်းအစ္စရေးလ်နိုင်ငံတွင်ဖြစ်ပျက်သည့်အ
Dead Sea Scrolls မှ အပိုင်းအစတစ်ချို့ |
ထူးခြားသည့်အချက်မှာ ထိုရေးသားထားခဲ့သည့် မူလကျမ်းပုရပိုဒ်များသည် အဖြေရှာမရသည့်
ပဟေဠိပုစ္ဆာတခုလို
Tuesday, October 18, 2016
ခွင့်လွတ်ခြင်း။ (The Forgiveness)
နိဒါန်း
ခွင့်လွတ်ခြင်း (forgiveness) ဆိုတာ လူတိုင်း ရှာဖွေ သင့်တဲ့၊ ရှိသင့်တဲ့၊ တောင့်တ
သင့်တဲ့ ပါရမီ(virtue) တစ်ပါးဖြစ် ပါတယ်။ ဒေါသ(anger)ကို သိုမှီးထားခြင်း ဟာ ကိုယ်ခန္ဓာရဲ့
ကျန်းမာ ရေး အတွက် အန္တရယ်ရှိ ရုံမျှမက စိတ်ကိုပါ ထိခိုက်နာ ကျင် စေပါတယ်။ တစ်စုံတစ်
ယောက်သော သူကို ကျွန်ုပ်တို့ဟာ ခွင့်မလွှတ်ဘူး ဆိုရင်၊ သူ့ရဲ့အပြစ်ကိုချည် နှောင် ထားခဲ့မယ်
ဆိုရင် ဒါဟာတစ်ဖက်လူကို ထိခိုက်နာကျင် စေတာမဟုတ်ဘဲ အဆိပ်ကိုကိုယ့်အထဲ မှာသိမ်းထား သလိုဖြစ်ပြီး
ကိုယ့်ကိုယ် ကိုယ်သာနာ ကျင်စေခြင်းဖြစ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကျွန် မတို့ဟာ
တစ်စုံတစ်ယောက် သောသူကို ခွင့်လွှတ် မယ်ဆိုရင် မြွေကိုက် ဒဏ်ရာက အဆိပ် တွေကိုဖေါက် ထုတ်
လိုက်ပစ်သလိုမျိုး၊ ဝေဒနာ ကင်းပြီး၊ ပေါ့ပါးလန်း ဆန်းမှုကို ခံစားရ ပါလိမ့်မယ်။
ခွင့်လွှတ်ခြင်းဆိုတာ။
ခွင့်လွှတ်ခြင်းဆိုတာ။
ခွင့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ့်အပေါ် အပြစ်ကျူးလွန်တဲ့ သူအပေါ်ထားတဲ့ မကျေမချမ်းမှု၊ ဒေါသ၊ အမုန်း၊ မကြိုက်၊မနှစ်သက်တာ၊ ဆန့်ကျင် အတိုက်အခံပြုမှု တွေကိုရပ်စဲခြင်း (ceasing) လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခွင်လွှတ်ခြင်းဆိုတာ အပြစ်လွန်ကျူးသူကို ခွင့်လွှတ်၊ ချမ်းသာပေးခြင်း၊ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးးလိုက်ခြင်း၊ (သို့)အပြစ်တွေကို ကင်းလွတ်ခွင့်ပေး/ လျှော်ပစ် လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်နဲ့ (သို့) အခြားသူများနဲ့ မိမိရဲ့ ကောင်းမွန်တဲ့ ဆက်သွယ်/ ဆက်ဆံရေးကို ပြန်လည် ထိန်းသိမ်း လိုက်ခြင်း၊ နဂိုအတိုင်း ပြန်ဖြစ်လာ စေခြင်းပဲဖြစ် ပါတယ်။ ခွင့်လွှတ်ခြင်း ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယခင်ကရှိနေတဲ့ ဆက်ဆံရေး အခြေအနေမျိုးကို နဂိုအတိုင်း ပြန် လည်ရောက်ရှိ စေခြင်းဖြစ် ပါတယ်။
ခွင့်လွှတ်ခြင်းဆိုင်ရာကျမ်းသဘောအမြင်
သမ္မာကျမ်းစာ အရကတော့ ခွင့်လွှတ်ခြင်းကို မူလအစ ပထမပြုသူက ထာဝရဘုရား သခင် ပဲဖြစ်ပါတယ်။
သူ့ရဲ့မျက် မှောက်တော်က နေလူသားတွေကို ကွဲကွာသွားစေတဲ့ အနှောက် အယှက်၊ အတား အဆီးများ
“အသင်းတော်အတွက် “အ” လေးလုံးဆန်းစစ်နည်း”
(SWOT
Analysis for Local Church)
အသင်းတော်၏ အားသာချက် (Strength)၊ အားနည်းချက် (Weakness)၊ အခွင့်အလမ်း (Opportunities) နှင့်အတား အဆီး (Threat) တို့အား စနစ်တကျ ဆန်းစစ်သောနည်းကို (SWOT Analysis) ဟုခေါ်ပါသည်။ ဤနည်းအားဖြင့် အသင်းတော်၏ ရူပါရုံနှင့် ရည်ရွယ်ချက်များကို အောင်မြင်တိုးတက်စေသော အဓိကအကြောင်းတရားများအား ဖော်ထုတ်နိုင်ပါသည်။ အသင်းတော်လုပ်ငန်းများကို ကျဆင်းစေသော အသင်းတော်အတွင်းရှိ အားနည်းချက်များကို တွေ့မြင်လာကြလိမ့်မည်။ ပြင်ပဝန်းကျင်သည် အသင်းတော်အတွက်
မည်သည့်အခွင့်အလမ်းများကိုပေး၍ မည်သည့်အတားအဆီးများဖြင့် ကာဆီးထားကြောင်း တွေ့မြင်လာကြလိမ့်မည်။ ပြဿနာများကို ဖြေရှင်းရန်လိုအပ်သော သတင်းအချက်အလက်များကို ရရှိပါသည်။
ယေရှုခရစ်နှင့် “အ” လေးလုံး
(က) သခင်ယေရှု (၃) နှစ်ခန့် အမှုတော်ဆောင်နေစဉ်အားသာချက်ရှိသူများကို ချီးမွမ်းခဲ့ပါသည်။ ဗျာဒိတ်ကျမ်းတွင် ခရစ်တော် သည် အသင်းတော်များ၏အားသာချက်များ (Strengths) များကိုချီးကျူးခဲ့သည် (ဗျာ၂း၂-၃၊ ၁၂း၁၃)။
(ခ) လူတို့၏အားနည်းချက်များကို သခင်ယေရှုထောက်ပြကြောင်းခရစ်ဝင်ကျမ်းများ၌ တွေ့ရပါသည် (မာကု ၁၀း၂၁)။ ဗျာဒိတ်ကျမ်းတွင်အသင်းတော်များ၏ အားနည်းချက်များ (Weaknesses) ကိုဝေဖန်ထောက်ပြခဲ့ပါသည်။ (ဗျာ၂း၎၊ ၃း၁၆)
(ဂ) သခင်ယေရှုသည် အလုပ်လုပ်ရန် အခွင့်အလမ်းများ (Opportunities) ကိုမြင်တတ်ပါသည် (ယော၉း၁-၄)။ တပည့်တော် များလည်းအမှုတော်ဆောင်ရန် အခွင့်အလမ်းများကိုမြင်တတ်ဖို့ကိုယ်တော်

Subscribe to:
Posts (Atom)